22.2 C
Yangon
spot_img

CATEGORY

News

မဘိမ်းမြို့နယ်တွင် မီးဘေး၊ စစ်ဘေးသင့် ကလေးငယ်များ၏ ပညာရေး ကူညီထောက်ပံ့နေသည့် S&C ကျောင်းများ၌ စာမေးပွဲများ ကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၇ ရှမ်းပြည်နယ် မဘိမ်းမြို့နယ်ရှိ မီးဘေး၊ စစ်ဘေးသင့်ကလေးငယ်များ၏ ပညာရေး ထောက်ပံ့ ကူညီနေသည့် S&C အဖွဲ့ ဖွင့်လှစ်ထားသော ​ကျောင်းများ၌ ပထမ အကြိမ်လပတ် စာမေးပွဲများ ပြုလုပ်ကျင်းပ လျက်ရှိကြောင်းသိရသည်။ အဆိုပါ ကျောင်းများတွင် မီးဘေး၊ စစ်ဘေးသင့် ကလေးငယ်များအပြင် CDM ကျောင်းသားများလည်း...

စစ်ကိုင်း၊ မကွေးနှင့် ကရင်နီပြည်နယ်တို့တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက် ခိုက်ခံရပြီး စစ်သား ၇ ဦးသေဆုံး၊ လက်နက် ၁ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ စက်တင်ဘာ ၇ စစ်ကိုင်းတိုင်း အတွင်းရှိ တန့်ဆည်၊ အရာတော်၊ မြောင်မြို့နယ်၊ မကွေးတိုင်းရှိ ရေစကြိုမြို့နယ်နှင့် ကရင်နီပြည်နယ်တို့ တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း၊ ယာဥ်တန်းနှင့် ပျူစောထီးအဖွဲ့များ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး...

ဆားလင်းကြီးတွင် စစ်တပ် ပစ်သတ်သောကြောင့် ကျဆုံးခဲ့သည့် ပြည်သူများ၏ အုတ်ဂူကို မိသားစုများနှင့် ရွာပေါင်းစုံ သပိတ်ကော်မတီဝင်များက သွားရောက် အလေးပြု

ရန်ကုန်၊ စက်တင်ဘာ ၇ ဆားလင်းကြိီးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် စစ်တပ် ပစ်သတ်သောကြောင့် ကျဆုံးခဲ့သည့် ပြည်သူများ ၉ လပြည့်နေ့ အထိမ်းအမှတ် အဖြစ် ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် မိသားစုဝင်များနှင့် ယင်းမာပင်ဆားလင်းကြီးက ရွာပေါင်းစုံသပိတ် ကော်မတီဝင်များက သွားရောက် အလေးပြုခဲ့ကြောင်း သိရသည်။

ထားဝယ်-ထီးခီးလမ်းတွင် အကြမ်းဖက်စစ်တပ်နှင့် ဆာကဆောတပ်မဟာ PDF ပူးပေါင်းဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်များ ရရှိ

ရန်ကုန်၊ စက်တင်ဘာ ၇ တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီး ကားလမ်းတစ်နေရာတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၇၃ နှင့် ဗိုလ်အယ်ခွီး ဦးဆောင်သော ဆာကဆောတပ်မဟာ၊ PDF ပူးပေါင်းတပ်ဖွဲ့ကြား စက်တင်ဘာလ ၆ ရက် ယမန်နေ့တွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၁၀ ဦးထက်မနည်းသေဆုံးကာ လက်နက်များ သိမ်းဆည်းရရှိကြောင်း...

KNU တပ်မဟာ ၅ နယ်မြေတွင် ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်နှင့် BGF ဘက်မှ ၁၃ ဦးသေဆုံး၊ KNU ဘက်မှ ၁ ဦးကျဆုံး

ရန်ကုန်၊ စက်တင်ဘာ ၇ ကရင်ပြည်နယ် မူတြော်ခရိုင်အတွင်း စက်တင်ဘာလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်၊ BGF ပူးပေါင်းအဖွဲ့နှင့် ကော်သူးလေ တပ်မဟာ ၅ တို့ တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်နှင့် BGF ဘက်မှ ၁၃ ဦးသေဆုံးခဲ့ကြောင်း...

