29 C
Yangon

မိုဘိုင်းလ်ဖုန်း အော်ပရေတာ ATOM Myanmar ၏ မူလပိုင်ရှင် ရွှေဗျိုင်းဖြူ စက်သုံးဆီနှင့် စွမ်းအင်ကုမ္ပဏီ ဖျက်သိမ်းရန် ကြေညာမှု စီးပွားရေး အသိုင်း အ၀ိုင်း အံ့အားသင့်၊ နာမည်အသစ်နှင့်ရှယ်ယာရှင်အသစ်ဖြင့် ပြန်လာရန် အားမွေးမှု ဖြစ်နိုင်ဟုဆို

Must read

မိုဘိုင်းလ်ဖုန်း အော်ပရေတာ ATOM Myanmar ၏ မူလပိုင်ရှင် ရွှေဗျိုင်းဖြူ စက်သုံးဆီနှင့် စွမ်းအင်ကုမ္ပဏီ ဖျက်သိမ်းရန် ကြေညာမှု စီးပွားရေး အသိုင်း အ၀ိုင်း အံ့အားသင့်၊ နာမည်အသစ်နှင့်ရှယ်ယာရှင်အသစ်ဖြင့် ပြန်လာရန် အားမွေးမှု ဖြစ်နိုင်ဟုဆို

ရန်ကုန်၊ ဩဂုတ် ၁၃

မိုဘိုင်းလ်ဖုန်းအော်ပရေတာ ATOM Myanmar ၏ မူလပိုင်ရှင် ရွှေဗျိုင်းဖြူ စက်သုံးဆီနှင့် စွမ်းအင်ကုမ္ပဏီ ဖျက်သိမ်းရန် ကြေညာလိုက်မှုအပေါ် စီးပွားရေး အသိုင်းအ၀ိုင်းအံ့အားသင့် နားမလည်နိုင်အောင် ဖြစ်နေကြသည်ဟု ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။

ရွှေဗျိုင်းဖြူ စက်သုံးဆီနှင့် စွမ်းအင်ကုမ္ပဏီကို ခရိုနီ သိန်းဝင်းဇော်က ပိုင်ဆိုင်ပြီး ခရိုနီသိန်းဝင်းဇော်သည် မိုဘိုင်းလ်ဖုန်းအော်ပရေတာ တယ်လီနော မြန်မာကို ဝယ်ယူပြီး ATOM Myanmar အမည်ဖြင့် ဆက်လက်လုပ်ကိုင်နေသူဖြစ်သည်။

ရွှေဗျိုင်းဖြူ စက်သုံးဆီနှင့်စွမ်းအင်ကုမ္ပဏီကို ဩဂုတ်လ ၁၀ ရက်နေ့ ကျင်းပပြု လုပ်ခဲ့သည့် အစုရှယ်ယာရှင်များ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖျက် သိမ်း မည်ဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့ ထက်နောက်မကျဘဲ စာရင်း ရှင်းလင်းခြင်း၊ တောင်းခံခြင်းနှင့် ပေးသွင်းခြင်း များပြုလုပ်ရန် ကုမ္ပဏီဘက်က တရားဝင် ကြေညာခဲ့သည်။

“ရွှေဗျိုင်းဖြူ လောင်စာဆီလုပ်ငန်းကို ဘာကြောင့် ဖျက်သိမ်းလဲဆိုတာတော့ နားလည်ရခက်ပါတယ်။ ရွှေဗျိုင်းဖြူ လုပ်ငန်းစု တွေ အများကြီးထဲကမှ စက်သုံး ဆီနဲ့ စွမ်းအင်ကုမ္ပဏီတစ်ခုကို ဖျက်သိမ်းတာဆိုတော့ စီးပွားပျက်လို့ ဖျက်တာ မျိုး လည်းမဟုတ်ဘူး။ ဦးသိန်းဝင်းဇော် ပိုင်တဲ့ ရွှေဗျိုင်းဖြူ လုပ်ငန်းစုက လုပ်ငန်းတွေ လုပ်နေတာက အများကြီးပဲ လုပ်နေတာ။ ကျနော်ထင်တာ ပြော ရမယ်ဆိုရင်တော့ သူတို့ လောင်စာဆီလုပ်ငန်းကို နာမည်အသစ်၊ ရှယ်ယာရှင် အသစ် တွေနဲ့ လောင်စာဆီ လုပ်ငန်းအသစ် ပြန်စဖို့ ဖျက်သိမ်းတာမျိုးပဲလို့ သုံးသပ်တယ်” ဟု UMFCCI နှင့်နီးစပ်သော ရန်ကုန်စီးပွားရေးလုပ်ငန်းရှင် တစ်ဦး က သုံးသပ်သည်။

