30 C
Yangon

KNLA တပ်မဟာ ၅ ထံ စစ်သား ၄ ဦး လက်နက် အပြည့်အစုံဖြင့် အလင်းဝင်

Must read

KNLA တပ်မဟာ ၅ ထံ စစ်သား ၄ ဦး လက်နက် အပြည့်အစုံဖြင့် အလင်းဝင်

ရန်ကုန်၊ ဧပြီ ၁၉

ကရင်ပြည်နယ်ရှိ KNLA-အမှတ် ၅ တပ်မဟာထံ အကြမ်းဖက် စစ်တပ် မှ စစ်သား ၄ ဦး လက်နက် အပြည့်အစုံဖြင့် လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဥ်က ထုတ်ပြန်ထားသည်။

ဧပြီလ ၁၀ ရက်၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ် ခမရ ၃၄၁ မှ တပ်သား ၄ ဦးဖြစ်သည့် မောင်တိုးတိုး ၂၈ နှစ်၊ အောင်ပိုင်ဖြိုး ၂၃ နှစ်၊ ရဲထက်ကျော် ၂၁ နှစ်နှင့် ချိုလွင်ဉီး ၃၀ နှစ်တို့သည် အကြမ်းဖက် စစ်တပ်၏ ရှေ့တန်းတပ်စခန်း တစ်ခုဖြစ်သည့် လယ်တိုးစခန်းမှ MA-1 သေနတ် ၄ လက်၊ ကျည်ဆံအပြည့်ပါ ကျည်ဘောက် ၁၆ ချပ်၊ လက်ပစ်ဗုံး ၂ လုံးနှင့် ခွင်းဗုံး ၁ လုံး ယူဆောင်လာကာ လက်နက်ချအလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်သား ၄ ဦးသည် အကြမ်းဖက် စစ်တပ်၏ ရှေ့တန်း စခန်းတွင် တာဝန်ထမ်းဆောင်စဥ် အတွင်း အထက် ခေါင်းဆောင်များ၏ နိုင်ထက်စီးနင်းဆက်ဆံမှုများ၊ အထက်ခေါင်းဆောင်များ ဝဝလင်လင်စားနေရချိန်တွင် အောက်လက်ငယ်သားများမှာ မဝရေစာဖြင့် နေ့စဥ် စားသုံးနေရမှု အပေါ် ကျေနပ်မှု မရှိသောကြောင့် KNLA-အမှတ် ၅ တပ်မဟာထံ လက်နက်ချအလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း စစ်သား ၄ ဦးထံ ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်သား ၄ ဦးသည် KNLA-အမှတ် ၅ တပ်မဟာလက်အောက်ရှိ တပ်သားများနှင့် အတူလက်တွဲကာ အကြမ်းဖက် စစ်တပ်ကို တန်ပြန် တိုက်ခိုက်သွားရန်အာသီဆန္ဒရှိကြောင်း ပြောဆိုခဲ့သည်ဟု ကေအဲန်ယူ-မူတြော်ကထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article