ကြံ့ဖွတ်ပါတီ ဆန့်ကျင်သူ ပြည်သူ ၉ ဦးကို PDF ဟု စွပ်စွဲ ဖမ်းဆီး အိမ်ချိတ်ပိတ်သူ ဒုဗိုလ်မှူးကြီး ရဲလင်းအောင်

ဗိုလ်သင်တန်း တက်ရန် ဖခင်က ပြစ်မှု ကျူးလွန်မှု မှတ်တမ်းရှိ၍ ဦးလေးကို အဖေအဖြစ် စာရင်းသွင်း ခဲ့သူ စစ်အရာရှိ၏ ဖိနှိပ် ညှဉ်းပန်းမှု ပြည်သူများ ခါးစည်းခံနေရ ရန်ကုန်၊ စက်တင်ဘာ ၇ မန္တလေး၊ မိထ္တီလာခရိုင်၊ မလှိုင်မြို့နယ်၊ ဖိုးကြွယ်ကျေးရွာမှ ရဲလင်းအောင်(ခ) ဗိုလ်ရဲ သည် ကချင်...

ရွှေပြည်သာ ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရမှု ရာအိမ်မှူး အောင်ထူး သေဆုံး၊ သာယာ၀တီတွင် စစ်တပ်ထောက်ခံသူ ၂ ဦး ပစ်ခတ်ခံရပြီး သေ ဆုံး၊ ကြို့ပင်ကောက်ရဲစခန်း ဗုံးခွဲခံရ

ရန်ကုန်၊ စက်တင်ဘာ ၆ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် Yangon Urban Guerrilla Army (YUGA-Mo 7 Eagles) အဖွဲ့က ယနေ့ ည ဝင်ရောက် ပစ်ခတ်ရာ စစ်ကောင်စီခန့် ရာအိမ်မှူး အောင်ထူး သေဆုံးသွားကြောင်း...

ဟုမ္မလင်းတွင် SNA ရှမ်းနီတပ်ဖွဲ့က လူငယ်များကို ဖမ်းဆီး ခေါင်းဖြတ် သတ် ဖြတ် သည့် ဗီဒီယို များ ဖြန့်ချိ ၊ လူ ၂၀ ထက်မနည်း ခေါင်းဖြတ်အသတ်ခံရမှု ပြည်သူများက ပကဖ ထံ တိုင်ကြား

ရန်ကုန်၊ စက်တင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီဘက်တွင် ရပ်တည်နေသော စိုင်းပြူး ဦးဆောင်သည့် SNA ရှမ်းနီတပ်ဖွဲ့က လူငယ်များကို PDF ဟု စွပ်စွဲ ဖမ်းဆီး ခေါင်းဖြတ်သတ်သည့် ဗီဒီယိုများကို ဖြန့်ချိလျက်ရှိပြီး ဩဂုတ်လတစ်လတည်းတွင်ပင် လူငယ်များ အပါအဝင် ပြည်သူ ၂၀ ဦးထက်မနည်း...

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၂၆ လုံးပြာကျ

ရန်ကုန်၊ စက်တင်ဘာ ၆ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့က ဝင်ရောက် မီးရှို့ ဖျက်ဆီးသဖြင့် ပြည်သူပိုင်နေအိမ် ၂၆ လုံးပြာကျသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပန်းညိုကျေးရွာမှ ထွက်ခွာလာသော စစ်ကောင်စီတပ်၏ စစ်ကြောင်းသည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ...

ကန့်ဘလူ၊ ပေါင်းတည်၊ နွားထိုးကြီးနှင့်ပုလဲမြို့နယ်တို့တွင် စစ်တပ်နှင့်ပျူးစောထီးများကို PDF များက တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၆ ကန့်ဘလူ၊ ပေါင်းတည်၊ နွားထိုးကြီးနှင့်ပုလဲမြို့နယ်တို့တွင် စစ်တပ်နှင့်ပျူးစောထီးများကို PDF များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်များ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ ကန့်ဘလူတွင် ပျူစောထီး ၇ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ခြမ်း ထန်းကုန်းတိုက်နယ် လယ်လှကျေးရွာရှိ ပျူစောထီးအထိုင်စခန်းကို ကန့်ဘလူဒေသရှိ LDF...

Latest news

- Advertisement -spot_img