31 C
Yangon

ချင်းပြည်နယ်၊ ထန်တလန်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့်CDM ကျောင်းဆရာမနှင့် ပြည်သူ ၁ ဦးကို ညတွင်းချင်း သင်္ဂြိုလ်

Must read

ချင်းပြည်နယ်၊ ထန်တလန်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့်CDM ကျောင်းဆရာမနှင့် ပြည်သူ ၁ ဦးကို ညတွင်းချင်း သင်္ဂြိုလ်

ရန်ကုန်၊ ဧပြီ ၂၈

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် စစ်ကောင်စီရဲ့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ တလန်လိုရွာသား ၂ ဦးကို ရွာသားတွေက ယမန်နေ့ ညတွင်းချင်း သင်္ဂြိုလ်ခဲ့ကြတယ်လို့သိရပါတယ်။

ဧပြီ ၂၇ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မူကြောင့် တလန်လိုရွာက CDM ပြုလုပ်တဲ့ ကျောင်းဆရာမ ဒေါ်နီဒိမ်နဲ့ ဦးဟရမ်ကျဲအို တို့ ၂ဦး သေဆုံးခဲ့ပြီး အဲ့ဒီနေ့ညမှာပဲ သင်္ဂြိုလ်ခဲ့ကြတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိ၊စစ်ရေးပစ်မှတ်လည်းမဟုတ်တဲ့ ပြည်သူတွေနေထိုင်ရာ တလန်လိုရွာ ကို ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူနှစ်ဦးသေဆုံးပြီး ကလေးသုံးဦးအပါအဝင် ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ယနေ့ ဧပြီ ၂၇ရက်၊ ညနေပိုင်း ၃နာရီခွဲအချိန်ခန့်တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ထလန်လိုကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး CDM ပြုလုပ်တဲ့ ကျောင်းဆရာမ ဒေါ်နီဒိမ်နဲ့ ဦးဟရမ်ကျဲအို တို့ ၂ဦး သေဆုံးသွာကြပါတယ်။

ကျေးရွာအတွင်း လူနေထိုင်သည့်နေရာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခြင်းဖြစ်ပြီး အရပ်သား ၂ဦး သေဆုံးသည့်အပြင် အသက်မပြည့်သေးတဲ့ ကလေး ၃ဦး အပါအ၀င် ပြည်သူ ၈ဦး ဒဏ်ရာရရှိကြပါတယ်။

ဒဏ်ရာရရှိတဲ့ပြည်သူတွေဟာ ဒေါ်နီနူ (၅၇နှစ်)၊ဒေါ် ငွန်သိန်း (၅၂နှစ်)၊ ဦးရွာလ်လှဲန် (၆၂နှစ်)၊ ဦးဆပ်အဲန်ထန်း (၂၇နှစ်)၊ မောင်ရိုခါရ် (၁၁နှစ်)၊ မောင်မန်ဘွေဆန် (၁၀နှစ်)၊ဒေါ်ထာလှေဒိမ် (၃၇နှစ်) ၊ မောင်ဘွေကျုံးနူံးဆန် (၅နှစ်) တို့ဖြစ်တယ်လို့ Chin Journal ကဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ချင်းပြည်နယ်မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ကျေးရွာတွေကို လေကြောင်းကနေပစ်ခတ်တိုက်ခိုက်နေတာကြောင့်အရပ်သားပြည်သူတွေသေဆုံးနေရတာဖြစ်ပါတယ်။

ဧပြီလ ၁၀ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ဝေဘူလမြို့ကို ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ ၈ ဦးသေဆုံးခဲ့ရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article