25 C
Yangon

မြ၀တီမြို့နယ်တွင် ၂ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၄ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ၊ PDF ၂ ဦး ကျဆုံး

Must read

မြ၀တီမြို့နယ်တွင် ၂ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၄ ဦးသေဆုံးပြီး လက်နက်များ သိမ်းဆည်းရမိ၊ PDF ၂ ဦး ကျဆုံး

ရန်ကုန်၊ ဧပြီ ၁၉

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မဲကနယ်ကျေးရွာအနီးတွင် ၂ ရက်တာတိုက်ပွဲအတွင်း စစ်တပ် ဘက်မှ ၂၄ ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းရမိကြောင်း ကော်ဘရာစစ်ကြောင်းက တရား ဝင် သတင်းထုတ်ပြန်သည်။

ဧပြီ ၁၈ ရက်နေ့ နံနက်ပိုင်း မဲကနယ်ကျေးရွာအနီး ကျော်မိုင်းဒေသတွင် စစ်တပ်က လက်နက်ကြီး ပစ်ကူဖြင့် စစ်ကြောင်းထိုးတက်လာကြောင်း၊ ယင်းနောက် ကော်ဘရာ အပါအဝင် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာ ရခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၄၀ မမ ၁ လက်၊ အေကေ ၁ လက် အား သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်တပ်က လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခြင်းကြောင့် တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့ဘက်မှ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ သိရှိရသည်

ဧပြီလ ၁၉ ရက်နေ့ နံနက်အစောပိုင်း မဲကနယ်ကျေးရွာအနီး ကျောက်မိုင်းဒေသတွင်ပင် လက်နက် ကြီးများဖြင့် ပစ်ခတ်ပြီး စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးတက်လာရာ နယ်မြေလုံခြုံရေး ယူထားသော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် နံနက် ၆ နာရီတွင် စတင် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏လက်နက်များ သိမ်းဆည်းရရှိမှုအနေဖြင့် MA 1 ၁ လက်၊ MA 2 ၁ လက်၊ MA 3 ၁ လက်၊ နာတိုပြောင်း ၁ လက်၊ ၆၀ မမ ကွန်မန်ဒိုပြောင်း ၁ လက်၊ ၆၀ မမ ပြောင်းရှည် ၁ လက်၊ နာတိုကျည် (၅၂၀)တောင့်၊ နာတိုကျည်ကြိုး (၁၂)ကြိုး၊ ကပစကျည် (၁၅၀၀)တောင့်၊ အေကေကျည် (၁၄၀)တောင့်၊ 60mm (၂၃)လုံး၊ အီနာဂါ (၁၈)လုံး၊ အီနာဂါပို့ကျည် (၂၀)တောင့်၊ 40mm (၃၉)လုံး၊ အမ်အေကျည်ဘောက် (၁၉)ဘောက်၊ အေကေကျည်ဘောက် (၁)ဘောက်၊ နင်းမိုင်း (၇)လုံး၊ လက်ပစ် ဗုံး (၂) လုံး အား သိမ်းဆည်းရမိခဲ့သကြောင်း ၊ ယနေ့ နံနက် ၈နာရီခွဲမှစ၍ စစ်တပ်က လက်နက် ကြီးများနှင့် လေကြောင်းအသုံးပြုကာ ၅ ကြိမ်ထက်မနည်းတိုက်ခိုက်ခဲ့သဖြင့် ကော်ဘရာ စစ် ကြောင်းမှ ရဲဘော် (၁)ဦး မြင့်မြတ်စွာကျဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ဆင်ရေး တိုက်ပွဲများတွင် တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း(၁)၊ ကော်ဘရာ စစ်ကြောင်း(၂)၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings၊ Golden Eagle၊ ရောင်နီ စသည်တို့ ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အကြမ်းဖက်စစ်ကောင်စီ၏ ခလရ၂၇၅၊ ခမရ ၃၅၅၊ ခလရ၁၀၂၊ မ(၂)၊ ခလရ(၂၀၇)၊ BGF(၁၀၁၉)တပ်ရင်း တို့အား ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article