24 C
Yangon
spot_img

CATEGORY

News

မြိုင် မြို့ခင်းသာရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မီးဝင်ရှို့ နေအိမ် ၄လုံး၊ ဆိုင်ကယ် ၄စီး မီးလောင် ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၃၀ မကွေးတိုင်း၊ မြိုင်မြို့နယ်‌၊ မြို့ခင်းသာရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် လက်နက်ကြီးများနှင့် ပစ်ခတ်ပြီး ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ် ၄လုံးနှင့် ဆိုင်ကယ် ၄စီး မီးလောင် ပျက်စီးခဲ့ကြောင်း...

ခင်ဦး မဒေါင်းလှနှင့် ညောင်ကန် ရွာရှိ ပျူစောထီး အဖွဲ့ဝင် ၃ဦး ပစ်သတ်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၃၀ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မဒေါင်းလှနှင့် ညောင်ကန် ရွာက လက်နက်ကိုင် ပျူစောထီး သက်မာ၊ ဇာနည်အောင်နှင့် အဖွဲ့ဝင် ရဝေအောင်တို့ ၃ဦးကို ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နယ်မြေခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း...

နေပြည်တော်၊ ပျဉ်းမနားတွင် ဖေဖော်ဝါရီ ၁ အသံတိတ်သပိတ်နေ့တွင် အရက်ဆိုင်များ မပိတ်ရေး စစ်ကောင်စီက ခေါ်ယူ ခြိမ်းခြောက်

ရန်ကုန်၊ ဇန်နဝါရီ ၃၀ နေပြည်တော်၊ပျဉ်းမနားတွင် စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့၊ အသံတိတ် သပိတ်နေ့တွင် အရက်ဆိုင်များ မပိတ်ရန် မြို့နယ်စစ်ကောင်စီက ခေါ်ယူ ခြိမ်းခြောက်လျက်ရှိကြောင်း စားသောက်ဆိုင် ပိုင်ရှင်တချို့ထံမှ သိရှိရသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ယင်းကဲ့သို့...

နိုင်ငံတစ်ဝန်း စည်ပင်ရုံးများနှင့် ထွေအုပ်ရုံးများ ဗုံးကွဲ၊ စစ်တပ် ထောက်ခံပွဲ လုပ်ရေးဦးဆောင်သူ ၁ဦးနှင့် သတင်းပေး သတ်မှတ်ခံရသူ ၁ဦး သတ်ခံရ

ရန်ကုန်၊ ဇန်နဝါရီ ၃၀ နိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အသံတိတ် သပိတ်ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ဈေးဆိုင်များနှင့် ဈေးများ အတင်းအဓမ္မဖွင့်လှစ်ခိုင်းသည့် စည်ပင်ရုံးများနှင့် ထွေအုပ်ရုံးများ ဗုံးခွဲတိုက်ခိုက်ခံရကာ စစ်တပ် ထောက်ခံပွဲ ပြုလုပ်မည့်သူ ၁ ဦးနှင့် စစ်တပ် သတင်းပေး သတ်မှတ်ခံရသူ...

တမူး-ကလေး လမ်းပိုင်းတွင် စစ်ကောင်စီ ကား ၂ စီးကို တမူး PDF တပ်ရင်း ၃ ပစ်ခတ်တိုက်ခိုက်ပြီး ၁ နာရီခန့် တိုက်ပွဲပြင်းထန်၊ စစ်သား သေဆုံးထိခိုက်မှုရှိ

ရန်ကုန်၊ ဇန်နဝါရီ ၃၀ စစ်ကိုင်းတိုင်း၊ တမူးမြို့မှ ကလေးမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီ စစ်ကား ၂ စီးကို ယနေ့ ဇန်နဝါရီလ ၃၀ ရက် နံနက်တွင် ဗိုလ်ဇီးကွက် ဦးဆောင်သည့် တမူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃ က ပစ်ခတ်တိုက်ခိုက်ပြီး ၁...

