25.1 C
Yangon
- Advertisement -spot_img

AUTHOR NAME

DeJay LuLu

5140 POSTS
0 COMMENTS

Khit Thit သတင်းဌာန၏ မတ် ၃၀ ရက်နေ့ ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ်လ ၃၀ ရက် ညနေပိုင်း ရရှိထားတဲ့ သတင်းတွေကတော့-ငွေစက္ကူကုန်ကြမ်းတွေ သယ်ဆောင်လာတဲ့ အီရန်လေယာဉ် တစ်စီးနေပြည်တော်ကို ဆိုက်ရောက် ဖို့ရှိနေတယ်လို့ သိရပါတယ်။- မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးမှာ အကြမ်းဖက်စစ်တပ်ဟာ အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းနဲ့ အသက် ၉...

မြိုင်၊ ပခုက္ကူ၊ ခင်ဦး၊ ဝက်လက်၊ ပုလဲတို့တွင် စစ်ကောင်စီ ယာဉ်တန်းနှင့် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်သားနှင့် ပျူစောထီး ၉ဦးသေဆုံး

ရန်ကုန်၊ မတ် ၃ဝ မကွေးတိုင်း၊ မြိုင်၊ ပခုက္ကူမြို့နယ်နှင့် စစ်ကိုင်းတိုင်း ခင်ဦး၊ ဝက်လက်နှင့် ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းနှင့် ပျူစောထီး အဖွဲ့ဝင်များ လမ်းပြလုပ်ပြီး ခေါ်ဆောင်လာသော စစ်ကြောင်းများ တိုက်ခိုက်ခံရကာ စစ်သားနှင့် ပျူစောထီး ၉ဦးသေဆုံးခဲ့ကြောင်း သိရသည်။ မကွေး၊ မြိုင်မြို့နယ်===========မကွေးတိုင်း၊...

ဘားအံရှိ စစ်တပ်ပိုင် Star High ဓာတ်ဆီဆိုင်ကို ဗုံးဖောက်ခွဲ၊ ငွေသိန်း ၅၀ သိမ်းယူထားပြီး အခြားတော်လှန်ရေးအဖွဲ့ထံ ခွဲဝေထောက်ပံ့မည်

ရန်ကုန်၊ မတ် ၃၀ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးရှိ စစ်တပ်ပိုင် Star High ဓာတ် ဆီဆိုင်ကို ယနေ့ မတ် ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ဗုံးဖောက်ခွဲခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့ထံမှ သိရှိရသည်။ အကြမ်းဖက်ခေါင်းဆောင်...

ချောင်းဦးမြို့နယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကို ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီ ထောင် ဒဏ် ၂ နှစ်ချမှတ်

ရန်ကုန် ၊ မတ် ၃၀ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ဆန့်ကျင်ခဲ့သည့် ချောင်းဦးမြို့နယ် သပိတ် ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကို ယနေ့ မတ်လ ၃၀ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ကြောင်း မာန်ဇာမြေမွန်၏ မိသားစုဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။...

မန္တလေးမြို့၊ ဇွဲထက်ရွှေဆိုင် ၂ ခု အနီး ဗုံးပေါက်ကွဲပြီး လူ ၁၅ ဦးနီးပါး ဒဏ်ရာရ၊ ရွှေဆိုင်များအားလုံးပိတ်ကုန်

ရန်ကုန်၊ မတ် ၃၀ မန္တလေးမြို့ ၊ ၈၄ လမ်း၊ ၃၀ လမ်း ရှိ ဇွဲထက်ရွှေဆိုင်နှင့် ၆၂ လမ်းရှိ ဇွဲထက်ရွှေဆိုင်တို့ တွင် ယနေ့ မွန်းလွဲပိုင်း ၁ နာရီ ဝန်းကျင်အချိန် ဗုံးပေါက်ကွဲပြီး လူ ၁၅ ဦးနီးပါး ဒဏ်ရာရရှိကြောင်း...

