26.2 C
Yangon
- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

39298 POSTS
0 COMMENTS

ကြာအင်းဆိပ်ကြီးတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံးပြီး သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၁၀ ဦးဒဏ်ရာရကာ ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာ စစ်တပ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ် ဆို့ထားစဉ် စစ်တပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ရဟန်း ၂ ပါး အပါအဝင် ပြည်သူ ၁၀...

မြောင်နှင့် ရေစကြို အစပ်တွင် စစ်ကြောင်းထိုးနေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ၉ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ စစ်ကိုင်းတိုင်း မြောင်မြို့နယ်နှင့် မကွေးတိုင်း ရေစကြိုမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ် တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ၉ ဦး အရှင်ဖမ်းမိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၆...

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်မထုတ်တော့ဘဲ မြန်မာ ကြူအာ ဒီဂျစ်တယ် ငွေပေးငွေယူ စနစ်ကို စတင်လိုက်ပြီး သူတို့စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေကို လစာပေးတာ အပါအဝင် ဘတ်ဂျက်လိုငွေပြမှုနဲ့ စီမံကိန်းအသုံးစရိတ်တွေအထိ...

မိတ္တီလာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ Non-CDM စာရေး မြင့်အေး နှင့် ပေါင်မြို့နယ်၊ ညောကုန်းကြီးရွာ အုပ်ချုပ်ရေးမှူးတို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဌာနခွဲစာရေး ရုံးအုပ်ကြီး မြင့်အေး ပစ်သတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မိတ္ထီလာမြို့ ထွေ/အုပ်ရုံးမှ ရုံးအုပ်ကြီး မြင့်အေးသည် ရေချိုရွာမှ မိတ္ထီလာမြို့...

NUG ဝန်ကြီးချုပ်၏ ရန်ကုန်နှင့်ပဲခူးဒေသ စိုးမိုးရေး မိန့်ခွန်းကြောင့် အမြန်လမ်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် မြို့များတွင် စစ်တပ်က လုံခြုံရေး အထူးတိုးမြှင့်ခဲ့သော်လည်း ကင်းစခန်းငယ်များ အတိုက်ခံလိုက်ရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်၍ ရန်ကုန်-မန္တလေး အမြန်လမ်း၊ လမ်းဟောင်းနှင့် ပဲခူး-ရန်ကုန်တိုင်းအစပ်များတွင် လုံခြုံရေး အထူးတိုးမြှင့်ခဲ့သော်လည်း ကင်းစခန်းငယ်များကို အလစ်အငိုက် ဝင်ရောက် တိုက်ခံရကြောင်း စစ်တပ်အတွင်း ပေးပို့ထားသော ကြေးနန်းများကို ကိုးကား၍ နေပြည်တော်တပ်သတင်း ရင်း မြစ်က ပြောဆိုသည်။ အမျိုးသားညီညွတ်ရေးအစိုးရ-NUG...

ဖားကန့်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး နှင့် KIA၊ PDF၊ NUG ထောက်ခံကြောင်း လူထုက ချီတက် သပိတ်မှောက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ဖေဖော်ဝါရီလ ၂၈ ရက်နေ့ စစ်အာဏာ ရှင် ဆန့်ကျင်ရေး လူထုသပိတ်နှင့် KIA, PDF, NUG ထောက်ခံပွဲပြုလုပ်ကြကြောင်း သိရှိရသည်။ ဖားကန့်ပြည်သူများက ကချင်ပြည်နယ်အနှံ့ မြို့သိမ်းတိုက်ပွဲများ ဆင်နွဲနေသော တော်လှန်ရေးအဖွဲ့များ တိုက်ပွဲတိုင်းတွင် အနိုင်ရရှိစေရန် ဆုတောင်းပေးခဲ့ကြပြီး “...

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ထွေ/အုပ်ရုံးကို ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲမှု ထိခိုက်မှုရှိ နိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Yangon UG People Army – YUPA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက် ညနေ့ ၇ နာရီ...

စလင်းမြို့နယ်မှ ကျေးရွာများကို စစ်တပ်က ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှု နေအိမ်ရာချီ ပြာကျ၊ ပုလဲမြို့နယ်၊ တောသာရွာကိုစစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ မှု ပြည်သူ ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ပြောင်းခင်း တောင်ရွာနှင့် မြောက်ရွာကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၇ ရက်၊ ၁၈ ရက်နှင့်...

ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူ ဦးအောင်စိုးကို လည်လှီးသတ်ဖြတ်ကာ အသက် ၉၀ နှစ်အရွယ် အဘွားနွဲ့ကြည်ကိုလည်း မီးရှို့သတ် ၊ စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၁၀၀ ခန့်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူ ဦးအောင်စိုးနှင့် အသက် ၉၀ နှစ်အရွယ် အဘွားနွဲ့ကြည်တို့ကို သတ်ဖြတ်ကာ နေအိမ် ၁၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ...

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော်ကို အာဂျင်တီးနား တရားရုံးက ဖမ်း၀ရမ်းထုတ်ထားအပေါ် ဖြေရှင်းဖို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီကို NLD ပါတီက ဖွဲ့စည်းမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-ဗဟိုအလုပ်ကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြင့်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ ကရင်ပြည်နယ်၊...

Latest news

- Advertisement -spot_img