32 C
Yangon
spot_img

CATEGORY

News

သန်လျင်စစ်မှုထမ်းဟောင်း ဥက္ကဌ၊ ရန်ကုန်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒုရဲမှူးကြီး‌ဟောင်း ကျော်မိုးကြည် နေအိမ် ဗုံးပစ်ခံရ ၊ အလုံ၊ မြောက်ဥက္ကလာပနှင့်သာကေတတို့တွင် ဗုံးပေါက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ် စစ်မှုထမ်းဟောင်း ဥက္ကဌ၊ ရန်ကုန်တိုင်းရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒုရဲမှူးကြီးဟောင်း ကျော်မိုးကြည်၏ နေအိမ်သို့ ယနေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရကြောင်း သိရှိရသည်။ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သန်လျင်မြို့နယ်မှ...

“ပင်လုံ ကတိကဝတ်အရင်းတည် ဖယ်ဒရယ် ပြည်ထောင်စုသို့ရဲရဲချီ” လက်ပံတောင်းတောင်ဒေသတွင် စစ်တပ်ဆန့်ကျင်ရေးချီတက် ဆန္ဒပြ(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၈စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသတွင် "ပင်လုံကတိကဝတ်အရင်းတည် ဖယ်ဒရယ် ပြည်ထောင်စု သို့ရဲရဲချီ" စာသားနှင့်အတူ အကြမ်းဖက် ဖက်ဆစ် စသ်တပ်ဆန့်ကျင်ရေး လက်ပံတောင်းတောင်ဒေသပင်မသပိတ်စစ် ကြောင်း ချီတက်ခြင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြုလုပ်သည်။ https://youtu.be/L5b1pa8FOQs

အုပ်ချုပ်၍ မရတော့သည့် မကွေးတိုင်း၊ မကွေးမြို့သို့ မင်းအောင်လှိုင် မနက်ဖြန်လာမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အုပ်ချုပ်မှု ယိုယွင်းနေတဲ့ မကွေးတိုင်း၊ မကွေးမြို့ကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ သွားရောက်ပြီး အဲဒီနေ့ မွန်းလွဲ ၁ နာရီမှာ ဌာနဆိုင်ရာတွေ အားလုံးနဲ့ တွေ့ဆုံမယ်လို့ ဝန်ထမ်းအသိုင်းအ၀ိုင်းက အတည်ပြုပြောဆိုပါတယ်။ မကွေးမြို့တော်ခန်းမမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့...

ရန်ကုန်၊ တောင်ဥက္ကလာနှင့် မြောက်ဒဂုံရှိ လက်နက်သိုလှောင်ရုံ ၂ ခု ကို စစ်တပ်က GPS သုံး၍ ဝင်ဖမ်း၊ ရဲဘော်များ သတိပြုကြရန် နှိုးဆော်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ဒီကနေ့ ရန်ကုန်မြို့ တောင်ဥက္ကလာနှင့် မြောက်ဒဂုံဖက်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်နက်သိုလှောင်ရုံ၂ခုကိုအကြမ်းဖက်စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပါတယ်။အဲ့ဒိလိုစီးနင်းရာမှာ အကြမ်းဖက်စစ်တပ်က နေရာအချက်ပြ GPSကိုသုံးပြီးစီးနင်းခဲ့တာလို့သိရပါတယ်။အရင်ကတော့ဖမ်းမိတဲ့သူတွေကို ဖုန်းဆက်ပြီးချိန်းဆိုခိုင်းတာလုပ်တာတွေက မအောင်မြင်တော့ အခုလူမသိ သူမသိဖမ်းဆီပြီးသားသူတွေကို လက်နက်ပေးခိုင်းပြီး အဲ့ဒီလက်နက်တွေထဲ အကြမ်းဖက်စစ်တပ်က နေရာအချက်ပြ GPSကိုထည့်ပေးလိုက်တာကြောင့်အခုလိုဝင်ရောက်စီးနင်းခံရတာလို့ ရန်ကုန်မြို့ကတော်လှန်ရေးအင်အားစုကပြောပါတယ်။အဲ့ဒိလိုဝင်ရောက်စီးနင်းမှုကြောင့် 40mmဗုံးပစ်လောင်ချာ(၂)လက်၊40mmဗုံးသီးများ၊လက်ပစ်ဗုံး၊ကျည်ဆန်အချိုတို့နှင့်အတူ...

