- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

44424 POSTS
0 COMMENTS

အင်းစိန်ထောင်တွင် ကျဆုံးခဲ့သူ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်ဟောင်း မဝတ်ရည်အောင်ကို ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်း

ရန်ကုန်၊ ဇူလိုင် ၂၆ အင်းစိန်အကျဉ်းထောင်တွင် ကျဆုံးခဲ့သူ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ် အမှု ဆောင် ဟောင်း မဝတ်ရည်အောင်ကို ဒဂုံတက္ကသိုလ်ကျောင်း သားများသမဂ္ဂက ကျောင်းသားအာဇာနည်ဘွဲ့ အပ်နှင်းလိုက်သည်။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောရေးတွင် ညှင်းပန်းနှိပ်စက်မှုကြောင့် ဦးခေါင်းဒဏ်ရာရရှိခြင်း၊ ထောင်တွင်းဆေးကုသမှု အပြည့်အဝမရရှိခြင်းတို့ကြောင့် ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကို ကျောင်းသားအာဇာနည်...

အငြင်းပွားနေသော နှစ်နိုင်ငံနယ်စပ်မှ ကမ္ဘောဒီးယားစစ်စခန်းကို သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိသော လက်နက်များကို ထိုင်းစစ်တပ်က ထုတ်ပြ

ရန်ကုန်၊ ဇူလိုင် ၂၆ ထိုင်းနှင့်ကမ္ဘောဒီးယားစစ်ပွဲမှာ ယနေ့ တတိယနေ့အဖြစ် ဆက်လက်ဖြစ်ပွားနေပြီး အငြင်းပွားနေသည့် နယ်စပ်တွင် တပ်စွဲထားသော ကမ္ဘောဒီးယား စစ်စခန်းကို ထိုင်းကသိမ်းယူလိုက်ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။ ယနေ့ ၂၆ ရက်နေ့ ထိုင်းစံတော်ချိန် နံနက် ၉ နာရီ ၂၀ မိနစ်အချိန် ထိုင်း-ကမ္ဘော ဒီးယားနယ်စပ်ရှိ...

မြန်မာနိုင်ငံသား လူငယ်မှန်သမျှ ၂ နှစ် အလှည့်ကျ မဖြစ်မနေ စစ်မှုထမ်းရမည့် အမြဲတမ်း ကာကွယ်ရေး စနစ်ကို စစ်ကောင်စီက သတ်မှတ်တော့မည်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၂၆ အကြမ်းဖက်စစ်ကောင်စီက အသက်သွင်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်ခြင်း၊ ပယ် ဖျက်ခြင်းနှင့် ရွှေ့ဆိုင်းခွင့်မရှိဘဲ လူငယ်မှန်သမျှ ၂ နှစ် နိုင်ငံတော်ကာကွယ်ရေးတာဝန် အလှည့်ကျ ထမ်းဆောင်ရမည့် အမြဲတမ်းကာကွယ်ရေးစနစ်ကို စစ်ကောင်စီက သတ်မှတ်တော့မည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ၅...

ကျောက်မဲ၊ နောင်ပိန်ရွာကို စစ်တပ်က ယနေ့ မွန်းလွဲပိုင်းမှ စ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူများ အပါအဝင် ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဇူလိုင် ၂၆ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မွန်းလွဲပိုင်းမှ စ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် ပြည်သူများ အပါအဝင် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၂၆...

မန္တလေးအိုးဘိုထောင်တွင် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ဆရာတော် ဦးပသံသိယ ဆေးကုသမှု လုံလောက်စွာ မရဘဲ ကင်ဆာရောဂါဖြင့် ပျံလွန်တော်မူ

ရန်ကုန်၊ ဇူလိုင် ၂၆ မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ဆရာတော် ဦးပသံသိယ ဆေးကုသမှု လုံလောက်စွာ မရဘဲ ကင်ဆာရောဂါဖြင့် ပျံလွန်တော်မူသွားသည်။ ယမန်နေ့ ဇူလိုင်လ ၂၅ ရက်နေ့ သက်တော် ၃၆ နှစ်၊ ဝါတော် ၁၆ ဝါရှိ...

ထောင်များတွင် လူ့အခွင့်အရေးချိုးဖောက်မှု၊ သတ်ဖြတ်မှု၊ နှိပ်စက်မှု များအတွက် တာဝန်ရှိသော အကျဉ်းဦးစီးအရာရှိနှင့် ဝန်ထမ်း ၁၃၀ ကျော်၏ စာရင်း ထုတ်ပြန်လိုက်ပြီး ဖမ်းဆီးအရေးယူရန် PPNM တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၂၆ မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် လူ့အခွင့်အရေးချိုးဖောက်မှု၊ သတ်ဖြတ်မှု၊ နှိပ်စက်မှု၊ ထောင်ပြောင်းရွှေ့မှုများအ တွက် တာဝန်ရှိသော အကျဉ်းဦးစီးအရာရှိနှင့် ဝန်ထမ်း ၁၃၀ ကျော်စာရင်းကို ထုတ်ပြန်လိုက်ပြီး တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါ တာဝန်ရှိသူများကို ဖမ်းဆီးအရေးယူရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ကတောင်းဆိုလိုက်သည်။ အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု၊...

ရေဖြူမြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို စွန့်ပစ်ထား

ရန်ကုန်၊ ဇူလိုင် ၂၆ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ခလရ ၂၈၂ တပ်ရင်း ဧရိယာ ဓာတ်ငွေ့ပိုက်လိုင်း အနီးတွင် အကြမ်း ဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းကို စွန့်ပစ်ထားကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်ကို KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။ ဇူလိုင်လ...

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် PDF အဖြစ် ကနေ စစ်ကောင်စီဆီကို ခိုလှုံခဲ့ဖူးတဲ့ လူဟောင်းတွေကို စစ်တပ်က ပြန်လည်ခေါ်ယူပြီး PDF ရဲဘော်အသစ်တွေအဖြစ် ထပ်ပြီး သရုပ် ဆောင်ခိုင်းကာ...

အုတ်ဖိုမှ ကျေးရွာ ၂ ခုကို စစ်တပ်က ပစ်ခတ်စီးနင်းမှု လူငယ် ၄၀ ကျော် အဖမ်းခံရပြီး လူ ၁ ဦး ကျည်ထိမှန်၊ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဇူလိုင် ၂၆ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် ပစ်ခတ်ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ် ၄၀ ကျော် ဖမ်းဆီးခံရပြီး ပြည်သူ ၁ ဦး ကျည်ထိမှန်ကာ နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်...

မြို့သစ်မြို့နယ်တွင် ခလရ ၂၂၈ တပ်ရင်းမှ အပတ်စဉ် ၁ သင်တန်းဆင်း စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်

ရန်ကုန်၊ ဇူလိုင် ၂၆ မကွေးတိုင်း၊ မြို့သစ်မြို့နယ်တွင် ခလရ ၂၂၈ တပ်ရင်းမှ အပတ်စဉ် ၁ သင်တန်းဆင်း စစ်မှုထမ်း တပ် သားသစ် ၁ ဦး အလင်းဝင်ရောက်လာခဲ့ကြောင်း တမူးခရိုင် ၊ အမှတ် -၂ တပ်ရင်းမှ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ဇူလိုင်...

Latest news

- Advertisement -spot_img