31 C
Yangon

ရွှေဘို၊ ကျားရွာကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရွှေဘို၊ ကျားရွာကို စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဧပြီ ၂၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားရွာကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ရွှေဘိုမြို့နယ်၊ ကျားရွာကို အင်အားအလုံးဖြင့် စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ဒေသခံ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင် လျက်ရှိကြောင်း သိရသည်။

” နံနက်ခင်း ရွှေဘို စစ်ကောင်စီ လေ့ကျင့်ရေး တပ်ကနေ ထွက်လာတဲ့ စစ်ခွေးကောင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေ ကျားရွာ(တောင်)ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ မိုင်းတစ်လုံး မိတယ်လို့လည်းကြားတယ်။ ထိပ်တိုက် ပစ်ကြတာတွေလည်းရှိတယ်။ ထိခိုက် သေဆုံးမှု အခြေအနေတော့ မကြားရသေးဘူး။ စစ်ခွေးတွေက အထိနာလို့ ရွာကို အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုး စီးနင်းတာလို့ သိရတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

ကျားရွာသည် ကျားရွာတောင်ရွာ၊ ကျားရွာမြောက်ရွာ ဟူ၍ ၂ ရွာရှိပြီး အိမ်ခြေ ၁၅၀၀ ကျော်ရှိကာ လူဦးရေ ထောင်နှင့်ချီပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ထို့ပြင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ကျားရွာကို မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇၀၀ နီးပါး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း စစ်တပ် စစ်ကြောင်း စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင် နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article