20 C
Yangon
spot_img

CATEGORY

News

ပလက်ဝမြို့နယ်၊ သံထောင်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းများကို AA နှင့် CDF-Daai က နှစ်ဖက်ညှပ်ပြီး ရိက္ခာဖြတ်တောက်မှုကြောင့် စစ်သားနှင့်ရဲများ စက်လှေ ၃၃ စီး ဖြင့် စခန်းစွန့်ခွာသွား

ရန်ကုန်၊ ဩဂုတ် ၂၇ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အထက်သံထောင်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ ရဲစခန်းနှင့် စစ်တပ်၏ ဗျူဟာစခန်းများကို ရက္ခိုင့်တပ်တော် AA နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-DAAI တို့က နှစ်ဖက်ညှပ်ကာ ရိက္ခာဖြတ်တောက်ထားမှုကြောင့် အဆိုပါ စစ်ကောင်စီစခန်းများမှ တပ်ဖွဲ့ဝင်များသည် စက်လှေ ၃၃ စီး ဖြင့်...

ဖားကန့်တွင် PDF ထောက်ပံ့သည်ဟုဆိုကာ မှော်ပုံကျေးရွာမှ ဦးဇော်မင်းဦးနှင့် လူငယ်တစ်ဦးကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ်နှင့် ကားကို မီးရှို့သွားခဲ့၊ နောင်ချို နှင့် ရွှေဘို တို့တွင်လည်း ပရဟိတအသင်းအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ နှင့် ပြည်သူများကို စစ်တပ်ဖမ်းဆီး

ရန်ကုန်၊ ဩဂုတ် ၂၇ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာမှ ဦးဇော်မင်းဦးနှင့် လူငယ်တစ်ဦးကို PDF ထောက်ပံ့သည်ဟုဆိုကာ ယမန်နေ့က ဖမ်းဆီးပြီး အိမ်နှင့်ကားကိုပါ မီးရှို့သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ "မှော်ပုံ ​ကျေးရွာ၊ လမ်းသွယ် ၁ အဆုံးမှာနေတဲ့ ဦးဇော်မင်းဦးနဲ့ ကုလားလေးကို မနေ့ညနေက စစ်တပ်က အင်အား...

AAနှင့် အကြမ်းဖက်စစ်တပ်အကြား တိုက်ပွဲပြင်းထန်နေသည့် မောင်တောမြောက်ပိုင်းတွင် ပညာရေးဝန်ထမ်းအချို့ ပိတ်မိနေ

ရန်ကုန်၊ သြဂုတ် ၂၇ ရက္ခိုင်တပ်တော် AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအရှိန်မြင့်လာနေသည့် မောင် တောမြောက်ပိုင်းအခြေအနေကြောင့် ပညာရေးဝန်ထမ်းအချို့မှာ ကျေး ရွာသားများနှင့် အတူ ထွက်ပြေးလာခဲ့ရာ လမ်းတွင်ပိတ်မိလျက်ရှိနေကြောင်း ဆရာ၊ ဆရာမများက ပြောသည်။ ထွက်ပြေးလာသည့် ပညာရေးဝန်ထမ်းများမှာ ယမန်နေ့တိုက်ပွဲဖြစ်ပွားခဲ့သည့် မောင်တော မင်းခမောင်းနှင့် ခမောင်းဆိပ် ကျေးရွာဖက်တို့တွင် တာဝန်ကျ...

ကြည့်မြင်တိုင်တွင် ဆန္ဒပြလူငယ်များကို စစ်ကားဖြင့် တိုက်ခဲ့သူ ဗိုလ်မှူး နိုင်ဘိုဘို၏ ဇနီးဖြစ်သူကို ခရီးသွားစဉ် ကြိုတင်သတင်းပေးချက်များအရ PDF က ဖမ်းဆီးရမိခဲ့သော်လည်း ကောင်းမွန်စွာပင် ပြန်လွှတ်ပေး

ရန်ကုန်၊ ဩဂုတ် ၂၇ ရန်ကုန်ကြည့်မြင်တိုင်တွင် ၂၀၂၁ ခုနှစ် ဆန္ဒပြလူငယ်များကို စစ်ကားဖြင့် တိုက်ခဲ့သူ ခလရ ၂၈ မှ ဗိုလ်မှူး နိုင်ဘိုဘို၏ ဇနီးဖြစ်သူကို လမ်းခရီးတစ်ခုတွင် ဖမ်းမိခဲ့သော်လည်း PDF က ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။ ခလရ ၂၈ မှ ဗိုလ်မှူးနိုင်ဘိုဘိုသည် ၂၀၂၁...

