24 C
Yangon
- Advertisement -spot_img

AUTHOR NAME

DeJay LuLu

5140 POSTS
0 COMMENTS

သင်္ဃန်းညီနောင်အခြေစိုက် ခမရ ၃၅၅ တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ကွင်းကလေးရွာရှိ ဆယ်ကျော်သက်အမျိုးသမီး ၁ ဦး ခေါင်းပွင့် သေဆုံး၊ ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၄ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ စကခ (၁၂) လက်အောက်ခံ ခမရ (၃၅၅) တပ်ရင်းက ယနေ့ မတ်လ ၂၄ ရက် နံနက်အစောပိုင်းတွင် အပြင်ကွင်းကလေး ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည် ၁ လုံး...

ဒလ၊ သမ္မတကမ်းခြေ အပါအဝင် မြေယာကိစ္စနောက်ဆက်တွဲ ရန်ကုန်မြို့ တော်ဝန်နှင့်စည်ပင်ဝန်ကြီး ဘိုဌေး နှင့် စည်ပင်အရာရှိတချို့ အဖမ်းခံရ ၊ အဂတိတိုက်ဖျက်ရေး ပုံရိပ်ကောင်းတည်ဆောက်ရန် မင်းအောင်လှိုင် သူ့လူသူ ထိုးကျွေးဟုဆို

ရန်ကုန်၊ မတ် ၂၄ ရန်ကုန်တိုင်း ဒလ၊ သမ္မတကမ်းခြေ မြေယာချထားပေးမှု အပါအဝင် မြေယာကိစ္စနောက်ဆက်တွဲ ရန်ကုန်မြို့တော်ဝန် ဘိုဌေးနှင့် စည်ပင်အရာရှိတချို့ ယမန်နေ့က အကြမ်းဖက်စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီး အောင်သန်းဦး ဖမ်းဆီးခံရချိန် တပြိုင်နက်တည်း စည်ပင်ဝန်ကြီး မြို့တော်ဝန်ဘိုဌေး၊ စည်ပင်အရာရှိတချို့ပါ တစ်ဆက်တည်း...

သင်္ဘောလုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ကို မြို့လှ PDF မိုင်းဆွဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်၍ စစ်သား ၃ ဦး သေဆုံး၊ ကလေးမြို့နယ်တွင် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃ ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၄ ကသာမြို့နယ်၊ မိုးတားလေးကျေးရွာမှ အောက်ဖက် ဝဲကြီးကျေးရွာသို့ ခြေလျင်ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မတ်လ ၂၄ ရက် နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် မြို့လှ PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး M79 ဗုံးသီးများဖြင့် ပစ်ခတ်၍...

ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာဖတ်သူ နည်းနေလို့ ဝန်ထမ်းတွေအကုန် သတင်းစာ မဖြစ်မနေ ဖတ်ရမယ်လို့ စစ်ကောင်စီ အမိန့်ထုတ်

ရန်ကုန်၊ မတ် ၂၄ စစ်ကောင်စီက ထုတ်ဝေနေတဲ့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ The Global New Light of Myanmar သတင်းစာတွေ ဖတ်ရှုသူ နည်းပါးပြီး စောင်ရေ အလွန်ကျဆင်းနေလို့ စစ်ကောင်စီဝန်ထမ်းတွေအားလုံး သတင်းစာ မဖြစ်မနေ ဖတ်ရမယ်လို့ စစ်ကောင်စီက ညွှန်ကြားချက်...

Khit Thit သတင်းဌာန၏ မတ် ၂၄ ရက်နေ့ မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မတ်လ ၂၄ ရက် မနက်ပိုင်း ရရှိထားတဲ့ သတင်းတွေကတော့-ရန်ကုန်ဝန်ကြီးချုပ် လှစိုး ရာထူးကနေ ဖြုတ်ချခံရမှုအပါအဝင် ရန်ကုန်စီးပွားရေးဝန်ကြီး အောင်သန်းဦး ဖမ်းဆီး ခံရမှုဟာ ၎င်းတို့ အချင်းချင်းအကြား စီးပွားရေးကိစ္စတွေနဲ့ ပတ်သက်ပြီး စားခွက်လု တိုင်ကြားကြရာ ကနေဖြစ်လာ တာဖြစ်တယ်လို့...

