29.6 C
Yangon

ဝမ်းတွင်းတွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူး အသတ်ခံရပြီးနောက် ပြည်သူ ၉၀ ဦးကျော်ကို စစ်တပ်က ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်၊ နှိပ်စက်မခံလိုလျှင် ငွေကျပ် သိန်းဆယ်ချီ စစ်တပ်ကို ပေးရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၆

မန္တလေး၊ ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် စခန်းမှူးတို့ ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် စစ်တပ်က ပြည်သူ ၉၀ ကျော်ကို အကြောင်းမဲ့ ဖမ်းဆီးထားကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အတွင်း အောက်တိုဘာလ ၉ ရက်နေ့ ရဲစခန်းမှူး ရဲအုပ်ဗိုလ်စော၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်မိုးဦးတို့ ပစ်ခတ် သတ်ဖြတ်ခံလိုက်ရရာ ယင်းပစ်သတ်ခံရမှုများ ဖြစ်ပွားပြီးနောက် တစ်ရက်လျှင် ပြည်သူ ၇ ဦး ဝန်းကျင်ကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ဝမ်းတွင်းမြို့နယ်အတွင်းရှိ NLD ပါတီ ထောက်ခံသူများကို အဓိက ဖမ်းဆီးပြီး လမ်းသွားလမ်းလာ ပြည်သူများကိုလည်း စစ်ဆေးမှုများ ပြုလုပ်ကာ အကြောင်းမဲ့ ဖမ်းဆီးနေကြောင်း၊ ဖမ်းဆီးခံသူ တချို့ကို ငွေကျပ် ၅ သိန်း တောင်းပြီး ပြန်လွှတ်ပေး​ကာ ပိုက်ဆံ တတ်နိုင်သူများကို ငွေကျပ် ၁၉ သိန်းအထိ တောင်းယူကြောင်း သိရသည်။

“တစ်ချို့က အပြစ်မရှိတဲ့သူတွေ ယောက်ျားလေးတွေဆို ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သတ်တာတစ်ခုခုတွေ့လိုက်တာနဲ့ အဲ့ကလေးကို နေရာတင် လက်ပြန်ကြိုးတုပ်ပြီးရိုက်တာ ပြီးရင် ဖုန်းထဲမှာရှိတဲ့ နံပါတ်အကုန်ခေါ်ပြီး တစ်ယောက်ချင်းခေါ်ခိုင်းတာ တစ်ချို့တွေဆိုစစ်ကြောရေးထိရောက်သွားကြတယ်။ ကျွန်တော်တို့ သတင်းရသလောက်တော့ ၈ ဦးလောက် စစ်ကြောရေးကိုရောက်တယ်။ အဖမ်းခံရတာ ၉၀ လောက်ရှိနေပြီ တစ်ချို့ကတော့ ၄သိန်း၊ ၅သိန်း ပေးပြီး လွတ်လာကြတယ်။ NLD အမာခံတွေကိုပဲ ရွေးပြီးဖမ်းကြတယ်။ ပိုက်ဆံရှိရင်ရှိသလို ငွေအများကြီး ပေးရတယ်။ တစ်ချို့ဆို ၁၉သိန်း အပြစ်မဲ့ပြည်သူတွေကို အကြောင်းပြချက် အမျိုးမျိုးနဲ့ အကုန်ဖမ်းတာ သဲလွန်စ မရရင် ငွေရမယ်ဆိုပြီး လုပ်နေတာ တစ်ရက်ကို ပျမ်းမျှ ၇ယောက်နှုန်းဖမ်းပါတယ်” ဟု Voice of Wundwin အဖွဲ့က ပြောသည်။

ဓာတ်ပုံ- ဝမ်းတွင်းရဲစခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article