- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

45198 POSTS
0 COMMENTS

သံဖြူဇရပ်-မုဒုံ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ် ပစ်ခတ်သော ကျည်ထိမှန်၍ ပြည်သူ ၁ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၅ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်-မုဒုံ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ် ပစ်ခတ်သော ကျည်ထိမှန်၍ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၄ ရက်နေ့ ညနေ ၄ နာရီခန့်တွင်...

မြို့သစ်နှင့် နတ်မောက် မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ

ရန်ကုန်၊ ဧပြီ ၅ မကွေးတိုင်း၊ မြို့သစ်နှင့် နတ်မောက် မြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း နတ်မောက်မြို့နယ် ပကဖ က ပြောဆိုသည်။ ဧပြီလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ကပစ-၁၇...

ဒီပဲယင်းတွင် လေကြောင်းအန္တရာယ် စိုးရိမ်ရသဖြင့် သင်္ကြန်ပွဲများ ကန့်သတ်ချက်ထုတ်ပြန်၊ အရာတော်တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၅ မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ရမ်းသမ်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လာမည့်အတာသင်္ကြန်ကာလတွင် လူစုလူဝေးပွဲလမ်းသဘင်များ မပြုလုပ်ကြရန်နှင့် လေကြောင်းရန်ကို အထူးသတိပြုကြရန် ဒေသအုပ်ချုပ်ရေးအဖွဲ့များက သတိပေးချက်များ ထုတ်ပြန်ထားသည်။ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က သင်္ကြန်ကာလအတွင်း ဘာသာရေးနှင့် ဓလေ့ထုံးတမ်းဆိုင်ရာ အခမ်းအနားများကို...

စစ်တပ်က လေယာဉ်ဆီ မပေးတော့၍ မြန်မာနိုင်ငံသို့ ပျံသန်းနေသည့် နိုင်ငံတကာလေကြောင်းလိုင်းများ အသွားအပြန်အတွက် ဆီအပြည့်ဖြည့်ပြီးမှ ရန်ကုန်လေဆိပ်သို့ ပျံသန်းနေရ

ရန်ကုန်၊ ဧပြီ ၅ စစ်တပ်က လေယာဉ်ဆီ မပေးတော့၍ မြန်မာနိုင်ငံသို့ ပျံသန်းနေသည့် နိုင်ငံတကာလေကြောင်းလိုင်းများ အသွားအပြန်အတွက် ဆီအပြည့်ဖြည့်ပြီးမှ ရန်ကုန်လေဆိပ်သို့ ပျံသန်းနေရကြောင်း သိရှိရသည်။ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီစျေးကွက် ရိုက်ခတ်မှုဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့တွင် လေယာဉ်ဆီ (Jet Fuel) ရရှိရန် အခက်အခဲများ...

ဘီးလင်းမြို့နယ်တွင် စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ကြောင့် ဘုန်းကြီး ကျောင်းနှင့် နေအိမ် ၁၅ လုံးပျက်စီး

ရန်ကုန်၊ ဧပြီ ၅ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်တပ်က ၂ ရက်ဆက်တိုက် လေကြောင်း၊ လက်နက်ကြီးများ ဖြင့် တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ပြည်သူ့နေအိမ် ၁၅ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ ဧပြီလ ၁ ရက်မွန်းတည့် ၁၂ နာရီ ၁၀ မိနစ်မှ...

မန္တလေးကျောက်ဝိုင်းတွင် စည်ပင်က ပျံကျစျေး စျေးကောက်နှုန်းထားများကို ၆ ဆခန့် တိုးမြှင့်လိုက်သဖြင့် စျေးသည်များ အခက်တွေ့နေ

ရန်ကုန်၊ ဧပြီ ၅ မန္တလေးမြို့၏ စီးပွားရေးအသက်သွေးကြောဖြစ်သော မဟာအောင်မြေ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) အတွင်းရှိ ပျံကျစျေးသည်များထံမှ ကောက်ခံသည့် စျေးကောက်နှုန်းထားများကို ယခင်ထက် ၆ ဆခန့်အထိ စည်ပင်က တိုးမြှင့်သတ်မှတ်လိုက်ခြင်းကြောင့် အခြေခံစျေးသည်များ စားဝတ်နေရေး အကျပ်အတည်းဖြစ်ပေါ်နေကြောင်း သိရသည်။ လက်ရှိတွင် ကျောက်၀ိုင်းသို့ ပြည်ပကုန်သည်များ လာရောက်မှု နည်းပါးခြင်းနှင့်...

