28 C
Yangon
spot_img

CATEGORY

News

ရန်ကုန်တွင် ည ၉ နာရီအချိန် လေယာဉ်သံများ ကြားပြီးနောက် မြို့နယ်အများစုတွင် မီးခိုးငွေ့များ ဖြစ်ပေါ်လာ၊ ည ၁၁ နာရီကျော်ချိန်အထိ ရန်ကုန်မြို့ကောင်း ကင်တွင် လေယာဉ်များ ပျံသန်းသံကြားနေရ

ရန်ကုန်၊ မေ ၁၀ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာ အပါအဝင် မြို့နယ်အများစုတွင် ည ၉ နာရီအချိန် လေယာဉ်သံများကြားရပြီးနောက် မြို့နယ်အများစုတွင် မီးခိုးငွေ့များ တွေ့မြင်ရကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုကြသည်။ မြောက်ဥက္ကလာပ၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ အပါအဝင် မြို့နယ်အများစုတွင် မြူကျသကဲ့သို့...

ပေါက်မြို့နယ်၊ ထန်းပေါက်ကုန်းရွာမှ ပရဟိတသမား ကိုသန်းထွန်းဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ပြီး ရုပ်အလောင်း ပြန်မပေး၊ သားသမီး ၂ ဦးနှင့် ကိုယ်ဝန်ဆောင် ဇနီးသည်ကျန်ရစ်

ရန်ကုန်၊ မေ ၁၀ မကွေးတိုင်း ပေါက်မြို့နယ် ထန်းပေါက်ကုန်းရွာသား၊ ပရဟိတသမား ကိုသန်းထွန်းဦးကို စစ်တပ်က PDF တပ်ဖွဲ့ဝင်များကို ကူညီသည်ဆိုသော စွပ်စွဲချက်ဖြင့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး မိသားစုဝင်များထံ ရုပ်အလောင်း ပြန်မပေးကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။...

ကနီတွင် စစ်တပ် တပ်စခန်း ဝင်ရောက် စီးနင်းခံရ၊ ထီးချိုင့်တွင်လည်း စစ်တပ် ယာဉ်တန်း မိုင်းဆွဲခံရ၊ ထားဝယ်တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ဘုန်းကြီးကျောင်းဝန်းထဲ ကျရောက် ပြည်သူ ၁ ဦးသေဆုံးပြီး သံဃာတော် ၁ ပါး ဒဏ်ရာရ

ရန်ကုန်၊ မေ ၁၀ စစ်ကိုင်းတိုင်း ကနီမြို့နယ် အလယ်ကျွန်း ကျေးရွာရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အဖွဲ့များ တပ်စွဲထားသော စခန်းကို ယနေ့ မေလ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် စခန်းအိမ် တိုက်ပွဲ ဆင်နွှဲခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု...

ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦးသေဆုံး၊ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ မေ ၁၀ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ မေလ ၁၀ ရက် မွန်းလွဲပိုင်း၌ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂ ဦးသေဆုံးကြောင်း၊ ကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှ ၄ ဦး ဒဏ်ရာရကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KRU က သတင်းထုတ်ပြန်သည်။တိုက်ပွဲသည်...

စစ်တပ်ထောက်ခံသည့် သွေးသောက်ဖွဲ့က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်၊ ကျောက်ဆည်တွင် သွေးသောက်အဖွဲ့ အမည်ခံ၍ ဆက် ကြေးတောင်း

ရန်ကုန်၊ မေ ၁၀ မန္တလေးတိုင်း၊ တံတားဦးလေဆိပ်တွင် စစ်တပ်ထောက်ခံသည့် သွေးသောက်အဖွဲ့က ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ထားကြောင်း သွေးသောက်အဖွဲ့က တယ်လီဂရမ်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။ "တံတာဦး PDF များကို သွေးသောက် အဖွဲ ရှင်းလင်းနိုင်ခဲ့" ဟု စာရေးသား၍ အသတ်ခံရသူ ပြည်သူ ၂...

