25 C
Yangon

မြိုင်လူထု၏ “ပေတစ်ရာပေါ်မှာ စီးတဲ့သွေးကို သင်္ကြန် ရေနဲ့ မဆေးကြော” စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်

Must read

ရန်ကုန်၊ဧပြီ ၈

မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ ဧပြီလ(၈)ရက်နေ့ ညနေတွင် “ပေတရာပေါ်မှာစီးတဲ့သွေးကို သင်္ကြန်ရေနဲ့မဆေးကြော´´ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆည်းဆာသပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကာ ကာကွယ်ရေးရဲဘော်တစ်ဦးနှင့် သပိတ်ကော်မတီဝင်များက သပိတ်တရားများ ဟောပြောခဲ့ကြသည်။

“အာဏာရှင်စနစ်အမြစ်ပြတ်ကျဆုံးရေးအတွက် ဘယ် တော့မှသွေးမအေးပဲ ရရာနည်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်ကြရမယ်။စစ်အုပ်စုက ကျင်းပမယ့် သင်္ကြန်ပျော်ပွဲရွှင်ပွဲတွေမှာ မပါဝင်ဘဲ အာဏာရှင်ကိုတော်လှန်ကြရမယ်။သွေးကြွေးကို သွေးနဲ့ပြန်ဆပ်ကြရမယ်။အရေးတော်ပုံအောင်မှ လွတ်မယ့်သူတွေနဲ့ကျွတ်မယ့်သူတွေအတွက် ဘယ်တော့မှသွေးမအေးပဲ တော်လှန်ရေးစိတ်ဓာတ်အပြည့်နဲ့ အဆုံးသတ်ထိတော်လှန်တိုက်ပွဲဝင်ကြရမယ်။တကယ်တော်လှန်ကြမှ ထိုက်တန်တဲ့ တကယ့်အောင်ပွဲကို ရရှိမယ်။အမှန်တရားအတွက် ဘယ်တော့မှနောက်မဆုတ်ဘူး။ယုံကြည်ချက်အတွက် ဘယ်တော့မှ အလျှော့မပေးဘူး။လက်နက်အားကိုးနဲ့ အနိုင်ကျင့်တိုင်း ကြောက်စိတ်ဝင်ပြီး ဘယ်တော့မှအရှုံးမပေးဘူး။ပြည်သူ့အာဏာပြည်သူ့လက်ဝယ် ပြန်မရောက်မချင်း ဘယ် တော့မှသွေးအေးမသွားဘူး။အဆုံးထိအောင်တော်လှန်မယ်။အဆုံးထိအောင်ပုန်ကန်မယ်။အာဏာရူးစစ်အုပ်စုနဲ့အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင်ချေမှုန်းပစ်မယ်။လူမျိုးကြီးဝါဒမှန်သမျှ အစွမ်းကုန်တိုက်ဖျက်ကြမယ်။ငါတို့တွေရဲ့ အသက် ၊ သွေး ၊ ချွေးတွေနဲ့ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို အတူတကွ တည် ဆောက်ကြပါစို့”ဟူ၍ သပိတ်တရားဟောပြောခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article