30 C
Yangon

ကောလင်းမြို့အတွင်း ပြည်သူများ ပြန်လည် နေထိုင်နိုင်ပြီးဖြစ်ကြောင်း NUG အစိုးရ၏ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က အသိပေး ထုတ်ပြန်

Must read

ကောလင်းမြို့အတွင်း ပြည်သူများ ပြန်လည် နေထိုင်နိုင်ပြီးဖြစ်ကြောင်း NUG အစိုးရ၏ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က အသိပေး ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ ၁၄

စစ်ကိုင်းတိုင်း ကောလင်းမြို့အတွင်း ပြည်သူများ ပြန်လည် နေထိုင်နိုင်ပြီးဖြစ်ကြောင်း NUG အစိုးရ၏ အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

ကောလင်းမြို့ သိမ်းတိုက်ပွဲအတွင်း လုံခြုံရေး အခြေအနေအရ တိမ်းရှောင် နေရသည့် ပြည်သူများအနေဖြင့် ကောလင်းခရိုင် အရေးပေါ်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့က ကောလင်း မြို့တွင်း၌ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ စီမံဆောင်ရွက်နေပြီ ဖြစ်ပါသဖြင့် ကောလင်းမြို့ တွင်းသို့ ဝင်ရောက်နေထိုင်နိုင်ပြီ ဖြစ်ပါကြောင်း အသိပေးကြေညာထားသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင် ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တအုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အမိန့်အမှတ် ၁/၂၀၂၃ဖြင့် ဖွဲ့စည်းတာဝန် ပေးအပ် ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၃ နာရီခန့်တွင် တော်လှန်ရေး တပ်ဖွဲ့များ သိမ်းပိုက်ထားသည့် ကောလင်းမြို့ကို ခရိုင်ကွပ်ကဲရေးမှူး ဦးဆောင်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ကောလင်းခရိုင် အရေးပေါ်ပေါင်းစပ်ညှိနှိုင်း ရေးအဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကောလင်းမြို့ကို နိုဝင်ဘာလ ၆ ရက်နေ့တွင် အမှတ် ၁ စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article