34 C
Yangon

ဘန်ကီမွန်းနှင့် မင်းအောင်လှိုင်တွေ့ဆုံမှု နိုင်ငံတကာဇတ်ခုံတွင် လူမိုက်ကို ပွဲထုတ်မှုဖြစ်၍ ကန့်ကွက်ရှုတ်ချသင့်ပြီး စစ်ကောင်စီကို အပြစ်ပေး အရေး ယူရန် NUG သမ္မတ တိုက်တွန်း

Must read

ဘန်ကီမွန်းနှင့် မင်းအောင်လှိုင်တွေ့ဆုံမှု နိုင်ငံတကာဇတ်ခုံတွင် လူမိုက်ကို ပွဲထုတ်မှုဖြစ်၍ ကန့်ကွက်ရှုတ်ချသင့်ပြီး စစ်ကောင်စီကို အပြစ်ပေး အရေး ယူရန် NUG သမ္မတ တိုက်တွန်း

ရန်ကုန်၊ ဧပြီ ၂၅

အကြမ်းဖက်မင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် ဟောင်း ဘန်ကီမွန်းသည် နေပြည် တော် လာရောက်၍ မင်းအောင်လှိုင်ကို တွေ့ဆုံမှုသည် နိုင်ငံတကာဇတ်ခုံတွင် လူမိုက်ကို ပွဲထုတ်မှုဖြစ်၍ ကန့်ကွက် ရှုတ်ချပြီး စစ်ကောင်စီကို အပြစ်အပေးအရေးယူခြင်းဖြင့် အထီးကျန်အောင် လုပ်ဆောင်ရန် NUG သမ္မတ ဒူဝါလရှီးက ပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၆ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြုလုပ် ခဲ့ပြီး ယင်းအစည်းအဝေးတွင် သမ္မတက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ အဆိုပါ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

“ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းနဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံတဲ့ အကြောင်းနဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ မူအားဖြင့် ကန့်ကွက် ရှုတ်ချသင့်တယ်လို့ မြင်ပါတယ်။ အကြောင်းကတော့ ပြည်သူလူထုရဲ့ အသက် အိုးအိမ်စည်းစိမ်ကို လက် လွတ်စပယ် သတ်ဖြတ်ညှင်းဆဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာ ဇာတ်ခုံမှာ လူမိုက်ကို ပွဲထုတ်နေတယ်လို့ ယူဆပါတယ်။ ဒါဟာ ကျင့်ဝတ် အားဖြင့် မလျော်ကန်တဲ့ ကိစ္စလို့လည်း ယူဆပါတယ်။ နိုင်ငံတကာအစု အဖွဲ့ကိုယ်စားလှယ်တွေဟာ အကြမ်းဖက် စစ်ကောင်စီကို ယဉ်ကျေးအောင် ချော့မြူနိုင်ဖို့ ကြိုးစားနေဟန်ရှိပါတယ်။ ယခင် စစ်အစိုးရ အဆက်ဆက် မှာလည်း ဒီလို ပုံသေနည်းနဲ့ ချည်းကပ်ခဲ့လို့၊ ကျွန်တော်တို့ နိုင်ငံမှာ စစ်အာဏာ ရှင်ဟာ သက်ဆိုးရှည်နေခဲ့တာ တွေ့ရတယ်။ အခုလည်း စစ် အာဏာ သိမ်းမှုနဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတဲ့ စစ်အာဏာာရှင်တွေကို သက်ဆိုးရှည်အောင် / အသက်ရှုပေါက်ချောင်အောင် လုပ်နေတယ်လို့ ယူဆပါတယ်။ အကြမ်းဖက် မင်းအောင်လှိုင်နှင့် စစ်အုပ်စုဟာ နေ့စဥ်နဲ့အမျှ အပြစ်မဲ့ပြည်သူများကို ရက်စက် စွာ သတ်ဖြတ်နေတယ်၊ ဒီလုပ်ရပ်တွေကို အမြန်ဆုံးရပ်တန့်နိုင်အောင် မင်းအောင် လှိုင်နှင့် စစ်အုပ်စုကို အပြစ်ပေးအရေးယူပြီး အထီးကျန်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု သမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

ထို့ပြင် NUG အစိုးရအဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာမျက်နှာစာတွင် တိုးမဝင်နိုင် ရေး သံခင်းတမန်ခင်းစွမ်းရည်ကို သုံးပြီး ဆက်လက်ကြိုးစားကြရန်၊ နေ့စဉ် သတ်ဖြတ် ညှင်းဆဲခံနေရသည့် ပြည်သူများ၏ဘဝကို အမြဲ သတိရအောက်မေ့ပြီး နိုင်ငံတကာအသိုင်းအဝန်း တစ်ခုလုံး နားလည်သဘောပေါက်စေရေး ကြိုးစားကြရန်၊ နိုင်ငံတကာ၏ ကြားဝင် ဖျန်ဖြေမှုများသည် အပြုသဘောဆောင်သည်ဟု ယူဆရ၍ ရသော် လည်းစစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်နေသည့် အပြုအမူများကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း သမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article