ခရိုနီ သိန်းဝင်းဇော် ထူထောင်ထားသော ရွှေဗျိုင်းဖြူ လုပ်ငန်းစုသည် လောင်စာ ဆီလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း ၊ ကျောက်စိမ်းနှင့် ရတနာ တူးဖော်ရေး လုပ်ငန်း၊ ပို့ဆောင်ရေး၊ ထုတ်လုပ်ရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများကို ၁၉၉၆ ခုနှစ် ယခင် စစ်အာဏာရှင်သန်းရွှေလက်ထက်ကတည်းက လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

ရွှေဗျိုင်းဖြူ တည်ထောင်သူ အသက် ၅၉ နှစ်အရွယ် သိန်းဝင်းဇော်သည် စစ် တပ် နှင့် ထဲထဲဝင်ဝင် ပတ်သက်နေသော ခရိုနီစီးပွားရေး သမား တစ်ဦး ဖြစ်သည်။

ရွှေဗျိုင်းဖြူသည် စစ်တပ်နှင့် စီးပွားရေးလုပ်ငန်းများစွာ ပူးတွဲလုပ်ကိုင်နေပြီး ၎င်းနှင့်ပူးတွဲလုပ်ကိုင်နေသည့် စစ်တပ်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များမှာလည်း အမေရိကန်၊ ဥရောပ ဗြိတိန် အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများ၏ စီးပွားရေး ပိတ်ဆို့မှုများ ခံနေရသူများဖြစ်သည်။

ရွှေဗျိုင်းဖြူသည် နော်ဝေအစိုးရပိုင် တယ်လီနောအုပ်စု၊ M1 Group နှင့် မြန်မာ စစ်အစိုးရတို့ ပါဝင်သော လျှို့ဝှက်သဘောတူညီချက်ဖြင့် တယ်လီနောမြန်မာ၏ ၈၀ ရာခိုင်နှုန်း ဝယ်ယူခဲ့သည်။

ရွှေ ဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် သိန်းဝင်းဇော်သည် မြန်မာနိုင်ငံ စက်သုံးဆီ တင် သွင်း ရောင်းချ ဖြန့်ဖြူး ရေးအသင်း-MPTA၏ မူလတည် ထောင်သူ အဖွဲ့ဝင် ဖြစ်ပြီး MPTA ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လည်းဖြစ်သည်။

ရွှေဗျိုင်းဖြူသည် မဟာရိုးမ အများပိုင်ကုမ္ပဏီမှတစ်ဆင့် စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးလုပ်ငန်းတွင်လည်း ရင်းနှီးမြှုပ်နှံထားသည်။ ရွှေဗျိုင်းဖြူအုပ်စု သည် စစ်ကောင်စီလက်အောက်တွင် ရှိနေသော မြန်မာ့ကျောက်မျက်လုပ်ငန်း (MGE) နှင့်ဖက်စပ် ကျောက်စိမ်းတူးဖော်ခွင့်လိုင်စင်များ ရရှိထားသည်။

ရွှေဗျိုင်းဖြူ ကုမ္ပဏီပိုင်ရှင်သိန်းဝင်းဇော်၏ ဇနီး ဒေါ်တင်လတ်မင်းသည် ကျောက် စိမ်းနှင့် ကျောက်မျက်လုပ်ငန်းများအတွက် ချေးငွေများ ထုတ်ပေး သည့် သတ္တုဖွံ့ဖြိုးရေးဘဏ်၏ ဒါရိုက်တာတစ်ဦးဖြစ်ပြီး စစ်တပ် ထိန်းချုပ် ထား သည့် သစ်တောထွက်ပစ္စည်း ဖက်စပ် ကော်ပို ရေးရှင်း (FPJVC) တွင် အစုရှယ်ယာရှင် တစ်ဦးဖြစ်သည်။

ခရိုနီ သိန်းဝင်းဇော်
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article