မကွေး၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ် နှင့် စစ်တပ်၏ ဓာတ်အား ခွဲရုံ ကို ဖောက်ခွဲတိုက်ခိုက်
ရန်ကုန်၊ ဧပြီ ၂၃
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ် နှင့် တညောင် ဓာတ်အား ခွဲရုံ ကို မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Black Hawk Seikphyu Revolution Front တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ဆိပ်ဖြူမြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ ဆိပ်ဖြူ၊ ပေါက်၊ ပခုက္ကူ၊ ဆော မြို့နယ် ဆုံရွာလမ်းဆုံစစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးတစ်လုံးကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၅ ဦးခန့်ထိခိုက် ဒဏ် ရာ ရရှိပြီး အနီးအနားရှိ ဘုန်းကြီးကားတစ်စီးကို ချောဆွဲကာ ဆိပ်ဖြူမြို့သို့ သယ် ဆောင်သွားကြောင်း သိရသည်။
“အဲဂိတ်မှာက စစ်ခွေးအင်အားက ၃၀ လောက်ရှိမယ်၊ ဒရုန်းနဲ့ ဗုံးသီးတစ် လုံး ချခဲ့တာ၊ ထိခိုက်ဒဏ်ရာတဲ့ စစ်ခွေးတွေကို အနီးအနားမှာရှိတဲ့ ဘုန်းကြီးကား တစ်စီးကို ချောဆွဲပြီး သယ်သွားတယ်လို့ သတင်းရပါတယ်၊ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲတော့ မဖြစ်ခဲ့ဖူး၊ ကျနော်တို့မှာက မောင်းပြန်သေနတ်ဆိုရင် တစ်လက် မှ မရှိ တော့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ရမယ့်ဟာမျိုးဆိုရင်ရှောင်ရတယ်” ဟု Black Hawk Seikphyu Revolution Front တပ်ဖွဲ့မှ တာဝန်ရှိသူက ဆက် ပြောသည်။
အလားတူ ယမန်နေ့ ဧပြီလ ၂၂ ရက် ည ၉ နာရီခန့်က အကြမ်းဖက်စစ်တပ်က ကပစ ၂၁ ၊ ကပစ ၂၂ ၊ ဝါဇီစက်ရုံတို့ကို လျှပ်စစ်ဓာတ်အားပေးနေသော ဆိပ်ဖြူမြို့နယ် အဆုံး၊ စလင်းမြို့နယ်အစပ်ရှိ တညောင် ဓာတ်အားခွဲရုံကို မိုင်း ၃ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထရန်စဖော်မာတစ်လုံးပျက်စီးခဲ့ကြောင်း သိရ သည်။
အဆိုပါဖောက်ခွဲတိုက်ခိုက်မှုများကို သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေး တပ် ဦး- Black Hawk Seikphyu Revolution Front နှင့် OAK AWE UG (စလေ)တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။