37 C
Yangon

ကိုးကန့်ဒေသရှိ စစ်တပ်၏ တပ်စခန်း ၄ ခုကို MNDAA က ထပ်မံ သိမ်းပိုက်ရရှိပြီး စုစုပေါင်း တပ်စခန်း ၁၄၄ ခုကို သိမ်းပိုက်ထား

Must read

ကိုးကန့်ဒေသရှိ စစ်တပ်၏ တပ်စခန်း ၄ ခုကို MNDAA က ထပ်မံ သိမ်းပိုက်ရရှိပြီး စုစုပေါင်း တပ်စခန်း ၁၄၄ ခုကို သိမ်းပိုက်ထား

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသရှိ အကြမ်းဖက် စစ်တပ်၏ တပ်စခန်း ၄ ခုကို MNDAA က ထပ်မံ သိမ်းပိုက်ရရှိပြီး စုစုပေါင်း တပ်စခန်း ၁၄၄ ခုကို သိမ်းပိုက်ထားကြောင်း MNDAA ၏ ပြန်ကြားရေး The Kokang က သတင်းထုတ်ပြန်ထားသည်။

ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် ကိုးကန်းခရိုင်၊ ရှီးရှမ်းဒေသ၊ ဟွာရှိပန် ရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို MNDAA တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ခြေလျင်တပ်ဖွဲ့ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယခင် ရက်ပိုင်းကတည်းကပင် ၎င်းစစ်ကောင်စီတပ်စခန်းနေရာကို လက်နက်ကြီးများဖြင့် အဆက် မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယနေ့တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့​အထိ စစ်ကောင်စီ၏ တပ်စခန်း အကြီးအသေး စုစုပေါင်း ၁၄၄ ခုကို အောင်မြင်စွာ သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၃၀ ခန့်က ရှောက်ကိုင်စစ်ဆေးရေးဂိတ်ကို ကိုးကန့် (MNDAA) က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း၊ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် လွတ် မြောက်ဒေသဖြစ်သော ဟုန်အိုင်ဒေသ၏ မျက်နှာချင်း ဆိုင်ရှိ မော်ထိုက်ရန်ချန်တောင်ကုန်း စစ်ကောင် စီစခန်းကို ထိုးစစ်တိုက်ခိုက်ရာညနေ ၄ နာရီ မိနစ် ၃၀ အချိန်တွင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး စက် သေနက် ၁ လက် ၊ ၆၀ မမ စိန်ပြောင် ၁ ခု ၊ ဗုံးသီး ၊ ကျည်ဆံ ၊ လက်ပစ်ဗုံး စသည့်လက်နက်ခဲယမ်း တစ်ချို့သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မော်ထိုက်နေရာမှ ဆင်းလာသောစစ်ကောင်စီအဖွဲ့ဝင်များကို ကိုးကန့်(MNDAA)က ချုံကန် နေရာအရောက်၌ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၁ ရက်နေ့ ညအချိန်တွင် မူပန်(သိန္နီ) ရေပူဂိတ်ရှိ စစ်ကောင်စီတပ်စခန်းကို ကိုးကန့် (MNDAA) နှင့် မဟာမိတ်အဖွဲ့တို့ ပူးတွဲပြီး အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ၎င်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့အပြင် မန်အိုင်လမ်းခွဲ၌ ကိုးကန့်(MNDAA)နှင့် စစ်ကောင်စီအဖွဲ့တို့ အကြား တိုက်ပွဲဖြစ် ပွားခဲ့ပြီး လားရှိုးမြို့အပြင် ၁၁ မိုင် ၁၂ မိုင်ရှိ စစ်ကြောင်းကလည်း စကခ ၁၆ စခန်းကို အမြောက်ဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article