26 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

31929 POSTS
0 COMMENTS

နိုင်ငံတစ်ဝန်း တန်ဆောင်တိုင် မီးထွန်းပွဲ ပျော်ပွဲရွှင်ပွဲ၊ စတိတ်ရှိုးနှင့်စျေးပွဲတော်များ မဖြစ်မနေ ကျင်း ပရန် စစ်ကောင်စီက ခိုင်းစေ ၊ ဗုံးကွဲခြင်းနှင့် ပစ်ခတ်ခံရလျှင် PDF လက်ချက်ဟု ကြေညာရမည်ဟု တပါတည်း အမိန့်ပေး

ရန်ကုန်၊ နိုဝင်ဘာ ၂ မြန်မာနိုင်ငံတစ်ဝန်း တန်ဆောင်တိုင် မီးပုံးပျံပွဲ၊ မီးထွန်းပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ စတိတ်ရှိုး၊ စျေးပွဲတော်များ မဖြစ်မနေ ကျင်းပရန် တိုင်းနှင့်ပြည်နယ်စစ်ကောင်စီများကို နေပြည်တော်က ညွှန်ကြား ခိုင်းစေထားပြီး ပွဲတော်များတွင် ဗုံးကွဲခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားလာလျှင် PDF များ၏ လက်ချက်ဟု ကြေညာရန် ပြင်ဆင်ခိုင်းထားကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရပ်ကွက်ထံမှ...

မင်းအောင်လှိုင်နှင့် စိုးဝင်းတို့၏ ရန်ကုန်နေအိမ် အနီးကပ် လုံခြုံရေး ယူထားသည့် အင်းလျားလမ်း စစ်တပ်ဂိတ် ပစ် ခတ်ခံရ၊ ည ၈ နာရီမှစတင်၍ အင်းလျားလမ်း ဖြတ်သန်းခွင့် စတင်ပိတ်

ရန်ကုန်၊ နိုဝင်ဘာ ၂ အကြမ်းဖက် မင်းအောင်လှိုင်နှင့် စိုးဝင်းတို့၏ ရန်ကုန်နေအိမ်များ တည်ရှိရာ အင်းလျားလမ်း လုံ ခြုံရေးယူထား သည့် စစ်တပ်ဂိတ်ကို အောက်တိုဘာ ၃၁ ရက်နေ့ညပိုင်းတွင် ပစ်ခတ်ခံရသဖြင့် ညပိုင်း အင်းလျားလမ်းဘက်သို့ ကားဖြတ် သန်းခွင့် စတင်ပိတ်ပင်လိုက်ကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။ အောက်တိုဘာလ ၃၁...

မြိုင်တွင် PDF ရဲဘော် ၅ ဦးကို ပစ်ခတ် ဖမ်းဆီးပြီးမှ စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်မှု စစ်ရာဇဝတ်မှု ကျူး လွန်ခြင်းဖြစ်ပြီး လက်တုံ့ပြန်မည်ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် PDF ရဲဘော် ၅ ဦးကို စစ်တပ်က ပစ်ခတ် ဖမ်းဆီးပြီးမှ ရက်ရက်စက်စက် သတ်ဖြတ်မှုသည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်၍ လက်တုံ့ပြန်မည်ဖြစ်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လက်ျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မြိုင်မြိုနယ် ဆိတ်သာရွာ တောင်ရိုးရွာ ဂွေးကုန်း ရွာ...

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်ရုံးထဲရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဗုံးဖောက်ခွဲ၊ မင်္ဂလာဒုံတွင်လည်း ဗုံးပေါက်

ရန်ကုန်၊ နိုဝင်ဘာ ၁ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်အတွင်းရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ဗုံးဖောက်ခွဲခဲ့ကြောင်း Mother Son Yangon Force တပ်ရင်း ၁ မှ ဗိုလ်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာ ၁ ရက်နေ့ ည ၈...

ထီးလင်း၊ ကျားခဲရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၁၄ လုံးပြာကျ

ရန်ကုန်၊ နိုဝင်ဘာ ၁ မကွေးတိုင်း ထီးလင်းမြို့နယ် ကျားခဲကျေးရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၄ လုံးပြာကျခဲ့ကြောင်း ယောအလင်းတန်း အဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ကျားခဲကျေးရွာ၌ ညအိပ်တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ပြည်သူပိုင်...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁ မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာ ၁ ရက်နေ့ ရရှိထားသော အချက်အလက်များအ ရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင်...

ကလေးမြို့ ဒေသခံ ပြည်သူများ ဖားကန့်တွင် ကျဆုံးခဲ့သည့် ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းပွဲ ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁ ကလေးမြို့ ပင်မ သပိတ် အင်အားစုများနှင့် ဒေသခံ ပြည်သူများ ဦးဆောင်ကာ "ဖားကန့်-အနန့်ပါ" တွင် အကြမ်းဖက် စစ်တပ် လေကြောင်း တိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့သည့် ပြည်သူများအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထီးလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် ၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ရင်းမှူး အပါအဝင် ၅ သေဆုံးကြောင်း YDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁ ရက်နေ့တွင် ထီးလင်းမြို့နယ် ကျားခဲကျေးရွာရှိ နေအိမ်...

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁ မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ယုံကြည်ချက် အကျဥ်းသားများနှင့်အတူ ငါတို့ ပြည်သူများ အမြဲ ရှိနေကြရမယ်” ခေါင်းစဥ်ဖြင့် သမဂ္ဂ ဆရာတော်များ ညသပိတ် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁ သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် "ယုံကြည်ချက် အကျဥ်းသားများနှင့်အတူ ငါတို့ ပြည်သူများ အမြဲ ရှိနေကြရမယ်" ခေါင်းစဥ်ဖြင့် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img