30.8 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

39051 POSTS
0 COMMENTS

ကုလသမဂ္ဂတွင် မြန်မာစစ်ကောင်စီက ကိုယ်စားပြုခွင့်ရန် ကြိုးပမ်းနေမှုများကို ဒီမိုကရေစီနိုင်ငံများက တားဆီးရပ်ဆိုင်းရမည်

By Kelley Currie လွန်ခဲ့သည့်လက ကျင်းပခဲ့သော ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အဆင့်မြင့်အစည်းအဝေးအတွင်း ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းယူခဲ့သော မြန်မာစစ်ကောင်စီအား ကုလသမဂ္ဂနှင့် ၎င်း၏ လက်အောက်ခံအဖွဲ့အစည်းများက တရားဝင်ဖြစ်အောင် လုပ်နေမှုကို ရပ်ဆိုင်းရန် ကမ္ဘာအရပ်ရပ်မှ အရပ်ဖက်အဖွဲ့အစည်း ၇၀၀ ခန့်က အပြင်းအထန် တောင်းဆိုထားသည့်...

စစ်ကောင်စီက ချီးမြှင့်သည့် စွမ်းရည် သတ္တိဂုဏ်ထူးဆောင် ရဲဗလတံဆိပ်ရ မြောက်ဥက္ကလာ ရာအိမ်မှူး စိုးစိုး ပစ်ခတ်ခံရပြီး သေဆုံး၊ သထုံတွင်လည်း နယ်ထိန်းရဲ အောင်ဝင်းထွန်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် စစ်ကောင်စီက ချီးမြှင့်သည့် စွမ်း ရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်၊ ရဲဗလတံဆိပ်ရ ဌ ရပ်ကွက် ရာအိမ်မှူး စိုးစိုးသည် ယနေ့ နံနက်ပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။ အောက်တိုဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီ ၃၀...

အကြမ်းဖက်စစ်တပ်က လွိုင်ကော်မြို့နယ်၊ ဝါရီကောခူကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရပြီး တစ်ဦး စိုးရိမ်ရ

ရန်ကုန်၊ အောက်တိုဘာ ၂၆ ကရင်နီပြည်နယ်တွင် စစ်ကြောင်းထိုး ကျူးကျော်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စု၊ ဝါရီကောခူကျေးရွာကို အောက်တိုဘာလ ၂၆ ရက် ယနေ့နံနက်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရပြီး တစ်ဦးမှာ စိုးရိမ်ဒဏ်ရာရကြောင်း သတင်းရရှိသည်။ လက်နက်ကြီး ထိမှန်မှုကြောင့် ဝါရီကောခူကျေးရွာရှိ...

ဝမ်းတွင်းတွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး အသတ်ခံရပြီးနောက် ပြည်သူ ၉၀ ဦးကျော်ကို စစ်တပ်က ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်၊ နှိပ်စက်မခံလိုလျှင် ငွေကျပ် သိန်းဆယ်ချီ စစ်တပ်ကို ပေးရ

ရန်ကုန်၊ အောက်တိုဘာ ၂၆ မန္တလေး၊ ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူးတို့ ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် စစ်တပ်က ပြည်သူ ၉၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးထားကြောင်း သိရသည်။ ဝမ်းတွင်းမြို့နယ်အတွင်း အောက်တိုဘာလ ၉ ရက်နေ့ ရဲစခန်းမှူး ရဲအုပ်ဗိုလ်စော၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်မိုးဦးတို့...
00:07:35

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ၂၆ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ဒေသခံ ပြည်သူထုတွေ၊ အနုပညာရှင်တွေ၊ KIA အရာရှိ/ရဲဘော်တွေ အစုလိုက်...

ဝက်လက်တွင် PDF ရဲဘော် ၂ ဦး မိုင်းမတော်တဆမှုဖြင့် ကျဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၆ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် PDF ရဲဘော် ၂ ဦး မိုင်းမတော်တဆ ဖြစ်ကာ ကျဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရန် သွားစဉ်...

မြန်မာနိုင်ငံတွင် Joom အက်ပလီကေးရှင်း ဆောဖ့်ဝဲအတုဖြင့် မန်ဘာ အဖွဲ့ဝင်များ စုဆောင်းကာ ငွေသိန်းထောင်သောင်းချီ လိမ်လည်မှုဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၂၆ ကမ္ဘာကျော် အွန်လိုင်းကုမ္ပဏီတစ်ခုဖြစ်သည့် Joom ကုမ္ပဏီ၏ အမည်၊ Logo များကို အသုံးပြုကာ ဝက်ဘ်ဆိုက်အတု၊ ဆော့ဖ်ဝဲလ်အတု၊ အက်ပလီကေးရှင်း အတု ဖန်တီး၍ MLM ပုံစံဖြင့် ငွေထည့်ခိုင်း ၊ အဖွဲ့ဝင် ရှာဖွေခိုင်းပြီး ကျပ်သိန်းထောင်သောင်းချီ လိမ်လည်မှုဖြစ်ပွားကြောင်း Joom...

မန္တလေးတွင် ရတနာကုန်သည် ဦးစိန်ဝင်းကို စစ်တပ်နှင့်ရဲက ပစ်သတ်၊ ကားပေါ်ပါ သိန်းထောင်ချီတန် ကျောက်စိမ်းနှင့်အချောထည်များ ပျောက်ဆုံးမှု စစ်တပ်နှင့်ရဲ အပြန်အလှန် လွှဲချကာ လက်သည်မပေါ်ဘဲ ပျောက်ဆုံးနေ

ရန်ကုန်၊ အောက်တိုဘာ ၂၆ မန္တလေးတွင် အောက်တိုဘာလ ၂၂ ရက်နေ့ ညပိုင်း တစ်ဦးတည်းကားမောင်းလာသည့် ကျောက်စိမ်းနှင့်ရတနာကုန် သည် ဦးစိန်ဝင်းကို စစ်တပ်နှင့်ရဲက ပစ်သတ်လိုက်ပြီး ကားပေါ်ပါ သိန်းထောင်ချီတန် ကျောက်စိမ်းနှင့်ရတနာ အချောထည်များ ပျောက်ဆုံးနေကာ စစ်တပ်နှင့်ရဲက အပြန်အလှန်လွှဲချနေသဖြင့် လက်သည်မပေါ်ဘဲ ပျောက်ဆုံး နေကြောင်း သိရှိရသည်။ အောက်တိုဘာလ...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးပြီး PDF ၁ ဦးကျဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၆ မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၂၅ ရက်နေ့ ရရှိထားသော အချက် အလက်များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးကြောင်း ၊ PDF ၁ ဦး ကျဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား...

ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် စစ်ကောင်စီ၏ Gas ပိုက်လိုင်း၊ အုပ်ချုပ်ရေးမှူးရုံး၊ စစ်ကြောင်းနှင့် စစ်ကားတို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၅ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီ၏ Gas ပိုက်လိုင်းများ၊ အုပ်ချုပ်ရေးမှူးရုံး၊ စစ်ကြောင်းနှင့် စစ်ကားတို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကြောင်း ဒေသခံ ကာကွယ်ရေး အဖွဲ့များထံမှ သိရသည်။ မန္တလေးတွင် MOGE Gas ပိုက်လိုင်း ဖောက်ခွဲ တိုက်ခိုက်ခံရ မန္တလေး၊...

Latest news

- Advertisement -spot_img