28 C
Yangon
- Advertisement -spot_img

AUTHOR NAME

DeJay LuLu

5140 POSTS
0 COMMENTS

စစ်အာဏာရှင်ဆန့်ကျင်ရေး ၄၂၆ ရက်မြောက် ကလေးမြို့ပင်မသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၉ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ၄၂၆ ရက်မြောက် ပင်မသပိတ်စစ်ကြောင်း ယနေ့ ဧပြီလ ၉ ရက်၌ ချီတက်ကြပြီး စစ်အာဏာရှင် လက်အောက်၌ ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲမည်မဟုတ်ကြောင်း ကြွေးကြော်ဆန္ဒပြကြသည်။

Breaking News- မင်္ဂလာဒုံလေတပ်စခန်း ရှော့တိုက်ဒုန်းဖြင့် အပစ်ခံရပြီး လေတပ်လိုင်းခန်းနားတွင် ပေါက်ကွဲ၊ ရန်ကုန်မြို့တော်ဂေါက်ကွင်းတွင်လည်း ရှော့ခ်တိုက်ဒုန်းပေါက်ကွဲပြီး လူ ၁ ဦးထိ၊ စစ်တပ်ခေါက်ဆွဲစက်ရုံအနီးတွင်လည်း ရှော့ခ်တိုက်ဒုန်းပေါက်ကွဲ

ရန်ကုန်၊ ဧပြီ ၉ အကြမ်းဖက်စစ်ကောင်စီက စီမံခန့်ခွဲလျက်ရှိသော စည်ပင်ပိုင် ရန်ကုန်မြို့တော်ဂေါက်ကွင်းကို ယနေ့ နံနက် ၆ နာရီကျော်၊ နံနက် ၇ နာရီဝန်းကျင်အချိန်တွင် ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်ခံရပြီး လူ ၁ ဦးထိခိုက်ကြောင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်ပိုင်နေရာများကို ရှော့တိုက်ဒုန်း၊ ဗုံးများဖြင့် ပစ်ခတ်မှုများရှိကြောင်း...

လူမဆန်သည့် လုပ်ရပ် သို့မဟုတ် လူမမယ်ကလေးများကိုပင် ပစ်မှတ်ထား တိုက်ခိုက်လာသော အကြမ်းဖက် စစ်ကောင်စီ

By လမ်းသစ် ကြားရသူတိုင်း၏ စိတ်နှလုံးကို ထိခိုက်စေသည့် လုပ်ရပ်တစ်ခုကို အကြမ်းဖက်စစ်ကောင်စီက မကြာသေးမီက ထပ်မံကျူးလွန်ခဲ့ပြန်သည်။အသက် ၃နှစ် အရွယ် လူမမယ် ကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များက အလုံမြို့နယ်ရှိ မူကြိုကျောင်းတစ်ခုအတွင်း ဝင်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။ မိဘများက PDFများကို ထောက်ပံ့သည်ဟုဆိုကာ ကလေးငယ်ကို ဓါးစာခံအဖြစ် ရက်ရက်စက်စက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။...

Khit Thit သတင်းဌာန၏ ဧပြီ ၉ ရက်နေ့ မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဧပြီ ၉ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့-စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်နှင့်ချောင်းဦးမြို့နယ်တို့မှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၁၄ ဦးထက် မနည်းသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ပါတယ်။-မကွေးတိုင်း ပခုက္ကူ မြို့နယ် မြစ်ဖျားကျေးရွာကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၈ရက်နေ့...

စစ်အာဏာရှင် ချေမှုန်းရေး လောင်းလုံးမြို့နယ်ရှိ တော်လှန်ကျောင်းသားလူငယ်များ ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၉ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဧပြီလ ၉ ရက် နံနက်၌ မြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများ သမဂ္ဂနှင့် တော်လှန်လူငယ်များ ပူးပေါင်းကာ "အောင်လံထူချိန်နီးပြီမို့ ပြည်သူအားလုံးထကြွစို့" ဘန်နာကိုင်စွဲကာ ကြွေးကြော်ဆန္ဒပြကြသည်။

KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ တွင် စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်နှင့် KNLA ကြား ၃ ရက်အတွင်း တိုက်ပွဲ ၁၀ ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အနည်းဆုံး ၆ ဦးသေဆုံး၊ ၅ ဦး ထက်မနည်း ဒဏ်ရာရ

ရန်ကုန်၊ ဧပြီ ၉ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ မူတြော် (ဖာပွန်) ခရိုင်အတွင်း နယ်မြေကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီတပ်၊ ခါးပိုက်ဆောင် BGF တပ်ဖွဲ့များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကြား ၃ ရက်အတွင်း တိုက်ပွဲ ၁၀ ကြိမ် ဖြစ်ပွားပြီး...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၇ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၉ မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၈ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၇ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

မြိုင်လူထု၏ “ပေတစ်ရာပေါ်မှာ စီးတဲ့သွေးကို သင်္ကြန် ရေနဲ့ မဆေးကြော” စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်

ရန်ကုန်၊ဧပြီ ၈ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ ဧပြီလ(၈)ရက်နေ့ ညနေတွင် ``ပေတရာပေါ်မှာစီးတဲ့သွေးကို သင်္ကြန်ရေနဲ့မဆေးကြော´´ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆည်းဆာသပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကာ ကာကွယ်ရေးရဲဘော်တစ်ဦးနှင့် သပိတ်ကော်မတီဝင်များက သပိတ်တရားများ ဟောပြောခဲ့ကြသည်။"အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေးအတွက် ဘယ် တော့မှသွေးမအေးပဲ ရရာနည်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်ကြရမယ်။စစ်အုပ်စုက ကျင်းပမယ့် သင်္ကြန်ပျော်ပွဲရွှင်ပွဲတွေမှာ မပါဝင်ဘဲ...

မန္တလေးတွင် လူငယ် ၂ ဦးကို စစ်တပ်က ပစ်သတ်ပြီး PDF လူငယ် ၁ ဦးကို ထောင် ချောက်ဆင်ဖမ်း၊ မြင်းခြံတွင်လည်း မိုင်းထိ၍ သေဆုံးသော လူငယ် ၂ ဦးအလောင်းကို ကောက်ခွင့်မပေး၊ သဂြိုလ်ခွင့်မပေး

ရန်ကုန်၊ ဧပြီ ၈ မန္တလေးတွင် ယနေ့ နံနက်ပိုင်း လူငယ် ၂ ဦးကို စစ်တပ်က ပစ်သတ်လိုက်ပြီး PDF လူငယ်တစ်ဦးကိုလည်း ထောင်ချောက်ဆင် ဖမ်းဆီးသွားကြောင်း မန္တလေး တော်လှန်ရေးအင်အားစုများထံမှ သိရှိရသည်။ ဧပြီ ၈ ရက်နေ့ နံနက် ၈ နာရီ ၃...

ဘုတလင်မြို့နယ် ကူ‌တော်ရွာတွင် အကြမ်းဖက် စစ်ကောင်စီနှင့် PDF တို့ တိုက်ပွဲပြင်းထန်နေ

ရန်ကုန်၊ ဧပြီ ၈ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်၊ ကူတော်ရွာတွင် ယနေ့ ဧပြီ ၈ ရက် ည ၉ နာရီ မိနစ် ၂၀ မှ စကာ လက်ရှိအချိန်အထိ တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။ “အခုအထိ အပစ်အခတ်တွေ...

Latest news

- Advertisement -spot_img