CDM လုပ်ရန် ပြင်ဆင်နေသည့် ဂန့်ဂေါမြို့နယ်မှူး ဒုရဲမှူးခင်မောင်ထွေးကို မင်းအောင်လှိုင်ထောက်ခံသူရဲက သတ်ဖြတ်၊ မိုင်းထိသည်ဟု မိသားစုကို အသိ ပေးပြီး နာရေးလာခွင့်မပြု

ရန်ကုန်၊ ဇန်နဝါရီ ၃၀ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးခင်မောင်ထွေးသည် ဇန်နဝါရီလ ၂၈ ရက်နေ့ သေဆုံးသွားပြီး CDM လုပ်ရန် ပြင်ဆင်နေစဉ် မင်းအောင်လှိုင် ထောက်ခံသည့် ရဲအုပ်က သတ်ဖြတ်ခြင်းဖြစ်သော်လည်း မိသားစုကို မိုင်းထိ၍ သေဆုံးသည်ဟုဆိုကာ နာရေးလာခွင့်မပြုခဲ့ကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ...

ပုလဲ၊ မင်းတုန်းနှင့်မြိုင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၃၀ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်မင်းတုန်းမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက်မနည်းသေဆုံးကြောင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် အောင်ဆန်းတပ်ဖွဲ့ နှင့် ပုလဲ ပ.က.ဖ မဟာမိတ်တပ်ပေါင်းစုသည် စစ်တပ်နှင့်ပျူစောထီး...

မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို PDF ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့်ရဲများ ထွက်ပြေးပြီး မိသားစုဝင်များကို ဖမ်းမိသော်လည်း ပြန်လွှတ်ပေးခဲ့၊ လက်နက် ၉ လက်နှင့်ခဲယမ်းများသိမ်းဆည်းရမိ

ရန်ကုန်၊ ဇန်နဝါရီ ၂၉ မကွေးတိုင်း၊ မြိုင် လင်းကတောရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် မီးရှို့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း မြိုင် PDF က သတင်းထုတ်ပြန်သည်။ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ယနေ့ မွန်းလွဲ နာရီ ဝန်းကျင်ခန့်က မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ဆားလင်းကြီးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့...

ရန်ကုန်သာကေတ Fortune Plaza အနီးတွင် ဗုံးကွဲပြီး ပစ်ခတ်မှုများဖြစ်၊ ကျိုက်ထို၊ ကော့စနိုင်တံတားရဲကင်းနှင့် မန္တလေးအောင်မြေသာစံ ရပ်ကွက်ရုံး ဗုံးပစ်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး အခြားစစ်သားများ ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရန်ကုန်၊ သာကေတမြို့နယ်၊ Fortune Plaza အနီးတွင် ယနေ့ ညနေ ၅ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ဗုံးပေါက်ကွဲပြီး ပစ်ခတ်မှုများ ဖြစ်ပွားကာ လူနာတင် ကားများ သွားလာမှုမြင်ရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ဇန်နဝါရီလ...

ဟိုပင်တွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှုနှင့် စစ်ကောင်စီတပ်ဖွဲ့များ ရှိရာ တိုးလ်ဂိတ်ကို တိုက်ခိုက်မှုတွင် စစ်ကြောင်းမှူး၊ ဒု-စစ်ကြောင်းမှူးများအပါအဝင် ၁၄ ဦး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီလ ၂၉ ကချင်ပြည်နယ်၊ မိုးညှင်းဘက်မှ ထွက်ခွာလာခဲ့သော သံချပ်ကာအမြှောက်ကားများပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်၌ ဟိုပင်မြို့နယ်၊ ငါးမိုင်နှင့် ကြာကြီးကွင်းကြားတွင် မိုင်းဆွဲတိုက်ခိုက်မှုနှင့် စစ်ကောင်စီတပ်ဖွဲ့များ စခန်းချထားသော တိုးလ်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်မှုများတွင် စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူး၊ ဒု-စစ်ကြောင်းမှူးများအပါအဝင် ၁၄ ဦး...

Latest news

- Advertisement -spot_img