28 C
Yangon

ချောင်းဦးမြို့နယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကို ပုဒ်မ ၅၀၅ (က) ဖြင့် စစ်ကောင်စီ ထောင် ဒဏ် ၂ နှစ်ချမှတ်

Must read

ရန်ကုန် ၊ မတ် ၃၀

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ဆန့်ကျင်ခဲ့သည့် ချောင်းဦးမြို့နယ် သပိတ် ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကို ယနေ့ မတ်လ ၃၀ ရက်နေ့တွင် ပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ကြောင်း မာန်ဇာမြေမွန်၏ မိသားစုဝင် တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

“အမှုက ငါးမှုနဲ့ ဆွဲခံရတာ။ အခု ကျခံရတာ တစ်မှုပေါ့ ၊ တစ်မှုတည်းပဲ ကျတာ။ ကျန်နဲ့ လေးခုက ရင်ဆိုင်နေရတုန်းပဲ ရှိသေးတယ်။ ဒီနေ့ အမှုမှာ စွဲတဲ့ လူက ရဲမှူးအောင်သန်းမြင့် ၊ အမှုနံပါတ် ရာဇဝတ်ကြီးအမှု ၆၅ ။ ဒီနေ့အမှုက သူတစ် ယောက်တည်း မဟုတ်ဘူး သုံးယောက်အစွဲခံရတာ။ သူရယ်၊ ဒေါ်မိုးမိုးလွင်၊ ဦးကျော်နန်းသူ ဆိုတဲ့ တစ်ယောက်ရယ် ။ တစ်ယောက်ကို ၂ နှစ်စီ ချခံရတယ် ။ ကိုမာန်ဇာမြေမွန် လက်တွေ အချိုးခံရတာက အခုတော့ ပြန်ကောင်းသွားပြီ” ဟု မာန်ဇာမြေမွန်နှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ချောင်းဦးမြို့နယ် သပိတ်ခေါင်းဆောင် မာန်ဇာမြေမွန်ကို ၂၀၂၁ ခုနှစ် ဇွန်လဆန်းက စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကားလမ်းမတစ်နေရာတွင် အကြမ်း ဖက် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးမိချိန်တွင် စစ်ကြောရေးတွင် လက်ချောင်း ၁၀ ချောင်းလုံးလှန်ချိုးကာ နှိပ်စက်ခြင်း၊ ကျောနှင့် ဗိုက်ကို ကန်ကြောက်နှိပ်စက်ခြင်း၊ ပါးစပ်ထဲသို့ ဖိနပ်များ ထိုးထည့်နှိပ်စက်ခြင်းများ လုပ် ဆောင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မုံရွာ အကျဉ်းထောင်တွင် ဖမ်ဆီးထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article