28 C
Yangon
spot_img

CATEGORY

News

ပဲခူး၊ သထုံနှင့်မော်လမြိုင်မြို့နယ်များတွင် စစ်မှုထမ်းအပတ်စဉ် ၂၂ အတွက် လူငယ် ၄၀၀ နီးပါး ပေါ်တာဆွဲ ဖမ်းဆီးခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ပဲခူးမြို့ နယ်၊ သထုံမြို့နယ်နှင့်မော်လမြိုင်မြို့နယ်တို့တွင် စစ်မှုထမ်းအဖြစ် လူငယ် ၄၀၀ နီးပါး ပေါ်တာဆွဲ ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံထားရသော လူငယ်များ၏ မိဘဆွေမျိုးများနှင့် မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မွန်ပြည်နယ်၊ သထုံမြို့နယ် ကျိုက္ကော် သိမ်ဆိပ်ရဲစခန်းမှ နယ်ထိန်းရဲ ကျော်ဝဏ္ဏနှင့် တောင်ကြား ကျေးရွာ...

စစ်ကိုင်းနှင့် မန္တလေးတွင် ငလျင်ကြောင့် အိမ်ပြိုပျက်စီးသူများအတွက် ထောက်ပံ့ကြေးနှင့် အိမ်ဆောက်ပစ္စည်းများ ဝယ်ယူခွင့်ရရှိရေး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်ဌာနဆိုင်ရာများထံသို့ ငွေကျပ်သိန်းချီ ပေးမှအဆင်ပြေ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၁ စစ်ကိုင်းနှင့် မန္တလေးတွင် ငလျင်ကြောင့် အိမ်ပြိုပျက်စီးသူများအတွက် ထောက်ပံ့ကြေးနှင့် အိမ်ဆောက်ပစ္စည်းများ အထူးနှုန်းဖြင့် ဝယ်ယူခွင့်ရရှိရေး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်ဌာနဆိုင်ရာများထံသို့ ငွေကျပ်သိန်းချီ ပေးမှအဆင်ပြေကြောင်း အိမ်ပြိုကျပျက်စီးခဲ့ပြီး အသစ်ပြန်ဆောက်ရန် ကြိုးစားနေကြသည့် ငလျင်ဘေးသင့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်တပ်က စစ်ကိုင်းတိုင်းနှင့် မန္တလေးတွင် ၂၀၂၅ ခုနှစ်၊ မတ်လ...

မြန်မာစစ်တပ်က ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်နေသော်လည်း ကမ္ဘာ့ခေါင်း ဆောင်များက လျစ်လျူရှုနေပြီး ဘယ်သူ့အားကိုးရမလဲ မစဉ်းစားနိုင်တော့ဟု RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ် ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ မြန်မာစစ်တပ်က ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်နေသော်လည်း ကမ္ဘာ့ခေါင်းဆောင်များက လျစ်လျူရှုနေကြောင်း RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ်က ရိုက်တာသတင်းဌာနထံသို့ ပြောဆိုသည်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ရိုက်တာသတင်းဌာနနှင့် သီးသန့်တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆို ဝေဖန်လိုက်ခြင်းဖြစ်သည်။ အာဏာသိမ်း စစ်တပ်က...

ကြံ့ဖွတ်ပါတီအတွင်း သမ္မတအဖြစ် မည်သူကို တင်မြှောက်ပြီး အစိုးရအဖွဲ့တွင် မည်သူများပါဝင်မည်ဆိုသည်ကို သိခွင့်မရဘဲ အချိန်တန်လျှင် အသိပေးမည်ဟုသာ ခင်ရီ တုံ့ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ကြံ့ဖွတ်ပါတီအတွင်း သမ္မတအဖြစ် မည်သူကို တင်မြှောက်ပြီး အစိုးရအဖွဲ့တွင် မည်သူများပါဝင်မည်ဆိုသည်ကို ကြံ့ဖွတ်ပါတီမှ အမတ်များကိုယ်တိုင် သိခွင့်မရဘဲဖြစ်နေပြီး အချိန်တန်လျှင် အသိပေးမည်ဟုသာ ပါတီဥက္ကဋ္ဌ ခင်ရီက ပြောဆိုနေကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီက ရန်ကုန်၊ မန္တလေး အပါအဝင်...

ရဟန်းတော်များ၏ မိုင် ၂၃၀၀ ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်အဆုံးသတ်နေရာဖြစ်သည့် မြို့တော်ဝါရှင်တန်ဒီစီသို့ ယနေ့ရောက်ရှိ၊

ယနေ့ ညီညွတ်မှုလမ်းလျှောက်မှုတွင် ပြည်နယ်အများအပြားမှ ရဟန်းတော် ၃၀၀ နီးပါးနှင့် အမေရိကန်ပြည်သူ ထောင်ချီ ပါဝင် လမ်းလျှောက် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ အမေရိကန်ပြည်ထောင်စုတွင် ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ကာ မိုင်ပေါင်း ၂,၃၀၀ ကျော် လမ်းလျှောက်ကြသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ၏ ခရီးစဉ်သည် ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်...

ဘီးလင်းတွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး မီးရှို့နေ၍ တိုက်ပွဲဖြစ်ပွား၊ လောင်းလုံး မောင်းမကန်နယ်မြေ အတွင်း စစ်တပ် စစ်ကြောင်းထိုးလာ၍ စစ်ရေးတင်းမာနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေ၍ တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့က စတင်ပြီး ဘီးလင်းမြို့နယ်၊ ညောင်ထောက်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ်များကို...

ကမ္မမြို့ပေါ်ဈေးကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ ပုလောမြို့နယ်ရှိ ရှပ်ပုံရွာကိုလည်း စစ်တပ်က ထပ်မံ မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်ဈေးကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ကမ္မမြို့ ရဲစခန်း၌ တပ်စွဲထားသော...

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံခဲ့ပြီး ပိုမိုခိုင်မာသော လက်တွဲ ပူးပေါင်းမှုများ တည်ဆောက်သွားမည်ဟု ပြောဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ချင်းပြည်နယ်၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပိုမိုခိုင်မာသော လက်တွဲ ပူးပေါင်းမှုများ တည်ဆောက်သွားမည်ဟု မရာနယ်မြေ အုပ်ရေးကောင်စီက ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုထားသည်။ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် အာရက္ခတပ်တော်...

ထိုင်းနိုင်ငံ၊ စမှုပကန်ခရိုင်ရှိ အွန်လိုင်းရုံတစ်ခုတွင် ရုတ်တရက် အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၂၃ ဦးအတွက် ဥပဒေ အကာအကွယ်ရရှိရေး လုပ်ဆောင်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ထိုင်းနိုင်ငံ၊ စမှုပကန်ခရိုင်ရှိ အွန်လိုင်းရုံတစ်ခုတွင် ရုတ်တရက် အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၂၃ ဦးအတွက် ဥပဒေ အကာအကွယ်ရရှိရေး လုပ်ဆောင်နေကြောင်း MHAC မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ထို မြန်မာနိုင်ငံသား အလုပ်သမား ၂၃ ဦးသည် ၂၀၂၅ ခုနှစ်...

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံးပြီး ၁ လအရွယ် ကလေးငယ် ၁ ဦး အပါအဝင် ၆ ဦး ဒဏ်ရာရ၊ ပေါက်မြို့နယ်ရှိ သပြေရေရွာကိုလည်း စစ်တပ်က ထပ်မံ ဗုံးကျဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးကာ ၁ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၆...

Latest news

- Advertisement -spot_img