- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

45118 POSTS
0 COMMENTS

ဗန်းမော်မြို့၊ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်များက ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် စစ်သား ၁၀ ဦးကျော်သေဆုံးပြီး တပ်ပြန်ဆုတ်သွား

ရန်ကုန်၊ စက်တင်ဘာ ၁၀ ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်များက ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး အပါအဝင် စစ်သား ၁၀ ဦးကျော်သေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဗန်းမော်တွင် နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို...

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ KNA ကို နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။ မြန်မာစစ်အုပ်စုက တရုတ်ကုမ္ပဏီ Geedge (ဂျိ့ချ်) Networks ဆီကနေ အင်တာနက်သုံးစွဲမှုနဲ့ မိုလ်ဘိုင်း ဖုန်းသုံး...

မော်လမြိုင်တွင် လှိုင်ရတနာမြို့သစ်စီမံကိန်းအတွက် ပြည်သူ့ နေအိမ် ၆၀၀ ကျော်ကို လျှော်ကြေးမပေးဘဲ ဖျက်သိမ်းပြီးနောက် မြေကွက်အစားထိုးပေးမည်ဟုဆိုကာ မြေကွက် ၁ ကွက်လျှင် ငွေကျပ် သိန်း ၃၀၀ စစ်တပ်က တောင်းပြန်

ရန်ကုန်၊ စက်တင်ဘာ ၁၀ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်သူလူထု၏ နေအိမ် ၆၀၀ ကျော်ကို စစ်တပ်က လျှော်ကြေးမပေးဘဲ ဖျက်သိမ်းပြီးနောက် မြေ ကွက်အစားထိုးပေးမည်ဟုဆိုကာ အစားထိုးမြေကွက် ၁ ကွက်လျှင် ငွေကျပ် သိန်း ၃၀၀ တောင်းခံလာကြောင်း မြေ ကွက်ဖျက်သိမ်းခံရသည့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူများပြားလွန်းသည်ဟု စန္ဒာမင်းက ကြွားလုံးထုတ်ပြီး ၁ ရက်အကြာ သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီကို စစ်တပ်က ဖျက်သိမ်း

ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတို့လည်း ဖျက်သိမ်းခံရ ရန်ကုန်၊ စက်တင်ဘာ ၁၀ ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူများပြားလွန်းသည်ဟု စန္ဒာမင်းက ကြွားလုံးထုတ်ပြီးနောက် သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကို ဖျက်သိမ်းလိုက်ကြောင်း အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။ စက်တင်ဘာလ ၉...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၄ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာလ ၉ မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၉ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၄ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင်...

ရွှေရေကြည် သပိတ်စစ်ကြောင်းက စစ်တပ် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၉ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဆန္ဒပြခဲ့ကြောင်း သိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage...

တောင်ငူမြို့နယ်တွင် စစ်တပ် တပ်စွဲထားသောနေရာများနှင့် လှည့်ကင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၉ ပဲခူတိုင်း၊ တောင်ငူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသောနေရာများနှင့် လှည့်ကင်းကို တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Kenni Twilight Zone မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဩဂုတ်လ ၂၄ ရက်၊ ၂၆ ရက်နှင့် ၃၀ ရက်နေ့တို့တွင်...

ထီးလင်းနှင့် တနင်္သာရီ မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းနှင့် ရိက္ခာပို့ ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၉ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့မှ ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော် မတီ - YDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ စက်တင်ဘာလ ၈ ရက်...

ကန့်ဘလူတွင် စစ်တပ် ယာယီ တပ်စွဲထားသော နေရာနှင့် ကင်းလှည့်လာသော စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၉ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာယီ တပ်စွဲထားသော နေရာနှင့် ကင်းလှည့်လာသော စစ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း Air Force One မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ စက်တင်ဘာလ ၅ ရက်နေ့...

ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၉ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၁၃...

Latest news

- Advertisement -spot_img