ရန်ကုန် အလုံ သခင်မြပန်းခြံတွင် စစ်ကောင်စီဒေါက်တိုင် အာဏာရှင်ဟောင်းနေဝင်းမြေးပိုင် Omni Focus YBS 56 ယာဉ်များ မီးရှို့တိုက်ခိုက်ခံရ

ရန်ကုန်၊ မတ် ၂၄ ရန်ကုန်တိုင်း အလုံမြို့နယ် သခင်မြပန်းခြံလမ်းတွင် စစ်ကောင်စီဒေါက်တိုင် အာဏာရှင်ဟောင်း နေဝင်းမြေးပိုင် Omni Focus YBS 56 ယာဉ်များကို မတ်လ ၂၃ ရက်နေ့ ည ၈နာရီ ၂၅ မိနစ်အချိန် Special Task Agency...

မန္တလေးမြို့ပေါ်တွင် နယ်မြေရှင်းလင်းရေး အမည်တပ်၍ ရဲနှင့်တပ်အင်အား ၄၀၀ နီးပါးဖြင့် ဝင်စီးပြီး ကိုဇော်ရဲထက်ပါ ၁၅ ဦးကို ဖမ်းဆီး၊ နယ်မြေရှင်းလင်းကို ဒုတိယဗိုလ်မှူးကြီးသော်တာထွေး ဦးဆောင်နေ

ရန်ကုန်၊ မတ် ၂၄ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် မတ်လ ၂၂ ရက်နေ့က ရဲနှင့်တပ်အင်အား ၄၀၀ နီးပါးဖြင့် မြို့ပေါ် ရပ်ကွက်များ၊ ကျေးရွာများကို နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်၍ ဝင်ရောက်စီးနင်းပြီး ကိုဇော်ရဲထက်ပါ ၁၅ ဦးကို ဖမ်းဆီးကာ ယင်းစစ် ဆေး ရေးလုပ်ငန်းများကို ဒုတိယဗိုလ်မှူးကြီးသော်တာထွေးက...

ရေစကြို ခလရ ၂၅၆ ယာယီတပ်ရင်းမှူး ဗိုလ်မှူးထွန်းထွန်းနိုင်ကို ရဲဒုတပ်ကြပ်သိန်းထိုက်နှင့်အဖွဲ့က ပစ်သတ်၊ ရဲ ၁ ဦးနှင့် စစ်သား ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၄ မန္တလေးတိုင်း၊ မြင်းခြံ-မြို့သာလမ်းပေါ်တွင် မတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန် ခလရ ၂၅၆ ယာယီတပ်ရင်းမှူး ဗိုလ်မှူးထွန်းထွန်းနိုင်ကို ကုက္ကဲရဲကင်းစခန်းမှ ဒုတပ်ကြပ်သိန်းထိုက်နှင့်အဖွဲ့က ပစ်သတ်လိုက်ကြောင်း ရဲသတင်းရပ်ကွက်ထံမှ သိရှိရသည်။ "ကျနော်တို့ကြားတာကတော့ စစ်ဆေးရေးဂိတ်မှာ ရဲနဲ့စစ်တပ်...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၃ မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေဆုံးပြီး PDF ၅ ဦး ကျဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ရန်ကုန်ဝန်ကြီးချုပ် လှစိုး ရာထူးမှ ဖြုတ်ခံရမှု၊ ရန်ကုန်စီးပွားရေးဝန်ကြီး အောင်သန်းဦး ဖမ်းဆီးခံရမှု အချင်းချင်း စားခွက်လု တိုင်ကြားမှုများကြောင့်ဖြစ်ပြီး မင်းအောင်လှိုင် တိုက်ရိုက်ကိုင်တွယ်အမိန့်ပေး

By ရန်ကုန်ခေတ်သစ် ရန်ကုန်ဝန်ကြီးချုပ် လှစိုး ဇန်နဝါရီလ ၃၁ ရက်နေ့ ရာထူးမှ ဖြုတ်ချခံရမှု၊ ရန်ကုန်စီးပွားရေးဝန်ကြီး အောင်သန်းဦး ယနေ့ ဖမ်းဆီးခံရမှုသည် ၎င်းတို့ အချင်းချင်းအကြား စီးပွားရေးကိစ္စများနှင့်ပတ်သက်၍ စားခွက်လု တိုင်ကြားကြရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး မင်းအောင်လှိုင်က တိုက်ရိုက်အမိန့်ပေးခြင်းဖြစ်ကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ "စီးပွားရေးနဲ့ပတ်သက်လို့...

Latest news

- Advertisement -spot_img