ငါန်းဇွန်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၁၄
မန္တလေး၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အင်အား ငါန်းဇွန် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၁၂ ရက်နေ့ ငါန်းဇွန်-ငါန်းမြာ လမ်းပိုင်းတွင် သွားလာ နေသည့် စစ်ကား ၁ စီးကို သားကျင်ရွာနှင့်
နတ်ကြီးရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
“သေသွားတဲ့ စစ်ခွေး ၄ ကောင်ကို ငါန်းမြာကြီးရွာစာသင်ကျောင်း အတွင်းမှာ မြှုပ်ထားခဲ့တယ်လို့ သိရတယ်။ ထိခိုက် ဒဏ်ရာရတဲ့ စစ်ခွေး ၁ ကောင်ကို ငါန်းမြာဆေးရုံတွင် ကုသနေတယ်လို့ သိရတယ်” ဟု အင်အား ငါန်းဇွန် အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့အင်အား ငါန်းဇွန်၊ မြင်းခြံခရိုင် တပ်ရင်း အမှတ် ၆ special task force (ငါန်းဇွန်)နှင့် စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် ၄ Mspdf တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ယင်း တိုက်ခိုက်မှုကို မြင်းခြံ မြို့နယ် ပကဖ ၂၇ မှ ချပေးထားသော မိုင်းများဖြင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။