37 C
Yangon

ငါန်းဇွန်မြို့နယ်၊ နတ်ကြီးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေး၊ PDF ရဲဘော်များ နယ်မြေရှင်းလင်းရေးပြုလုပ်

Must read

ငါန်းဇွန်မြို့နယ်၊ နတ်ကြီးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေး၊ PDF ရဲဘော်များ နယ်မြေရှင်းလင်းရေးပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၂၂

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ နတ်ကြီးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း ငါန်းဇွန်မြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ နတ်ကြီးရွာ အလယ်ကျောင်း၌ တပ်စွဲ ထားသော စစ်သားနှင့် ရဲများ စခန်းစွန့်ခွာထွက်ပြေးသွားပြီး ရေဇင်းရွာကို ပြောင်းရွေ့သွားကြောင်း သိရသည်။

အဆိုပါ တပ်စွဲထားသော နေရာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ရှင်းလင်းခဲ့ရာတွင် မှတ်ပုံတင် ၃ ခု၊ လက်ထိပ် ၁ စုံ၊ ဖုန်းမှန်ကွဲ ၂ လုံးနှင့် ယူနီဖောင်း ၈ စုံတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရှင်းလင်းဆောင်ရွက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ငါန်းဇွန်မြို့နယ်ပကဖ) ၊ ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ငန်းနက် ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကိုပျောက်ကျားအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article