ရေစကြိုရှိ ကျေးရွာ ၅ရွာကို စစ်တပ်က ဆက်တိုက် မီးရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ မေ ၁၀ မကွေးတိုင်း ရေစကြိုမြို့နယ်ရှိ ဘုန်းတော်ပြည့်၊ ဘိုကုန်း၊ မဲကုန်း၊ ဖြုံဘူးနှင့် မိဖုရား ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း နယ်မြေခံ...

ကလေးမြို့နယ်တောင်ပိုင်း ရေရှင်ရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ စစ်သား ၁၄ ဦးထက်မနည်း သေဆုံးပြီး PDF ၂ ဦး ကျဆုံး၊ အကြမ်းဖက်စစ်သားများ ရေရှင်ရွာကို မီးရှို့နေ

ရန်ကုန်၊ မေ ၁၀ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ရေရှင်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက မေလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ခုခံတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၄ ဦးထက်မနည်း သေဆုံးကာ PDF ၂ ဦး ကျဆုံးသွားကြောင်း PDF-Kalay က...

အင်းတော်ရဲစခန်းမှ လက်နက်များ၊ ကျည်ဆန်ထောင်ချီ အပါအဝင် ခဲယမ်းပစ္စည်းများ သယ်ဆောင် CDM ဝင်သည့် ရဲ ၃ ဦးကို ၎င်းတို့စိတ်ချမ်းသာ ရွေးချယ်သည့် ဆန္ဒအတိုင်း ဆောင်ရွက်ပေးမည်

ရန်ကုန်၊ မေ ၁၀ စစ်ကိုင်းတိုင်း၊ အင်းတော်ရဲစခန်းလက်နက်များ၊ ကျည်ဆန်ထောင်ချီ အပါ အဝင် ခဲယမ်းပစ္စည်းများ သယ်ဆောင် CDM ရဲ ၃ ဦးကို ၎င်းတို့စိတ်ချမ်းသာ ရွေးချယ်သည့် ဆန္ဒနည်းလမ်းများအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း PDF သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ဧပြီလ ၃၀ ရက်နေ့တွင် ကောလင်းမြို့နယ်...

ကျိုက်ထိုတွင် စစ်ကောင်စီ၏ ရိက္ခာပို့စစ်ယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ၂ ကြိမ် မိုင်းခွဲပစ်ခတ်တိုက်ခိုက်၊ စစ်ကား ၁ စီးထိမှန်

ရန်ကုန်၊ မေ ၁၀ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အဝေးပြေးကားလမ်းပေါ်တွင် ရန်ကုန်မှ မော်လမြိုင်ဘက်သို့ သွားနေသော အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာပို့စစ်ယာဉ်တန်းကို KNLA တပ်မဟာ ၁ ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့်လည်းကောင်း မိုင်းခွဲ၍လည်းကောင်း ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးတွင် စစ်ကား ၁၃ စီးပါသော...

ကလေးမြို့နယ်တောင်ပိုင်း တိုက်ပွဲများအပြီး အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ မီးတင်ရှို့မှုကြောင့် ရှားဖိုကျေးရွာမှ နေအိမ် ၁၀၆ လုံးထက်မနည်း ပြာကျ

ရန်ကုန်၊ မေ ၁၀ ကလေးမြို့နယ်တောင်ပိုင်းတွင် အကြမ်းဖက်စစ်ကေင်စီတပ်နှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးများက မီးတင်ရှို့ဖျက်ဆီးမှုကြောင့် ရှားဖိုရွာမှ လူနေအိမ် ၁၀၆ လုံးနှင့် စပါးကျီ ၁၁ လုံး မီးလောင်ပြာကျခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-KKG က သတင်းထုတ်ပြန်သည်။အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် မေလ ၃၀...

Latest news

- Advertisement -spot_img