မောင်တောတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ အသက် ၇၀ အရွယ် ဒေါ်မေသာစိန် ပွဲချင်းပြီးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၇ ရက် ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ မင်းကြီးကျေးရွာတွင် ယနေ့ဩဂုတ် ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်၍ အဖွားအိုတစ်ဦး သေဆုံးသွားကြောင်း သိရှိရသည်။ အသက် ၇၀ အရွယ်ရှိ သေဆုံးသွားသူ ဒေါ်မေသာစိန်၏ ရုပ်အလောင်းအား အိမ်ပေါ်တွင်...

ထောင်ဝင်စာပါဆယ်များတွင် စစ်တပ်ထုတ်ကုန်များ ထည့်မပေးရန်နှင့်သပိတ် မှောက်ရန် နိုင်/ကျဉ်းများက နှိုးဆော်၊ မုံရွာထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာ ငတ်ခံ ဆန္ဒပြခဲ့ပြီး အကျဉ်းကျ နိုင်ငံရေးခေါင်းဆောင်များ ပိုမို ဖိနှိပ်ခံနေရ

ရန်ကုန်၊ ဩဂုတ် ၂၇ အကြမ်းဖက်စစ်ကောင်စီ၏ ထောင်သွင်းအကျဉ်းချမှု ခံနေရသော နိုင်ငံရေးအကျဉ်းသားများက ထောင်ဝင်စာပါဆယ်များတွင် စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ကြရန်နှင့် ထည့်မပေးကြရန် နှိုးဆော်စာ ထုတ်ပြန်ကြောင်း သိရှိရသည်။ အင်းစိန်ထောင်အတွင်းအကျဉ်းကျနေသော နိုင်ငံရေးအကျဉ်းသားများက ပါဆယ်ထုပ်များအတွင်း စစ်တပ် ၏ထုတ် ကုန်များ ထည့်သွင်းပေးခြင်းမပြုလုပ်ကြပါရန် ပြည်သူလူထုသို့ အသိပေးလာကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်များက ပြောသည်။ “ယခုမျက်မှောက်ကာလတွင်ဖြစ်ပေါ်နေသော စကစ၏လုပ်ရပ်များကြောင့်...

ထားဝယ်၊ ဝကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် နေအိမ် ၂ လုံးထိမှန်ပျက်စီး၊ ရွာထဲရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွား

ရန်ကုန်၊ သြဂုတ် ၂၇ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဝကုန်းရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၆ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်သွားကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။ အကြမ်းဖက် စစ်တပ်သည် ဝကုန်းရွာကို သြဂုတ်လ ၂၆ ရက်နေ့...

ရန်ကုန်၊ ကွမ်းခြံကုန်းမြို့နယ်တွင် စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲ တိုက်ခိုက် ခံရပြီး ထိခိုက်ဒဏ်ရာ ရမှုများပြား၊ လှိုင်သာယာမြို့နယ် ကစင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲ တိုက်ခိုက်ခံရ

ရန်ကုန်၊ သြဂုတ် ၂၇ ရန်ကုန် တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တော်ကူးရဲစခန်းအနီး လက်ခုပ်ကုန်းကျေးရွာ အုန်းပင်စိုက်ပွဲသို့လာသည့် အကြမ်းဖက် စစ်ကောင်စီ ယာဥ်တန်းကို သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်...

မြိတ်မြို့တွင် ပရဟိတသမား ကိုထွန်းထွန်းကို စစ်ကားဖြင့် တိုက်သတ်၊ ဆိုင်ကယ် တစ်စီးတည်းစီးသူ လူငယ် ၃ ဦးကို စစ်တပ်က လိုက်လံပစ်ရာမှ ၂ ဦးသေဆုံးသည့်အပြင် လမ်းဘေးတွင် ဖုန်းဂိမ်းထိုင်ဆော့နေသူ လူငယ်ပါ ကျည်ထိမှန်သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၇ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် ပရဟိတသမား ကိုထွန်းထွန်း(ခ)သားဖြူကို စစ်တပ်က စစ်ကားဖြင့် တိုက်သတ်လိုက်ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။ ဩဂုတ်လ ၂၀ ရက်နေ့ ည ၉ နာရီအချိန် သုဘရာဇာ လူငယ်များ နာရေးကူညီမှုအသင်း၏ အဖွဲ့ဝင် ပရဟိတသမား အသက် ၃၈...

မုံရွာတွင် S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က စားဝတ်နေရေးခက်ခဲသော ပြည်သူများထံသို့ ဆန်နှင့် ကြက်ဥများ လှူဒါန်း

ရန်ကုန်၊ ဩဂုတ် ၂၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်းရှိ စားဝတ်နေရေး အခက်အခဲရှိသော ပြည်သူများထံသို့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်၊ ကြက်ဥ ၁၀ လုံးစီဖြင့် အိမ်ထောင်စု ၂၀၀ စာအတွက် ယနေ့ ဩဂုတ်လ ၂၇ ရက် နံနက်တွင်...

Latest news

- Advertisement -spot_img