ဖယ်ခုံမြို့နယ် တိုက်ပွဲတွင် စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင်၂၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအများ အပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ ဧပြီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မြောက်စလုံးကျေး ရွာတိုက်ပွဲ၌ စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး တစ်ဦးအပါအ ဝင်၂၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း KNDF သတင်းရင်းမြစ်နှင့် ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရှိရသည်။
ယမန်နေ့ ဧပြီလ ၂၄ ရက်နေ့က ဖယ်ခုံမြို့နှင့် ပင်လောင်းမြို့ ကြား မြောက်စလုံး ကျေးရွာ၌ တပ်စွဲထား သော စကခ ၂ လက်အောက်ခံ ရှမ်းပြည်အခြေစိုက် အကြမ်းဖက်စစ်သားများကို ကရင်နီပူးပေါင်း စစ် ကြောင်းမှ ဝင်ရောက်တိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြား သေဆုံး ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စစ်တပ်ဘက်က သေတဲ့အထဲမှာ ဒုတပ်ရင်းမှူး တစ်ယောက်ပါတယ်၊ ခလရ ၂၄၇ တစ်ကြောင်းနဲ့ ခလရ ၂၄၈ စစ်ကြောင်း ၂ ကြောင်းနဲ့ တိုက်ပွဲဖြစ်တာ၊စကခ ၂ လက်အောက်ခံစစ် ကြောင်းတွေပဲ၊ ၂၀ ကျော်သေတာတော့ ပြောလို့ရတယ်၊ အတိ အကျကတော့ မသိရသေးဘူး၊ နယ်မြေရှင်းလင်းရေး လုပ်နေတုန်းမို့” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါတိုက်ခိုက်မှုကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF နှင့် ကရင်နီ တပ်မတော် KA တပ်ရင်း – ၅ အပါ အဝင် ကရင်နီပူးပေါင်းတပ်တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KNDF တပ်ရင်း ၁၁ မှ ရဲဘော် တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။