30 C
Yangon

ဖားကန့်မြို့နယ်၊ နန့်ပုတ်ကျေးရွာဈေးအတွင်းသို့ စစ်တပ် လက်အောက်ခံ SNA တပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၇ ဦးဒဏ်ရာရ

Must read

ဖားကန့်မြို့နယ်၊ နန့်ပုတ်ကျေးရွာဈေးအတွင်းသို့ စစ်တပ် လက်အောက်ခံ SNA တပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၇ ဦးဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ပုတ်ကျေးရွာဈေးတန်းသို့ အကြမ်းဖက် စစ်တပ် လက်အောက်ခံ SNA ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ ရာ ပြည်သူ ၇ ဦးဒဏ်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသနေ ပြည်သူများက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့ ဩဂုတ်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန် ဆယ်ဇင်းကုန်း အုပ်၊ နန့်ပုတ်ကျေးရွာဈေး အတွင်းသို့ သံယောဉ်ဇင်ကုန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်လက်အောက်ခံ SNA ပြည်သူ့ စစ်အဖွဲ့က ၆၀ မမ လက် နက် ကြီးဖြင့် ၂ ချက်ပစ်ခတ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ရွာသူ၊ ရွာသား ၇ ဦး ထိမှန်ဒ ဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆယ်ဇင်းဘက်မှာ SNA ရယ်၊ KIA ရယ် PDF ရယ် တပ်ဖွဲ့ ၃ ခုက ထိန်းချုပ် ထား တဲ့နယ်မြေကြားထဲမှာ နန့်ပုတ် ကျေးရွာဆိုတာ ရှိတယ်၊ အဲဒီနန့်ပုတ် ကျေးရွာက SNA ပဲဖြစ်ဖြစ်၊ KIA ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ရိက္ခာတွေ ဝယ်တဲ့ နေရာ ၊အဲဒီကျေးရွာဈေးထဲကို ဒီနေ့စစ်ကောင်စီဘက်က လက်နက်ကြီး နဲ့ပစ်တာ ပြည်သူ ၇ ယောက်ထိ သွားတယ်ဗျ၊ ပစ်တာမှ အများကြီး ပစ်တာ မဟုတ်ဘူး၊ ၂ ချက်ပဲပစ်တာ၊ လူနာတွေကတော့ ဘယ်ပို့ပြီး ဘယ်လို ကုသပေး ထားလဲတော့ မသိရဘူး၊ ဆေးကုမှုတော့ ပေးထားတယ် လို့တော့ သိရတယ်” ဟု ဒေသနေပြည်သူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြောကြား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article