30 C
Yangon

မရမ်းကုန်း၊ ၉ မိုင်နှင့် သမိုင်းလမ်းဆုံအနီးတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်၊ မှော်ဘီတွင် ပစ်ခတ်သံတချို့ ထွက်ပေါ်

Must read

မရမ်းကုန်း၊ ၉ မိုင်နှင့် သမိုင်းလမ်းဆုံအနီးတို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်၊ မှော်ဘီတွင် ပစ်ခတ်သံတချို့ ထွက်ပေါ်

ရန်ကုန်၊ နိုဝင်ဘာ ၁၅

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၉ မိုင်နှင့် သမိုင်းလမ်းဆုံ တို့တွင် နိုဝင်ဘာလ ၁၄ ရက်နေ့ ညပိုင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၈ နာရီ ၃ မိနစ်အချိန်တွင် သမိုင်းလမ်းဆုံဘက်မှ လည်းကောင်း၊ ည ၉ နာရီအချိန်တွင် မရမ်းကုန်းမြို့နယ်၊ ၉ မိုင်ဘက်မှလည်း ဗုံးပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသပြည်သူများက ဆိုကြသည်။

“သမိုင်းလမ်းဆုံဘက်က ဗုံးပေါက်သံကြားတယ်။ ပထမ ပေါက်တဲ့အသံက ဗုံးပေါက်တာက ၂ ဆင့် ပေါက်ကွဲတာကြားရတယ်၊ အသံကြီးတဆင့်နဲ့ ကပ်ရပ် အသံသေးတဆင့်ထပ်ကြားရပါတယ်။ ၉ မိုင်ဘက်က ဗုံးပေါက်တာက ဒုတိယမြောက် ဗုံးပေါက်တာ။

။ ၉ မိုင်က ဗုံးပေါက်တဲ့အသံကတော့ ဟိန်းနေတာပဲ။ ကြို့ကုန်းဘက်က တောင်ကြားရတယ်။ ၉ မိုင်နားက သူငယ်ချင်းကို လှမ်းမေးတော့ ဗုံးပေါက်တာ အိမ်တောင် တုန်တယ်ပြောတယ်” ဟု ကြို့ကုန်း၊ ၇ လမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မှော်ဘီမြိုနယ်ဘက်တွင်လည်း သေနတ်ပစ်ခတ်သံများကို နိုဝင်ဘာလ ၁၄ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်ခန့်မှစ၍ နာရီဝက်ခန့်ကြာအထိ ကြားရကြောင်း ရန်ကုန်ကင်းထောက်အဖွဲ့၏ သတင်းဖော်ပြချက်အရ သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ ည၈ နာရီကျော်အချိန် မရမ်းကုန်းမြို့၊ ၉ မိုင်၊ အိုးရှင်းအနီးတွင် ဗုံးပေါက်ကွဲခဲ့စဉ်။(ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article