25.1 C
Yangon

ဒက္ခိဏသီရိမြို့နယ်၊ နိုင်ငံတော် ဧည့်ဂေဟာ ရဲစခန်းအနီးရှိ ဓာတ်အားခွဲရုံ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး ဂေဟာဝန်း တစ်ခုလုံး မီးပျက်နေ

Must read

ဒက္ခိဏသီရိမြို့နယ်၊ နိုင်ငံတော် ဧည့်ဂေဟာ ရဲစခန်းအနီးရှိ ဓာတ်အားခွဲရုံ ဖောက်ခွဲ တိုက်ခိုက်ခံရပြီး ဂေဟာဝန်း တစ်ခုလုံး မီးပျက်နေ

ရန်ကုန်၊ ဧပြီ ၁၄

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ နိုင်ငံတော် ဧည့်ဂေဟာ ရဲစခန်းအနီးရှိ ဓာတ်အားခွဲရုံကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း စစ်တောင်း မြို့ပြ ပြောက်ကျားအဖွဲ့ (နေပြည် တော်)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၁၄ ရက်နေ့ ည ၇ နာရီ ၅ မိနစ်ခန့်တွင် ဒက္ခိဏသီရိမြို့နယ်၊ နိုင်ငံတော် ဧည့်ဂေဟာ ရဲစခန်းအနီးရှိ ဓာတ်အားခွဲရုံကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ထရန်စဖော်မာများ ပျက်စီးကာ နိုင်ငံတော် ဧည့်ဂေဟာ ၀န်းတစ်ခုလုံး မီးပျက်နေကြောင်း သိရသည်။

အဆိုပါ ဓာတ်အားခွဲရုံသည် နိုင်ငံတော် ဧည့်ဂေဟာထဲရှိ ရုရှားသံတမန်၊ ရုရှား စစ်ဘက် လေယာဥ်မောင်းသင်နည်းပြများ နေထိုင်သည့် MICC-1 အဆောက်အ‌ဦးနှင့် အကြမ်းဖက် စစ်တပ် ထောက်ခံသည့် အနုပညာရှင်များ တည်းခိုသည့် ဟိုတယ်များကို ဓာတ်အား ပို့လွှတ်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဒက္ခိဏသီရိမြို့နယ်ထဲမှာ ရှိတဲ့ နိုင်ငံတော် ဧည့်ဂေဟာထဲမှာက MICC-1 အဆောက်အ‌ဦးမှာ ရုရှားသံတမန်၊ ရုရှား စစ်ဘက် လေယာဉ်မောင်းသင်နည်းပြတွေနေတာ နောက်ပြီး စစ်ခွေး ဘောမ အနုပညာရှင်တွေ တည်းခိုတဲ့ ဟိုတယ်တွေကို ပို့လွှတ်တဲ့ နိုင်ငံတော်ဧည့်ဂေဟာ ရဲစခန်းအနီးက ဓာတ်အားခွဲရုံကို ဒီနေ့ ည ၇ နာရီ ၅ မိနစ်ခန့်က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်။ ဓါတ်အားခွဲရုံ ထရန်စဖော်မာတွေ ပျက်စီးသွားပြီး နိုင်ငံတော်ဧည့်ဂေဟာတစ်၀န်းလုံး မီးချက်ချင်း ပျက်သွားတယ်လို့ သိရတယ်” ဟု စစ်တောင်း မြို့ပြ ပြောက်ကျားအဖွဲ့ (နေပြည် တော်)မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article