28 C
Yangon

ကနီမြို့နယ် ပြည်သူ့ အခြေပြုကျောင်းတွင် ကျဆုံးရဲဘော်ကို အလေးပြုအခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်

Must read

ကနီမြို့နယ် ပြည်သူ့ အခြေပြုကျောင်းတွင် ကျဆုံးရဲဘော်ကို အလေးပြုအခမ်းအနားနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်

ရန်ကုန်၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်း ကနီနယ် ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲတွင် ကျဆုံးခဲ့သော ရဲဘော် မောင်လှိုင်၏ ၂ နှစ် ၆ လပြည့် အခမ်းအနားကို ကျန်ရစ်သူ မိသားစု နှင့် Kani ChinDwin Revolution Force-KCDRF အဖွဲ့မှ ယနေ့နံနက်ပိုင်းက ကနီမြို့နယ် ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ကျောင်းတွင် ကျင်းပခဲ့ပြီး NUG ကာကွယ်ရေးအလံကို အလေးပြုခြင်း ၊ ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးကြွေလွင့်သွားသော ရဟန်းရှင်လူကျောင်းသားပြည်သူ အာဇာနည်အပေါင်းအား အလေးပြုခြင်း ၊ ကျဆုံးရဲဘော် မောင်လှိုင်ကို အလေးပြုခြင်း ၊ သွေးသစ္စာသီချင်းအား သံပြိုင်သီဆို၍ စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ကြွေးကြော်ခြင်းတို့ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် ကနီမြို့နယ် ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ကျောင်းတွင် ကျန်ရစ်သူ မိသားစု နှင့် Kani ChinDwin Revolution Force-KCDRF အဖွဲ့မှ ကြာဇံဟင်းခါး ကျွေးမွေးလှူဒါန်းခဲ့ကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article