34 C
Yangon

စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဝန်ထမ်းလစာများတွင် နှစ်သောင်းတန် ငွေစက္ကူ များ စတင် ထည့် သွင်းပေးမည်ဖြစ်ပြီး တစ်သောင်းတန်ငွေစက္ကူများ ရိုက်နှိပ်မှု လျှော့ချ

Must read

စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဝန်ထမ်းလစာများတွင် နှစ်သောင်းတန် ငွေစက္ကူ များ စတင် ထည့် သွင်းပေးမည်ဖြစ်ပြီး တစ်သောင်းတန်ငွေစက္ကူများ ရိုက်နှိပ်မှု လျှော့ချ

■ မကြာမီ နှစ်သောင်းတန်ငွေစက္ကူအသစ်များ ငွေကြေးစျေးကွက်အတွင်းသို့ ပေါပေါသီသီ ဝင်ရောက် လာမည်

ရန်ကုန်၊ ဩဂုတ် ၁၈

အကြမ်းဖက်စစ်ကောင်စီက လာမည့်လများအတွင်း ပေးချေရမည့် ဝန်ထမ်း လစာများတွင် နှစ်သောင်းတန်ငွေစက္ကူအသစ်များကို စတင်ထည့် သွင်း အသုံး ပြု မည်ဖြစ်ပြီး တစ်သောင်းတန်ငွေစက္ကူများ ရိုက်နှက်မှုကိုလည်း လျှော့ချ လိုက်ပြီဖြစ်ကြောင်း နေပြည် တော် စစ်ကောင်စီ၏ ဗဟိုဘဏ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၃၁ ရက်နေ့တွင် မာရဝိဇယရုပ်တုပြီးစီးမှုနှင့် ဆင်ဖြူတော် ၁ နှစ် အပြည့် အမှတ်တရ ထုတ်ဝေသည်ဆိုသော နှစ်သောင်းတန်ငွေစက္ကူများကို ယခု ဩဂုတ်လအကုန် ဝန်ထမ်း လစာများတွင် စတင်ထည့်သွင်း အသုံးပြု မည် ဖြစ်ကြောင်း၊ တဖြည်းဖြည်းချင်း ဖြင့် နောက်ပိုင်းတွင် နှစ်သောင်းတန် ငွေစက္ကူ များ သုံးစွဲမှု တွင်ကျယ်လာမည်ဖြစ်ကြောင်း သိရှိရသည်။

“ဝန်ထမ်းလစာတွေမှာတော့ စပြီး နှစ်သောင်းတန်ငွေစက္ကူတွေ စပေးမယ်။ ဘယ်လောက်ပမာဏ ထည့်ပေးမလဲတော့ မသိဘူး။ ဝန်ထမ်းလစာတွေထဲမှာ နှစ်သောင်းတန်တွေ ထည့်ပေးဖို့တော့ လုပ်နေပြီလို့ သိရတယ်။ ဒီဩဂုတ်လ ကုန်မှာ နှစ်သောင်းတန်တွေ စပါဖို့များတယ်။ အမှန်က ဇူလိုင်လောက် ကတည်းက ပေးဖို့ ။ စျေးကွက်မှာ နှစ်သောင်းတန်နဲ့ပတ်သက်လို့ ငွေကြေး ဖောင်းပွ မယ်ဆိုတာမျိုး စျေးကွက်က အရမ်းတုံ့ပြန်မှုများတော့ ခဏ ပြန်ထိန်း လိုက်တာလို့သိရတယ်။ အခုတော့ တဖြည်းဖြည်း လူတွေ လက်ထဲ ရောက်လာ မယ့် အခြေအနေပါပဲ။ ချက်ချင်းရောက်မှာနဲ့ တဖြည်းဖြည်းချင်း ရောက်မလား ဆိုတာပါပဲ”ဟု စစ်ကောင်စီ၏ ဗဟိုဘဏ်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

အခြားတစ်ဖက်တွင်လည်း အကြမ်းဖက်စစ်ကောင်စီက တစ်သောင်းတန် ငွေစက္ကူ ရိုက်နှိပ်မှုကို လျှော့ချလိုက်ပြီး တစ်သောင်းတန်အစား နှစ်သောင်း တန်များကိုသာ ဦးစားပေးရိုက်နှိပ်မည် ဖြစ်ကြောင်း၊ အချိန်ကာလ ကြာမြင့် သည် နှင့်အမျှ တစ်သောင်းတန် ငွေစက္ကူများ နေရာတွင် နှစ်သောင်း တန် ငွေစက္ကူများ အစားထိုးဝင်ရောက် လာမည်ဖြစ်ကြောင်း၊ တစ်သောင်း တန်ငွေ စက္ကူကို ဖျက်သိမ်းမည် မဟုတ်ဟုတ်သော်လည်း ရိုက်နှိပ်မှု လျှော့ချခြင်းနှင့် နှစ်သောင်း တန်ငွေစက္ကူများကိုသာ ပိုမို ရိုက်ထုတ်၍ ငွေကြေးလှည့်ပတ် သုံးစွဲမည် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article