ဘီးလင်း၊ ရွှေရောင်ပြကျေးရွာအနီး စစ်တပ်က အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းနှင့်အသက် ၉ နှစ်အရွယ် မောင်မောင်ညီညီဇော် ကလေး ၂ ဦးကို ပစ်သတ်

ရန်ကုန်၊ မတ် ၃၀ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအနီးတွင် ယမန်နေ့ မတ်လ ၂၉ ရက်နေ့ စစ်တပ်က အသက် ၆ နှစ်အရွယ် မောင်ကြယ်စင်မင်းနှင့် အသက် ၉ နှစ်အရွယ် မောင်ညီညီဇော်တို့နှစ်ဦးကို ပစ်သတ်လိုက်ကြောင်း ပစ်သတ်ခံရသော ကလေးမိဘများ၏မိတ်ဆွေများနှင့်ဒေသခံများထံမှ သိရှိရသည်။ မတ်လ ၂၉...

Khit Thit သတင်းဌာန၏ မတ် ၃၀ ရက်နေ့ နေ့လည်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ်လ ၃၀ ရက် နေ့လည်ပိုင်း ရရှိထားတဲ့ သတင်းတွေကတော့-အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက စစ်မြေပြင်မှာ နည်းအမျိုးမျိုးနဲ့ ချေမှုန်းဖို့ ကြိုးစားနေပေမယ့် NUG အနေနဲ့ မြေပြင် စိုးမိုးရေး ပိုမိုရရှိအောင်လုပ်ဆောင်ဖို့ အရေးကြီးကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ညွှန်ကြားလိုက်ပါတယ်။-...

ငွေစက္ကူရိုက်နှိပ်နိုင်သည့် စက္ကူကုန်ကြမ်းများ သယ်ဆောင်လာသော အီရန်လေယာဉ် နေပြည်တော်သို့ ယနေ့ညပိုင်း ရောက်မည်၊ စစ်ကောင်စီက ငွေစက္ကူကုန်ကြမ်းတန်ချိန်များစွာ တောက်လျှောက်တင်သွင်းနေ၊ ငွေထုတ်ဝါဇီစက်ရုံ ၂၄ နာရီ မီးရရန်နှင့်မီးမပြတ်ရေး လျှပ်စစ်ဝန်ကြီး ကိုယ်တိုင် ဦးဆောင်ကွပ်ကဲ

ရန်ကုန်၊ မတ် ၃၀ ငွေစက္ကူများ ရိုက်နှိပ်နိုင်သည့် စက္ကူကုန်ကြမ်းများ သယ်ဆောင်လာသော အီရန်လေယာဉ်တစ်စင်း ယနေ့ညပိုင်း နေပြည်တော်သို့ ဆိုက်ရောက်မည်ဖြစ် ကြောင်း သိရှိရသည်။ အီရန်လေယာဉ်ဖြင့် သယ်ဆောင်လာမည့် ငွေစက္ကူရိုက်နှိပ်နိုင်သည့် စက္ကူကုန် ကြမ်းများကို Uzbekistan နိုင်ငံမှ တင်သွင်းခြင်းဖြစ်ကြောင်း၊ အဆိုပါလေယာဉ် ဆင်းသက်စဉ် လုံခြုံရေးကိုလည်း စစ်တပ်ကပင်...

၀ဏ္ဏမောင်လွင် မတ်လ ၃၁ ရက်နေ့ တရုတ်နိုင်ငံသွားပြီး ဧပြီလ ၂ ရက်နေ့ နေပြည်တော်ပြန်ရောက်မည်

ရန်ကုန်၊ မတ် ၃၀ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခန့်အပ်ထားသော နိုင်ငံခြား ရေး ဝန်ကြီးဆိုသူ ၀ဏ္ဏမောင်လွင်သည် မတ်လ ၃၁ ရက်နေ့ တရုတ်နိုင်ငံသွား ရောက်ရန် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ပြီး ဧပြီလ ၂ ရက်နေ့တွင် နေပြည် တော်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ...

စစ်အာဏာရှင်ဖြုတ်ချရေး ၃၈၅ ရက်မြောက် ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ

ရန်ကုန်၊ မတ် ၃၀ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ဖြုတ်ချရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ယနေ့ မတ်လ ၃၀ ရက်တွင် ၃၈၅ ရက်မြောက် သပိတ်စစ်ကြောင်းဖြင့် "တောင်တန်းမြေပြန့် အတူချီတက်၊ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်" စာသားကိုင်ဆောင်ကာ လှည့်လည်ဆန္ဒပြကြသည်။

Latest news

- Advertisement -spot_img