29 C
Yangon

မြောင်နှင့် ရေစကြို အစပ်တွင် စစ်ကြောင်းထိုးနေသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ၉ ဦး အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်း မြောင်မြို့နယ်နှင့် မကွေးတိုင်း ရေစကြိုမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ် တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ ၉ ဦး အရှင်ဖမ်းမိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ရေစကြိုမြို့နယ်မှ ရေလယ်ကျွန်းဒေသသို့ အင်အား ၁၀၀ ကျော်ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅ ဦး သေဆုံးကာ စစ်သုံ့ပန်း ၉ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ အကြမ်း ဖက် စစ်တပ်ကလည်း Mi-35 ရဟတ်ယာဉ် ၊ ဂျက်ဖိုက်တာ ၂ စီး တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တော် လှန်ရေး ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“မြောင်နယ်နဲ့ ရေစကြိုနယ် အကြားမှာ ၃ နာရီကြာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့တယ်။ စစ်ခွေးတွေကလည်း Mi-35 ရဟတ်ယာဉ် နဲ့ ဂျက်ဖိုက်တာ ၂ စီး တို့နဲ့ လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး အင်အား ၁၀၀ ကျော်ခန့်လောက်က ရေစကြိုမြို့နယ်ကနေ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာလို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာ စစ်သုံ့ပန်း အရှင် ၉ ကောင် ဖမ်းမိတယ်။ စစ်ခွေး ၅ ကောင် သေဆုံးတယ်။ PDF ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်ကို လက်နက်ကြီး၊ လေကြောင်း တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး စစ်ကြောင်းထိုးလာမည်ကို စိုးရိမ်သောကြောင့် ဒေသပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article