25 C
Yangon

မူဆယ် ၁၀၅ မိုင်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေ၊ ပြည်သူတချို့ ထိခိုက်သေဆုံး

Must read

မူဆယ် ၁၀၅ မိုင်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေ၊ ပြည်သူတချို့ ထိခိုက်သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ် ကျော်အချိန်မှစတင်၍ စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်တပ် လေကြောင်းမှတိုက်ခိုက်မှုများရှိကြောင်း၊ ဒရုန်းများဖြင့်လည်း ဗုံးကျဲမှုများ ဆက်တိုက်‌ ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

“မူဆယ် ၁၀၅မိုင် ဗျူဟာ၊ မူဆယ်အေးရှားလ်ဝါး နမ့်ပေါ်တံတားမှာ တိုက်ပွဲဖြစ်ပွားနေတယ်။ မူဆယ် ၁၀၅မိုင်ဗျူဟာ ဒရုန်းတွေနဲ့ ဆက်တိုက်ကျဲနေတယ်။ မူဆယ် ၁၀၅ မိုင်ဇုန်သွယ်ရေးဇုန်ကားကွင်းထဲ ဗုံး ၃လုံးကျရောက်ပါတယ်။ စစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေလည်းရှိနေတယ်။ ပြည်သူတွေကတော့ ညဘက်ကြီးဆိုတော့ ကိုယ့်အိမ်ထဲမှာပဲ ကိုယ်နေပြီး ဘုရားတနေရတယ်” ဟု မူဆယ်မြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် နှစ်ဖက်တိုက်ပွဲများအကြား ပြည်သူတချို့ ထိခိုက်သေဆုံးမှုရှိပြီး ကားသမားတစ်ဦးလည်း ကျည်ထိမှန်သေဆုံးကြောင်း မူဆယ်ဒေသပြည်သူတစ်ဦးက လူမှုကွန်ရက်တွင် သတင်းဖော်ပြထားသည်။

“စိတ်မကောင်းပါဘူး ကားဆရာရေ ထိတယ်ကြားလို့ အကူညီပေးရအောင်အပြေးသွားပါတယ် အသက်မမှီတော့ဘူး ကောင်းရာမွန်ရာရောက်ပါစေဗျာ” ဟု မူဆယ်မြို့မှ ဇေယျာထွန်းကိုပီ အကောင့်ပိုင်ရှင် လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article