35 C
Yangon

ကိုင်းတောမရဲစခန်းမှ ကမ္မမြို့ကို ရေပန့်လာပြင်သည့် ရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ကိုင်းတောမရဲစခန်းမှ ကမ္မမြို့ကို ရေပန့်လာပြင်သည့် ရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းမှ ကမ္မမြို့သို့ ရေပန့်လာပြင်သည့် ရဲ ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ)မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၈ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ကိုင်းတောမရဲစခန်းမှ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ရဲတပ်သားချင်းလေးသည် ကမ္မမြို့သို့ ရေပန့်ပြင်ရန် ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာစဉ် ကမ္မ-မြိုင်လမ်းဆုံအနီးအရောက် ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တပ်ခွဲ ၁ ရဲဘော်များ မှ ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့ တစ်ယောက်တည်းထွက်လာတာ၊ သေနတ်တွေလည်းမပါဘူး၊ ချင်းလေးဆိုတာကတော့ မြေပြင်ကနေ သိရတဲ့နာမည်ပါ၊ အလောင်းကိုလည်း ဘယ်သယ်သွားလဲ မသိဖူး၊ ကမ္မ- မြိုင်လမ်းနားမှာ တွေ့တယ်လို့ပဲ သတင်းရတယ်” ဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article