ဘုရင့်နောင် ပွဲရုံဝင်းအတွင်းရှိ လမ်းဘေး ဆိုင်များကို အထက်အမိန့်အရဟု ပြောဆိုကာ စစ်တပ်ခန့် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် စည်ပင်က အင်အား အလုံးအရင်းဖြင့် ဖျက်ဆီး
ရန်ကုန်၊ ဧပြီ ၂၈
ရန်ကုန်၊ ဘုရင့်နောင် ပွဲရုံဝင်းအတွင်းရှိ လမ်းဘေး ဆိုင်များကို အထက်အမိန့်အရဟု ပြောဆိုတာကာ အကြမ်းဖက် စစ်တပ်ခန့် ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် စည်ပင်က အင်အား အလုံးအရင်းဖြင့် ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် ဘုရင့်နောင် ပွဲရုံဝင်းအတွင်းရှိ လမ်းဘေး ဆိုင်များကို မရမ်းကုန်မြို့နယ်၊ ၁ ရပ်ကွက်မှ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့တော် စည်ပင်၊ ဘုရင့်နောင်ပွဲရုံဝင်း စည်ပင်နှင့် ဘုရင့်နောင် ယာဥ်ရှင်း ခေါင်းဆောင် အောင်မျိုးထွဋ် တို့ ခေါင်းဆောင်ကာ အထက်အမိန့်အရဟု ပြောဆိုပြီး အင်အား အလုံးအရင်းဖြင့် ဖျက်ဆီးသွားကြောင်း သိရသည်။
” ဘုရင့်နောင် ပွဲရုံဝင်းထဲ စစ်တပ် အလိုတော်ကြီးတွေက လမ်းဘေးမှာ လုပ်စားနေရတဲ့ သူတွေ လုပ်စားမရအောင် လိုက်လံ သိမ်းဆည်း ဖျက်ဆီးခဲ့ပါတယ်။ ပြည်သူတွေကို လုပ်စားမရအောင် စစ်တပိ အလိုတော်ကျ လိုက်လံ လုပ်ဆောင်နေတာပါ။ အထက်အမိန့်အရဆိုပြီး သိမ်းဆည်း သွားတာ သံကြိုးခတ်ထားတဲ့ စျေးသည်တွန်းလှည်းတွေ ပါမကျန် ဖျက်ဆီး သိမ်းဆည်းသွားတာပါ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။