30.5 C
Yangon

ကြာအင်းဆိပ်ကြီးတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံးပြီး သံဃာတော် ၂ ပါး အပါအဝင် ပြည်သူ ၁၀ ဦးဒဏ်ရာရကာ ဘုန်းကြီးကျောင်းနှင့်နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာ စစ်တပ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပိတ် ဆို့ထားစဉ် စစ်တပ်က ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ရဟန်း ၂ ပါး အပါအဝင် ပြည်သူ ၁၀ ဦးဒဏ်ရာရ၊ ဘုန်းကြီး ကျောင်းနှင့်နေအိမ်များ ပျက်စီးခဲ့ကြောင်း နဂါးနီစစ်ကြောင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းဗျူဟာစခန်းမှ ဗျူဟာမှူး ဝနလှိုင်နှင့်အဖွဲ့အား Mi 17 ရဟတ်ယာဉ်ဖြင့် လူချိန်းရန် လာရောက်သဖြင့် တော်လှန်ရေး တပ်ဖွဲ့ များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ်မှာ မြေပြင်သို့ ဆင်းသက်နိုင်ခြင်းမရှိဘဲ လှည့်ပြန်သွား ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အနန်းကွင်းကျေးရွာ၊ ပန်းအောင်ကျေးရွာ၊ ခုနှစ်ဝါ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီမှ Jet Fighter ၂ စီး၊ Y 12 ၁ စီး ဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့ကြောင်း၊ စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပန်းအောင်ကျေးရွာမှ ရဟန်းသံဃာ ၂ ပါး နှင့် ရွာ သား ၅ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရွာဘုန်းကြီးကျောင်းအဆောင်များ ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

အလားတူ ခုနှစ်ဝါ (ခ) မောထီးကျေးရွာတွင် စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့ကာ နေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်များ ပိတ်ဆို့ထားသော အနန်းကွင်းဗျူဟာတပ်စခန်းတွင် ဗျူဟာမှူး ဝဏ္ဏလှိုင် အပါအဝင် အင်အား ၂၀၀ ကျော်ခန့် ရှိနေပြီး လက်ရှိ နောက်ဆုံးအခြေအနေအထိ တော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့ထားဆဲဖြစ်ကြောင်း၊ အကြမ်း ဖက်စစ်ကောင် စီတပ်သားများမှာ စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသည့် ကျေးရွာများကို လူမဆန် စွာ လေကြောင်းဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန် ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article