ခရိုနီတေဇနှင့်သားပြည့်ဖြိုးတေဇ အပါအဝင် ထူးကုမ္ပဏီဒါရိုက်တာများကို ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် စစ်တပ်က အမည်ပျက်စာရင်း​ ကြေညာ

ရန်ကုန်၊ ဧပြီ ၅ မြန်မာနိုင်ငံ၏ နာမည်ကျော် စီးပွားရေးသမားတစ်ဦးဖြစ်သော ခရိုနီ တေဇနှင့်သားပြည့်ဖြိုးတေဇ အပါအဝင် ထူးကုမ္ပဏီဒါရိုက်တာများကို ပို့ကုန်ရငွေ မပေးသွင်းမှုဖြင့် စစ်တပ်က အမည်ပျက်စာရင်း​ တွင် ထည့်သွင်းကြေညာသည်။ ယမန်နေ့ ဧပြီလ ၄ ရက်နေ့မှစတင်ပြီး စစ်တပ်က ပို့ကုန်ရငွေ နိုင်ငံခြားငွေများ ပေးသွင်းခြင်းမရှိသော စီးပွားရေသမားများနှင့်ကုမ္ပဏီ ၂၈၇...

ရန်ကုန်၊ ဒဂုံဆိပ်ကမ်းရှိ အာရှနဂါးအထည်ချုပ်စက်ရုံတွင် လစာထုတ်ပေးမည့် ငွေကျပ် သိန်း ၃၀၀၀ ကျော်ကို ဓားပြဝင်တိုက်သွား၊ အထည်ချုပ်အလုပ်သမား ၈၀၀ ကျော် လစာမရ

ရန်ကုန်၊ ဧပြီ ၄ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ကနောင်မင်းသားကြီးလမ်းပေါ်ရှိ "အာရှနဂါး" (Asia Dragon) အထည်ချုပ်စက်ရုံ၌ ယမန်နေ့ ဧပြီလ ၄ ရက်နေ့၊ လစာထုတ်ရက်တွင် သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးက ဝင်ရောက်ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပြီး အလုပ်သမားများအတွက် ပြင်ဆင်ထားသည့် လစာငွေကျပ် သိန်း ၃၀၀၀ ကျော်...

ယာယီသမ္မတ မင်းအောင်လှိုင်က သမ္မတအသစ် မင်းအောင်လှိုင် ထံသို့ အာဏာလွှဲပြောင်းပေးအပ်ပွဲ ကျင်းပမည်

ရန်ကုန်၊ ဧပြီ ၅ ယာယီသမ္မတ မင်းအောင်လှိုင်ဦးဆောင်သော အစိုးရအဖွဲ့ဟောင်းက သမ္မတအသစ် မင်းအောင်လှိုင် ဦးဆောင်သော အစိုးရသစ်ထံသို့ အာဏာလွှဲပြောင်းပွဲ ကျင်းပ ပြုလုပ်ရန်စီစဉ်နေကြောင်း နေပြည် တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ "သမ္မတ အိမ်တော်မှာ အစိုးရအာဏာလွှဲပြောင်းပွဲ လုပ်ဖို့ ပြင်ဆင်နေပြီ။ ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပွဲပြီးမှ သမ္မတအိမ်တော်မှာ အာဏာလွှဲပြောင်းပွဲလုပ်မှာ။...

သိမ်ဆိပ်တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာသက်ထူးအေးအောင်၏ မှားယွင်းဆေးထိုးမှုကြောင့် အသက် ၄ နှစ်အရွယ် မောင်ဖုန်းမြတ်ကို သေဆုံး၊ ဆေးမှတ်တမ်းမပေးဘဲ တိုင်ချင်ရာတိုင်ဟု ဆရာဝန်က စိန်ခေါ်

ရန်ကုန်၊ ဧပြီ ၅ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်ဆေးရုံတွင် တာဝန်ကျဆရာဝန် ဒေါကတာသက်ထူးအေးအောင်၏ ပေါ့ဆစွာ ဆေးကုသမှုကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး မိနစ်ပိုင်းအတွင်း အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု မတ်လကုန်ပိုင်းက ဖြစ်ပွားခဲ့ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးပေးရန် မိသားစုဝင်များက တရားမျှတမှု...

Latest news

- Advertisement -spot_img