- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

44424 POSTS
0 COMMENTS

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီက ထိုင်းနဲ့ ကမ္ဘောဒီးယားပဋိပက္ခကို ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ဖြေရှင်းရေး အကြမ်းဖက် ဇော်မင်းထွန်းကပြောပါတယ်။ ယမန်နေ့ သတင်းမီဒီယာတွေကို ပေးပို့လိုက်တဲ့ အကြမ်းဖက်ဇော်မင်းထွန်းရဲ့အသံဖိုင်မှာ ၎င်းက အထက်ပါအတိုင်း ပြောဆိုလာတာဖြစ်ပါတယ်။ မန္တလေးတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကို...

မြန်မာ့နိုင်ငံရေး လောကတွင် NLD နာမည် ပျက်သုန်းသွားပြီဟု ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက ကြွေး ကြော်ကာ လူထုစည်းရုံးရေး လုပ်လာ

ရန်ကုန်၊ ဇူလိုင် ၂၅ မြန်မာ့နိုင်ငံရေး လောကတွင် NLD ပါတီ နာမည် ပျက်သုန်းသွားပြီဖြစ်ကြောင်း ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ကြံ့ဖွတ်ပါတီ၏ စည်းရုံးရေးဆိုင်ရာ အစည်းအဝေးများ၊ လူထုတွေ့ဆုံပွဲများတွင် တောက်လျှောက် ဆိုသလို ကြွေးကြော်စည်းရုံးလာကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီသာလျှင်...

မြန်မာပြည်သူများကို စစ်ပွဲများ ဆင်နွှဲ၍ သတ်ဖြတ်နေသော စစ်ကောင်စီက ထိုင်းနှင့်ကမ္ဘောဒီးယား ပဋိပက္ခကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရေး အကြမ်းဖက် ဇော်မင်းထွန်း အကြံပြု ပြောဆို

ရန်ကုန်၊ ဇူလိုင် ၂၅ မြန်မာပြည်သူများကို စစ်ပွဲများ ဆင်နွှဲ၍ သတ်ဖြတ်နေသော စစ်ကောင်စီက ထိုင်းနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံပဋိပက္ခကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဖြေရှင်းရန် စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းက အကြံပြု ပြောဆိုလိုက်သည်။ ယမန်နေ့ သတင်းမီဒီယာများသို့ ပေးပို့လိုက်သော အကြမ်းဖက်ဇော်မင်းထွန်း ၏ အသံဖိုင်တွင် ၎င်းက...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၄ မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လ ၂၄ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ် ဖွဲ့ဝင် ၃၁ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင်...

တနင်္သာရီတွင် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ ၊ ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းကိုလည်း ဒရုန်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၄ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ပြောဆိုသည်။ ဇူလိုင်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရမ်းဖို‌ကျေးရွာ၊ ကမ်းပါးနီ အနီးတွင် ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀...

ကျုံဒိုးမြို့နယ်၊ တောင်ကမ္မရိုက်ကျေးရွာ စာသင်ကျောင်းကို စစ်တပ်က ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စာသင်ဆောင်များ ပျက်စီး

ရန်ကုန်၊ ဇူလိုင် ၂၄ ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ တောင်ကမ္မရိုက်ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် စာသင်ဆောင်များ ပျက်စီးခဲ့ကြောင်း NMSP-AD/ Ramonnya Mon Army က ထုတ်ပြန်ထားသည်။ ဇူလိုင်လ ၂၃ ရက်နေ့...

တောင်သာမြို့နယ်၊ တပင်ကန်ရွာရှိ ရေအောင်မြင် ဘုန်းကြီးကျောင်းအနီး တပ်စွဲ ဂိတ်ချထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၄ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တပင်ကန်ကျေးရွာ ရေအောင်မြင်ဘုန်းကြီးကျောင်းအနီး တပ်စွဲဂိတ်ချထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း Myingyan District Army-3 Drone Team မှ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့ ခေါင်းဆောင်...

မတ္တရာနှင့် ပုသိမ်ကြီး ရှိ တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသော နေရာများကို စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒု-ဗျူဟာမှူး ဟု ယူဆရသော ဖြိုးကျော် ရုပ်အလောင်း အပါအဝင် စစ်သား ၇ ဦး၏ အလောင်းများ ထပ်မံ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇူလိုင် ၂၄ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသော နေရာများကို အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒု-ဗျူဟာမှူးဟု ယူဆရသော ဖြိုးကျော် ရုပ်အလောင်း အပါအဝင် စစ်သား ၆ ဦး၏ အလောင်းများ ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း...

သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးတွင် လေပြင်း တိုက်ခတ်သွားပြီး ရေတပ်လိုင်းခန်းများ ခေါင်မိုးပွင့်ထွက် ပျက်စီးကာ ရပ်ကွက်ထဲမှ နေအိမ်များ ထိခိုက်မှုမရှိ

ရန်ကုန်၊ ဇူလိုင် ၂၄ ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ရှုခင်းသာလမ်းမကြီးတွင် လေပြင်း တိုက်ခတ်သွားပြီး ရေတပ်လိုင်းခန်းများ ခေါင်မိုးပွင့်ထွက် ပျက်စီးကာ ရပ်ကွက်ထဲမှ နေအိမ်များ ထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် သာကေတမြို့နယ်၊...

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်က စစ်ဆင်ရေးများကို ကြီးကြပ်ကွပ်ကဲနေပြီး လေယာဉ်ဖြင့် ထွက်ပြေးပြီဆိုသော သတင်းများကို ဓာတ်ပုံများ ထုတ်ပြန်ငြင်းပယ်၊ ကမ္ဘောဒီးယား၏ ပစ်ခတ်မှုကြောင့် ထိုင်း ပြည်သူ ၁၁ ဦးနှင့် ထိုင်းစစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၄ အာဏာရှင် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်က ထိုင်းနိုင်ငံနှင့် စစ်ဆင်ရေးများကို ၎င်းကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေပြီး လေယာဉ်ဖြင့် ထွက်ပြေးပြီဆိုသော ထိုင်းသတင်းများကို ဓာတ်ပုံများ ထုတ်ပြန်ငြင်းပယ်လိုက်သည်။ ယနေ့တွင် ထိုင်းသတင်းဌာနများက ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်သည် လေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ထွက်ခွာသွားပြီဆိုသော သတင်းများကို ဖော်ပြပြီးနောက် ဟွန်ဆင်က သူ၏...

Latest news

- Advertisement -spot_img