ကော်သူလေးတပ်မတော်နှင့်ပူးပေါင်းခဲ့သော VENOM စစ်ကြောင်းက ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကြောင်းတစ်ခုလုံး ပူးပေါင်း
ရန်ကုန်၊ ဧပြီ ၉
ဗိုလ်မှူးချုပ် နယ်ဒါးမြ ဦးဆောင်သော KAWTHOOLEI ARMY (ကရင့်ပြည်သူ့ တပ်မတော်)တွင် စစ်ကြောင်းတစ်ခုအဖြစ် ပူးပေါင်းခဲ့သော Venom စစ် ကြောင်း က ဗိုလ်ဒါဘော ဦးဆောင်သော ကော်ဘရာစစ်ကြောင်းနှင့် စစ် ကြောင်း တစ်ခုလုံးပူးပေါင်းလိုက်ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်း ထုတ်ပြန်သည်။
၂၀၂၂ ခုနှစ် KAWTHOOLEI ARMY တွင် ပါဝင်ခဲ့သော Venom ကွန်မန်ဒို စစ်ကြောင်းသည် ၂၀၂၃ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ကော်ဘရာစစ် ကြောင်း နှင့် ပူးပေါင်းလိုက်ပြီး စစ်ကြောင်း တစ်ကြောင်းလုံးသည် Cobra စစ်ကြောင်း ထံသို့ ရောက်ရှိသွားခြင်းဖြစ်ကြောင်း၊ ထိုသို့ ပူးပေါင်းမှုကြောင့် ကော်ဘရာ စစ်ကြောင်း ၏ဖွဲ့စည်းပုံကို စစ်ကြောင်း ၁ နှင့် စစ်ကြောင်း ၂ ဟူ၍ ပြန်လည် ဖွဲ့စည်းလိုက်ပြီး ကော်ဘရာစစ်ဆင်ရေးမှူး – ဗိုလ်ဒါဘော၊ စစ် ကြောင်း ၁ စစ် ကြောင်းမှူး – ဗိုလ်စောကော်၊ စစ်ကြောင်း ၁ ဒုစစ်ကြောင်း မှူး – ဗိုလ်တွံတေး (ခ) စောဘလူ့ဒို့ ၊စစ်ကြောင်း ၂ စစ်ကြောင်းမှူး – ဗိုလ်စော ဝင်း မြင့်၊ စစ် ကြောင်း ၂ ဒုစစ်ကြောင်းမှူး – ဗိုလ်စောငြိမ်းချမ်းဝင်း တို့ပါဝင် ကြောင်း သိရှိရ သည်။
VENOM စစ်ကြောင်းသည် ယခင်က KNDO အထူးကွန်မန်ဒိုတပ်ရင်း၊ Venom စစ်ကြောင်းတစ်ခုအဖြစ် ရပ်တည်ခဲ့သော စစ်ကြောင်းလည်းဖြစ်သည်။