ဂန့်ဂေါတွင် စစ်တပ်ထုတ်ကုန်များ သယ်ယူနေမှုများကို PDF ဖမ်းဆီး၊ ကုန် ကား၊ ယာဉ်မောင်းနှင့်နောက်လိုက်များကို ပြန်လွှတ်ပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် စစ်တပ်က ထုတ်လုပ်သည့် ထုတ်ကုန်များကို သယ်ယူနေမှုများကို PDF က ဖမ်းဆီး အရေးယူမှုများလုပ်ဆောင်နေပြီး ယာဉ်များ၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို လူသားချင်းစာနာမှုအရ ပြန်လည် လွှတ်ပေးလိုက်ကြောင်း PDF ဂန့်ဂေါက သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါခရိုင်၊ဂန့်ဂေါမြို့နယ်...

တယ်လီနောမြန်မာကို စစ်တပ်နဲ့ နီးစပ်သူတွေဆီ လွဲပြောင်းရောင်းချမှု အရေး တကြီးရပ်တန့်ဖို့ နော်ဝေအစိုးရထံ JFM တောင်းဆို

ရန်ကုန် | ဖေဖော်ဝါရီ ၈ မြန်မာနိုင်ငံက တယ်လီနောမြန်မာ တယ်လီကွန်းဆက်သွယ်ရေး လုပ်ငန်းစုကို မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးကို တစ်ဝက်ပိုင်ဆိုင်တဲ့ ကုမ္ပဏီဆီ ရောင်းချမယ့် လုပ်ရပ်ကို အရေးတကြီးရပ်တန့်ပေးဖို့အတွက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar က ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။တယ်လီနော အနေနဲ့ အခုလိုရောင်းချမှုကို...

ထားဝယ်မြို့လယ်မှာ အမျိုးသားတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဗိုလ်ချုပ်လမ်းပေါ်က ရိုးမဘဏ် အနီး ဒီနေ့ နေ့လည် ၁၂နာရီဝန်းကျင်က အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ အနီးအနားရှိနေသူတွေထံက သိရပါတယ်။ အဖြူရောင် Surf ကားပေါ်ကဆင်းလာတဲ့အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခံရတာဖြစ်ပြီး သွေးအိုင်ထဲမှာလဲကျနေတာကိုတွေ့ရတယ်လို့ အနီးအနားရှိသူတချို့ကဆိုပါတယ်။ ခဏအကြာ ရဲတွေရောက်ရှိလာပြီး သေနတ်နဲ့ပစ်ခံရသူကိုလူနာတင်ယာဥ်နဲ့သယ်ဆောင်သွားတယ်လို့သိရပါတယ်။...

ရွှေဘိုရှိ ဆိပ်ခွန်ရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၂ ဦးကို ပစ်သတ်၊ ယင်းမာပင် ကျေးစာကျရွာကိုလည်း စီးနင်းနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များ ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူများ နေအိမ်ကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးနေကြောင်း၊ ပြည်သူ ၁၀ ဦးခန့်ကို ဖမ်းဆီးထားပြီး ၂ ဦးသေဆုံးသည်ဟု ကြားသိရကြောင်း...

ပုလဲအင်မထီးရွာတိုက်ပွဲတွင် စစ်သားနှင့် ပျူစောထီး ၁၄ ဦးသေဆုံး၊ ရွှေဘိုတွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ၃ ဦး သေဆုံး

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၈ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာရှိ ပျူစောထီးသင်တန်းကျောင်းကို ပြည်သူ့တော်လှန်ရေးတပ်မတော် PRA နှင့် ပူးပေါင်းအဖွဲ့က ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက် ၁ နာရီခွဲမှ ၃ နာရီအထိ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး...

မောင်တောတွင် စစ်သားများ သယ်ဆောင်လာသည့် ကားတစ်စီးမိုင်းဆွဲခံရပြီး ကားပိုင်ရှင်နှင့် အကူ ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဖားဝပ်ချောင်း ကျေးရွာအနီးရှိ ကွန်ကရစ်တံတားတွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် တေဘာကားအမျိုးစားဖြင့်စစ်ကောင်စီတပ်သားများသယ်ဆောင်လာသည့် ကားတစ်စီးမိုင်းဆွဲခံရ၍ ကားပေါ် ပါလာသည့် ဒေသခံ ၂ ဦးသေဆုံးသွားကြောင်း သိရသည်။မိုင်းဆွဲခံရလိုက်ရသည့် ကားမှာ...

Latest news

- Advertisement -spot_img