- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

44424 POSTS
0 COMMENTS

မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ပွဲရုံဝင်းအတွင်းတွင် နေ့အချိန် စစ်မှုထမ်းခိုင်းရန် လူငယ်တချို့ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စုဆောင်းရေးတပ်သို့ ပို့ဆောင်ခံရ

ရန်ကုန်၊ ဇူလိုင် ၂၉ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင် ပွဲရုံဝင်းအတွင်းတွင် နေ့အချိန် စစ်မှုထမ်းခိုင်းရန် လူငယ်တချို့ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်တပ်ထဲ ခေါ်ဆောင်ခံရကြောင်း ဖမ်းဆီးခံရသော လူငယ်တချို့၏ မိဘဆွေမျိုးများနှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇူလိုင်လ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်မှစတင်ပြီး...

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂၉ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -စစ်သား၊ ရဲ၊ ပြည်သူ့စစ် (ခေါ်) ပျူစောထီးတွေနဲ့ ပြည်သူတွေအားလုံး စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားရင် သေဒဏ်နဲ့ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ဥပဒေကို မင်းအောင်လှိုင်က ပြဋ္ဌာန်းလိုက်ပါတယ်။ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာအနီးတဝိုက်ကို...

ရွေးကောက်ပွဲ မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်သည်ဟု စစ်ကောင်စီ၏ ကြေညာမှု ခံထားရသော NLD ပါတီကို နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိစေရန် မင်းအောင်လှိုင်က ဥပဒေ ပြင်ဆင်ပြဋ္ဌာန်း

ရန်ကုန်၊ ဇူလိုင် ၂၉ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲတွင် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများကို ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့်မရှိဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ယမန်နေ့ ပြင်ဆင်ပြဋ္ဌာန်းလိုက်သည်။ အကြမ်းဖက် စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပထမအကြိမ် ပြင်ဆင်ခဲ့ပြီးနောက် ယခု ဒုတိယအကြိမ် အဖြစ်...

စစ်သား၊ ရဲ၊ ပြည်သူ့စစ်(ခေါ်) ပျူစောထီးများနှင့် ပြည်သူများအားလုံး စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားလျှင် သေဒဏ်နှင့်တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ချမှတ်နိုင်သော ဥပဒေကို မင်းအောင်လှိုင်က ပြဋ္ဌာန်း

ရန်ကုန်၊ ဇူလိုင် ၂၉ စစ်သား၊ ရဲ၊ ပြည်သူ့စစ်(ခေါ်) ပျူစောထီးများနှင့် ပြည်သူများအားလုံး စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက် ပေါက်ကြားလျှင် သေဒဏ်နှင့်တစ်သက် တစ်ကျွန်း ပြစ်ဒဏ်ချမှတ်နိုင်သော ဥပဒေကို မင်းအောင်လှိုင်က ပြဋ္ဌာန်းလိုက်သည်။ ကာကွယ်ရေးဝန်ထမ်း (သို့မဟုတ်) ကာကွယ်ရေးဝန်ထမ်းဟောင်းများအနေဖြင့် အဆိုပါ စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်းဥပဒေကို လိုက်နာရမည်ဖြစ်ပြီး ကာကွယ်ရေးဝန်ထမ်း(သို့မဟုတ်)...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၈ မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လ ၂၈ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၂၁ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင်...

သရက်ချောင်းမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းနေပြီး ကြာအင်းကျေးရွာမှ ပြည်သူ ၁၀ ဦးကိုလည်း ဖမ်းဆီးထား

ရန်ကုန်၊ ဇူလိုင် ၂၈ တနင်္ဿာရီတိုင်း၊ သရက်ချောင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းနေပြီး ကြာအင်းကျေးရွာမှ ပြည်သူ ၁၀ ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၂၆...

ကမ္မမြို့ပေါ်ရဲစခန်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ ဇူလိုင် ၂၈ မကွေးတိုင်း၊ ကမ္မမြို့ပေါ်ရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိကြောင်း RED GIANT အဖွဲ့မှ ဒေါင်းနီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇူလိုင်လ ၂၆ ရက်နေ့ ညနေ...

ရွှေရေကြည် သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇူလိုင် ၂၈ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂‌၈ ရက်နေ့တွင် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ရေဖြူ ခလရ ၂၈၂ တပ်ရင်းမှ မှတ်ပုံတင် အတုဖြင့် စစ်သင်တန်းကျောင်း ပို့ဆောင်ခံရသော အသက် ၁၆ နှစ်အရွယ် စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်

ရန်ကုန်၊ ဇူလိုင် ၂၈ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ခလရ ၂၈၂ တပ်ရင်းမှ မှတ်ပုံတင် အတုဖြင့် စစ်သင်တန်းကျောင်း ပို့ဆောင်ခံရသော အသက် ၁၆ နှစ်အရွယ် စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်လာကြောင်း အထူးတိုင်း နည်းဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော်စောဒါးကို...

မုံရွာမြို့နယ် ဗောဓိတစ်ထောင် စစ်တပ်စခန်းမှ မိုင်းနင်းမိ၍ သေဆုံးသွားသော ဒုဗိုလ် ရုပ်အလောင်းကို လာသယ်သည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၈ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဗောဓိတစ်ထောင် စစ်တပ်စခန်းမှ မိုင်းနင်းမိ၍ သေဆုံးသွားသော ဒုဗိုလ် ရုပ်အလောင်းကို လာသယ်သည့် စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Area71Local People Defense Force Monywa အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက...

Latest news

- Advertisement -spot_img