30 C
Yangon

ဒီးမော့ဆို အနောက်ခြမ်းရှိ စစ်ဘေးရှောင်များ ရှိသည့် နေရာများကို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် လေကြောင်းမှ တောက်လျှောက် ဗုံးကျဲတိုက်ခိုက်နေပြီး အတွဲလိုက်ဒုံးများဖြင့်ပါ ပစ်ခတ်နေ

Must read

ဒီးမော့ဆို အနောက်ခြမ်းရှိ စစ်ဘေးရှောင်များ ရှိသည့် နေရာများကို တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် လေကြောင်းမှ တောက်လျှောက် ဗုံးကျဲတိုက်ခိုက်နေပြီး အတွဲလိုက်ဒုံးများဖြင့်ပါ ပစ်ခတ်နေ

ရန်ကုန်၊ ဧပြီ ၂၉

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းရှိ စစ်ဘေးရှောင်များရှိသည့် နေရာများကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် လေကြောင်းမှ တောက်လျှောက် ဗုံးကျဲတိုက်ခိုက်နေပြီး အတွဲလိုက်ဒုံးများဖြင့်ပါ ပစ်ခတ်နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ဒီးမောကဆိုမြို့နယ် အနောက်ခြမ်းရှိ စစ်ဘေးရှောင်များ နေထိုင်သည့် နေရာများကို အကြမ်းဖက် စစ်တပ် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဥ်ဖြင့် တောက်လျှောက်ဗုံးကျဲကာ အတွဲလိုက် ဒုံးများဖြင့်ပါ ပစ်ခတ်နေကြောင်း သိရသည်။

” ဒီးမော့ဆို အနောက်ခြမ်းမှာ ဘာတိုက်ပွဲမှ မရှိဘဲ စစ်ဘေးရှောင်တွေရှိတဲ့ နေရာကို နံနက် ၉ နာရီ ၃၀ မိနစ် လောက်မှာ ဂျက်ဖိုက်တာနဲ့ အတွဲလိုက် ၇ ကြိမ် ဗုံးကျဲ တိုက်ခိုက်တယ်။ အတွဲလိုက် ဒုံးကျည်တွေနဲ့လည်း ပစ်ခတ်နေတယ်။ အခု ၁၀ နာရီ ကျော် ၁၁ နာရီလောက်မှာ တိုက်လေယာဥ်တွေနဲ့ တောက်လျှောက်ကို ကျဲနေတုန်း တစ်ခါလာရင် ၂ စီးလောက်ကိုလာပြီးကျဲနေတာ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် ဗုံးကျဲ တိုက်ခိုက်ခဲ့သော နေရာများကို အကြမ်းဖက် စစ်တပ် ကင်းထောက် လေယာဥ်များက လှည့်ပတ် ကြည့်ရှု့နေပြီး ပျက်စီးဆုံးရှုံးမှု အ​ခြေအနေနှင့် ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

Photo Crd- KL

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article