ကန့်ဘလူတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြသော အရပ်သားပြည်သူ ၁၆၀ ကျော်နှင့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် ဆန္ဒပြ ချီတက်
ရန်ကုန်၊ ဧပြီ ၁၄
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနေ ကလေး၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင် အပါအဝင် အပြစ်မဲ့ကျေးရွာသား (၁၆၀)ကျော်ခန့် အပြစ်မဲ့သေဆုံးသွားခဲ့ခြင်းအတွက် မင်းအောင်လှိုင်နှင့်စစ်မိစ္ဆာတို့၏စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသောလုပ်ရပ်များကို အပြင်းအထန်ရှုံ့ချသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ယနေ့ ချီတက် ဆန္ဒပြကြသည်။
နိုင်ငံတကာအနေဖြင့် မင်းအောင်လှိုင်နှင့်စစ်မိစ္ဆာများအပေါ် အကြမ်းဖက် လူသတ်ကောင် များအဖြစ်တညီတညွတ်တည်း သတ်မှတ်ရန်၊ NUG အစိုးရအားပြည်သူတင်မြောက်သော တရားဝင်အစိုးရအဖြစ်အတိအလင်းလက်ခံအသိအမှတ်ပြုနိုင်ရန်၊ အစိုးရအချင်းချင်းမှ အစိုးရအချင်းချင်းသို့ တိုက်ရိုက်အကူအညီပေးမှုများ အလျင်မြန်ဆုံးလုပ်ဆောင်ရန်၊ အကြမ်း ဖက်စစ်တပ်အား လေယာဉ်ဆီများရောင်းချနေခြင်းကိုပိတ်ပင်ရန်၊ မြန်မာပြည် တွင်း စစ်ရာဇ ဝတ်မှုများကျုးလွန်နေသူများကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) သို့လွှဲပြောင်းပေးရန်၊ အစရှိသဖြင့် မြန်မာပြည်သူများအတွက်အရေးတကြီးတောင်းဆို ဆန္ဒပြဖော်ထုတ်ကြသည်။
ဓာတ်ပုံ- Kyaw Soe Latt