Khit Thit သတင်းဌာန၏ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ မြန်မာမွတ်စလင်မ် အစ္စလာမ် ဘာသာတွေအနေနဲ့ ဝါကျွတ်အီးဒ် ပွဲတော်မှာ ဘာသာရေးပြဌာန်းချက်တွေကလွဲပြီး အခြား အခြားသော ပျော်ပွဲရွှင်ပွဲ တွေကို လုံးဝ လုံးဝ မကျင်းပစေ လိုတဲ့အကြောင်း မြန်မာမွတ်စလင် အစ္စလာမ် ဘာသာဝင် နိုင်ငံရေး အကျဉ်း သားတွေကနေ သဘောထားထုတ်ပြန်လိုက်ပါတယ်။
-မြန်မာနိုင်ငံမှာ အခု နွေရာသီကာလ အပူချိန်တွေ မြင့်တက်နေသလို လက်ရှိ အခြေအနေအရ ရန်ကုန် အပါအဝင် မြို့ကြီးတွေမှာ လျှပ်စစ်မီးကို အချိန်အနည်းငယ်သာပေးနိုင်မှာဖြစ်ပြီး ၊ မီးပြတ်ချိန် ပိုမိုများပြားလာမယ်လို့ နေပြည် တော် လျှပ်စစ်ဝန်ကြီးဌာနရဲ့ အမည်မဖော်လိုတဲ့ အရာရှိတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
– ထိုင်းဒုဝန်ကြီးချုပ် နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ တို့ဟာ နေပြည်တော်ကို နေ့ချင်းပြန် လာမှာဖြစ် တယ်လို့ စစ်ကောင်စီ သတင်းရပ်ကွက်ဆီကနေ သိရပါတယ်။
-ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရဲ ၁ ဦး ကို အရှင်ဖမ်းမိထား တဲ့အပြင် ၊ စစ်ကောင်စီတပ်သား ၁ ဦးလည်း လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတာကြောင့် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။