37 C
Yangon

ဘားအံရှိ စစ်တပ်ပိုင် Star High ဓာတ်ဆီဆိုင်ကို ဗုံးဖောက်ခွဲ၊ ငွေသိန်း ၅၀ သိမ်းယူထားပြီး အခြားတော်လှန်ရေးအဖွဲ့ထံ ခွဲဝေထောက်ပံ့မည်

Must read

ရန်ကုန်၊ မတ် ၃၀

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးရှိ စစ်တပ်ပိုင် Star High ဓာတ် ဆီဆိုင်ကို ယနေ့ မတ် ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ဗုံးဖောက်ခွဲခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့ထံမှ သိရှိရသည်။

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်၏သား နှင့် စစ်တပ်ပိုင် MEC စီးပွား ရေးကော်ပိုးရေးရှင်းပိုင် ဘားအံခရိုင်၊ မြိုင်ကလေးမြို့နယ်ရှိ Star High ဓာတ် ဆီ ဆိုင်ကို ယနေ့ မတ်လ ၃၀ရက်နေ့ နေ့လယ် ၁၁ နာရီ ၂၀ မိနစ် ဝန်းကျင်အချိန် အမည်မဖော်လိုသော မြို့ပြပြောက်ကျားအဖွဲ့က ဗုံးဖောက်ခွဲခဲ့ကြောင်း သိရှိရသည်။

သို့သော် ဆီဆိုင်အတွင်းရှိ အပြစ်မဲ့ပြည်သူများ နှင့် ဆိုင်ရှိ ဝန်ထမ်းများရှိနေသေး သောကြောင့် ပြည်သူများနှင့်ဆိုင်ဝန်ထမ်းများကို ဘေးလွတ်ရာဆိုင်ပြင်ပသို့ထွက်စေပြီးမှ ဖောက်ခွဲရေးပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင်ဆိုင်ရှိရောင်းရငွေကျပ် သိန်း ၅၀ကျော် တော်လှန်ရေးရန်ပုံငွေအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

မြိုင်ကလေးမြို့နယ်ရှိ Star High ဆီဆိုင်တည်နေရာသည် အကြမ်းဖတ်စစ်ကောင်စီ၏ အင်ဂျင်နီယာတပ်ရင်း (၉၁၅)၊ ခလရ (၂၀၄) နှင့် ခလရ (၂၀၅) တပ်တို့နှင့်အလွန်နီးကပ်သောနေရာတွင်တည်ရှိနေကြောင်း၊ မြို့ပြပျောက်ကျားတပ်ဖွဲ့များ စစ်ဆင်ရေးပြုလုပ်ရာတွင် ဆိုင်ရှိဝန်ထမ်းများ နှင့် ပြည်သူများထိ ခိုက်မှု မရှိစေရန် အထူးဂရုစိုက်၍စစ်ဆင်ရေးပြုလုပ်ခဲ့ကြောင်း၊ စစ်ဆင်ရေးမှရရှိခဲ့သော ငွေကြေးများကိုလည်း အခြားသောတော်လှန်ရေးမိတ်ဖက်အဖွဲ့စည်းများကိုလည်း ခွဲဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့ပြ တော်လှန်ရေးအဖွဲ့က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article