32 C
Yangon

မန္တလေးမြို့၊ ဇွဲထက်ရွှေဆိုင် ၂ ခု အနီး ဗုံးပေါက်ကွဲပြီး လူ ၁၅ ဦးနီးပါး ဒဏ်ရာရ၊ ရွှေဆိုင်များအားလုံးပိတ်ကုန်

Must read

ရန်ကုန်၊ မတ် ၃၀

မန္တလေးမြို့ ၊ ၈၄ လမ်း၊ ၃၀ လမ်း ရှိ ဇွဲထက်ရွှေဆိုင်နှင့် ၆၂ လမ်းရှိ ဇွဲထက်ရွှေဆိုင်တို့ တွင် ယနေ့ မွန်းလွဲပိုင်း ၁ နာရီ ဝန်းကျင်အချိန် ဗုံးပေါက်ကွဲပြီး လူ ၁၅ ဦးနီးပါး ဒဏ်ရာရရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဗုံးပေါက်တာက ရွှေဆိုင်နားမှာလို့ပြောတယ်။ ထိသွားတာက ၁၅ ဦးလောက်ရှိမယ်။ လူနာတင်ကားတွေ တော့တောက်လျှောက်ပဲ။ သေဆုံးသူတော့ မရှိဘူးလို့ သိရတယ်။ လက်တွေ ခြေထောက်တွေမှာ ဗုံးစမှန်တာများတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေး၆၂လမ်းရှိ ဇွဲထက်ရွှေဆိုင်အနီးတွင်လည်း ယနေ့ မွန်းလွဲပိုင်း ဗုံးပေါက်ကွဲပြီး ကားတစ်စီး မှန်ကွဲသွားကြောင်း သိရှိရသည်။

လက်ရှိတွင် မန္တလေးရှိ ဇွဲထက်ရွှေဆိုင်များအားလုံး ဆိုင်ပိတ်ထားလိုက်ကြပြီး အခြားသော ရွှေဆိုင်များလည်း ဆိုင်ပိတ်နေကြပြီဟု သိရှိရသည်။

ဇွဲထက်ရွှေဆိုင် ဗုံးပေါက်ကွဲမှုသည် မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကို မသိ ရှိရသေးဘဲ စစ်ကောင်စီတပ်များနှင့်ပျူစောထီးများကလည်း လူထုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား အမြင်လွဲစေရန် အများပြည်သူဆိုင်ရာနေရာများကို ဗုံးဖောက်ခွဲမှုများ ရှိလာနေကြောင်း တော်လှန်ရေးရဲဘော်တချို့က ဆိုကြသည်။

ဓာတ်ပုံ- ယနေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားသော ဇွဲထက်ရွှေဆိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article