- Advertisement -spot_img

AUTHOR NAME

Yangon Khit Thit News Agency

45614 POSTS
0 COMMENTS

ငါန်းဇွန်မြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးကာ အများအပြား ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၃ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၆ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇူလိုင်လ...

အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးက ဆန့်ကျင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၃ အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတစ်ရပ်လုံးဆန့်ကျင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရက တိုက်တွန်းပြောဆိုသည်။ ဇူလိုင်လ ၁ ရက်နေ့ ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်တွင် NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ စစ်အုပ်စုမှာ တရားမဝင် မတရား ပြည်သူ့အာဏာကို ရယူရန် ကြိုးစားနေသည့် သူများဖြစ်ပြီး ရွေးကောက်ပွဲ...

Khit Thit သတင်းဌာန၏ ဇူလိုင် ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ အကြမ်းဖက် မင်းအောင်လှိုင်က သူတို့စစ်တပ်ကို အကျိုးပြုသူနဲ့ စစ်တပ်ခိုင်းတာတွေကို လုပ်ဆောင်တဲ့ အမျိုးသမီး ၁၅၀ ကျော်ကို ဆုံတံဆိပ်တွေပေးနေပြန်သလို ၊ အဲ့ဒီ့ထဲမှာ မဘသ အဆိုတော် လီလီနိုင်ကျော်၊ စောမြရာဇာလင်း၊ မြင်းခြံပျူစောထီး...

ဖားဆောင်းမြို့အခြေစိုက် ခလရ ၁၃၄ ကို သိမ်းပိုက်ရရှိပြီး စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီးကို ပစ်ချနိုင်ခဲ့ဟု ကရင်တပ်ပေါင်းစုက ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၃ ကရင်နီပြည်၊ ဖားဆောင်းမြို့အခြေစိုက် ခလရ ၁၃၄ ကို တိုက်ခိက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ တိုက် လေယာဉ် ၁စီးကိုလည်း ပစ်ချနိုင်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။ ဇွန်လ ၂၅ ရက်နေ့ဖားဆောင်မြို့အခြေစိုက် စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ခလရ...

မကွေးမြို့နယ်တွင် ပြည်သူများထံမှ စစ်မှုထမ်းကြေး အတင်း အဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ဘိုဝင်းဌေး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဇူလိုင် ၃ မကွေးတိုင်း၊ မကွေးမြို့နယ်တွင် ပြည်သူများထံမှ စစ်မှုထမ်းကြေး အတင်း အဓမ္မ ကောက်ခံနေသည့် အုပ်ချုပ်ရေးမှူး ဘိုဝင်းဌေးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း မကွေးပြောက်ကျားတပ် တာဝန်ခံ ကိုကံကြီးမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇူလိုင်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင်...

သရက်ထောင်တွင် လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား ၂ ဦး ထောင်အ၀တွင် စစ်ကောင်စီက ပြန်လည် ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၃ မကွေးတိုင်း၊ သရက်ထောင်တွင် အကျဉ်းကျခံရပြီးနောက် ပြန်လည် လွတ်မြောက်လာသော လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်း သား ၂ ဦး ထောင်အ၀တွင် စစ်ကောင်စီက ပြန်လည် ဖမ်းဆီးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဇူလိုင်လ...

ကရင်နီတွင် ပျက်ကျသော စစ်တိုက်လေယာဉ်မှာ တရုတ်ထုတ် FTC 2000 G ဖြစ်ပြီး လေယာဉ်မှူး ၂ ဦး အလောင်းတွေ့ရှိရ၊ FTC 2000G တိုက်လေယာဉ် ၁ စီးလျှင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ သန်းတန်ကြေးရှိ

လေယာဉ်မှူးအလောင်း ၂ ခုထံမှ ပစ္စတို ၂ လက်တွေ့ရှိရပြီး ၁ လက်မှာ အကောင်းအတိုင်းကျန်ကာ ၁ လက်မီးလောင် ရန်ကုန်၊ ဇူလိုင် ၃ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်တွင် ပျက်ကျသွားသော စစ်တပ်၏တိုက်လေယာဉ်မှာ တရုတ်ထုတ် FTC 2000 G ဖြစ်ပြီး လေယာဉ်မှူး ၂...

ဖားဆောင်းမြို့နယ်တွင် စစ်တပ်၏ လေယာဉ်ပျက်တွေ့ရှိရမှု အတည်ပြုနိုင်ပြီး လေယာဉ်ပျက်ဓာတ်ပုံများ ထွက်ပေါ်လာ

ရန်ကုန်၊ ဇူလိုင် ၃ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်တွင် စစ်တပ်၏ လေယာဉ်ပျက်တွေ့ရှိရကြောင်း ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဖားဆောင်းတွင် စစ်တပ်၏ လေယာဉ်ပျက်တွေ့ရှိရမှုကို အတည်ပြုနိုင်ပြီဖြစ်ကြောင်း ပြောဆိုသည်။ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ ဇူလိုင် ၁...

ဖားဆောင်းတွင် စစ်ကောင်စီ၏ လေယာဉ်ပျက် တွေ့ရှိမှု နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၏ အတည်ပြုမှု စောင့်ဆိုင်းနေဆဲ

ရန်ကုန်၊ ဇူလိုင် ၃ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်အတွင်း စစ်ကောင်စီ၏ လေယာဉ်ပျက်တွေ့ရှိရသည်ဆိုသော သတင်းများကို လက်ခံရရှိသော်လည်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၏ အတည်ပြု တင်ပြမှု မရရှိသေးဘဲ စောင့်ဆိုင်းနေဆဲကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ ဇူလိုင် ၁ ရက်နေ့ ညပိုင်း စစ်ကောင်စီ၏...

စလင်းမြို့နယ်၊ ကျီးသိုက်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ နံနက်ပိုင်း ဝင်ရောက် စီးနင်း မီးရှို့နေ၍ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၃ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျီးသိုက်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်ရောက် စီးနင်း မီးရှို့နေ၍ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၉ နာရီ ၂၅...

Latest news

- Advertisement -spot_img