30.3 C
Yangon
spot_img

CATEGORY

News

အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ် ထိုင်းဘက်ကို ကျူးကျော်မှုအပေါ် မတုံ့ပြန်ဘဲ တောင်းပန်ပြီးဖြစ်၍ ပြဿနာမဟုတ်ဟု ပြောဆိုသော ထိုင်းဝန်ကြီး ချုပ်ကို ထိုင်းပြည်သူများ လှောင်ပြောင်

ရန်ကုန်၊ ဇူလိုင် ၁ ထိုင်းနိုင်ငံအတွင်းသို့ ဇွန်လ ၃၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ တိုက် လေယာဉ်တစ်စင်း ကျူးကျော်ဝင်ရောက်မှုအတွက် မြန်မာဘက်က တောင်းပန်ထားပြီးဖြစ်၍ ပြဿနာမဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပရာယွတ်က ပြောဆိုလိုက်မှုကို ထိုင်းပြည်သူများက လှောင်ပြောင်လျက်ရှိနေကြောင်း သိရှိရသည်။ ထိုင်းဝန်ကြီးချုပ်ပရာယွတ်က စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ရည်ရွယ် ချက်ရှိရှိ ကျူးကျော်ခြင်းမဟုတ်ဘဲ မြန်မာဘက်ကလည်း...

စစ်ကောင်စီ ထောက်ပို့ယာဉ်ကို KNDF က ပစ်ခတ်ရှင်းလင်းစဉ် ရဲအုပ်ဝင်းဇော်သိန်းအပါအဝင် ၄ ဦး သေဆုံး၊တောင်ခင်ရန်းရဲစခန်း တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး၊ ကူတော်ရဲစခန်းလည်း လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရပြီး ၆ဦးသေဆုံး 

ရန်ကုန်၊ ဇူလိုင် ၁ ကရင်နီပြည်နယ်၊ လွိုင်ကော်-လောပိတ လမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာသယ်ပို့သည့် ကား၁ စီးကို ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကင်းလှည့်နေသည့် KNDF တပ်ရင်း ၁၀ တပ်ဖွဲ့ကတွေ့ရှိပြီး ပစ်ခတ်ရှင်းလင်းရာ စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် ရဲအုပ် ဝင်းဇော်သိန်းဆိုသူပါဝင်ကြောင်း သတင်းရရှိသည်။ ရဲအုပ်ဝင်းဇော်သိန်းသည် မိတ္ထီလာ၊ ရှမ်းမငယ်ရဲစခန်းမှ ပြောင်းလာသူဖြစ်ပြီး ကရင်နီပြည်နယ်တွင် ရောက်ရှိနေသည်မှာ ၆ လဝန်းကျင်သာ ရှိသေးကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရှိရသည်။ ၂၀ မိနစ်ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ယာဉ်ပေါ်မှ ၉ မမပစ္စတို ၁ လက်၊ ကျည် ၁၂ တောင့်နှင့် ဖုန်း ၂လုံးတို့ကို သိမ်းဆည်းရမိခဲ့ကာ တစ်စုံတစ်ရာ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KNDF က ဆိုသည်။ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်ကောင်စီ၏ လောပိတအခြေစိုက် ခလရ ၇၂ တပ်ရင်းက တိုက်ပွဲဖြစ်ပွားရာအနီးရှိ ကျေးရွာများဖက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လေးအိမ်စုရွာအတွင်းလက်နက်ကြီးကျရောက်၍ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။ အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း နယ်မြေရဲစခန်းကို ဇွန်လ ၂၉ ရက် နံနက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ စခန်း ၁ ခုလုံး နီးပါး ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကြောင်း PDF ဂန့်ဂေါထံမှ သိရှိရသည်။ "မနက် ၄ နာရီမှာ PDF ဂန့်ဂေါခရိုင် တပ်ရင်း ၁ နဲ့ ပကဖ ပူးပေါင်းပြီး စခန်းသိန်းဖို့ ဝင်တိုက်တာ၊ တိုက်ပွဲ ၁ နာရီလောက် ဖြစ်တယ်။ စကစ ဘက်မှ ရမ်းပြီး ပြန်ပစ်လို့ တောင်ခင်ရန်းရွာထဲက နွား ၂ ကောင်သေတယ်။ ကျနော်တို့ပြန်ဆုတ်တဲ့အချိန်မှာ ရဲဘော် ၁ ဦး ပေါင်ကို ကျည်မှန်တယ်၊ မစိုးရိမ်ရဘူး၊ ပျူစောထီးတွေ သတင်းပေးပို့ချက်အရစစ်ကောင်စီဘက်က ၈ ယောက်သေတယ်။ ၃၀ ရက်နေ့မှာ မီးရှို့သဂြိုလ်တယ်လို့ သိရတယ်" ဟု PDF ဂန့်ဂေါတာဝန်ခံ လင်းညိုက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။ ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်သည် ကလေးမြို့နှင့် ဂန့်ဂေါအစပ်သို့ လက်နက်ကြီးများပစ်ခတ်ကာ စစ်ကြောင်းထိုးနေပြီး ယမန်နေ့ ညနေပိုင်းတွင် မြင်သားကျေးရွာအနီးတွင် အင်အား ၁၀၀ ခန့်ဖြင့်စစ်ကြောင်းထိုးနေကြောင်း သိရှိရသည်။ အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကူတော်ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ဇွန်လ ၂၈ ရက်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း Black Dragon Special Task Force က သတင်းထုတ်ပြန်သည်။ ကူတော်ရဲစခန်းအတွင်းသို့ ၁၂၀ မမ ၆ လုံး၊ ၄၀ မမ ၄ လုံး ပစ်သွင်းကျွေးမွေးခဲ့ပါသည်၊ ၁၂၀ မမသည် ကူတော်ရဲစခန်းရှိ ယာယီစခန်းအားပစ်မှတ်ထား ပစ်သွင်းခဲ့ပြီး ၄၀မမသည် ခွေးကင်းဝပ်ရာနေရာများ၊ ကောင်တာပြန်နိုင်သည့်နေရာများသို့ ဦးစားပေးပစ်သွင်းခဲ့ရာ ၁၂၀ မမ ၆ လုံးအနက် ၃ လုံးသည် ကူတော်ရဲစခန်းအတွင်းရှိ စစ်ခွေးများ၏ ယာယီဆောက်ထားသော စခန်းနေရာပေါ်သို့ ထိထိမိမိကျရောက်ခဲ့ကြောင်း Black Dragon Special Task Force က ထုတ်ပြန်ထားသည်။ အဆိုပါတိုက်ခိုက်မှုအား ကနောင် People's Defence Forceနှင့် Black Dragon Special Task Force အဖွဲ့တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကူတော်ရဲစခန်းကို ၄ ကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

လေးကေ့ကော်တွင် စစ်ကြေင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် Cobra စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦး သေဆုံး ၇ ဦး ဒဏ်ရာရ လက်နက်ခဲယမ်းအချို့ ရရှိ၊ Cobra ရဲဘော် ၁ ဦး ကျဆုံ

ရန်ကုန်၊ ဇူလိုင် ၁ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ၊ လေးကေ့ကော်ဒေသရှိ တောင်ကုန်းတခုပေါ်သို့ ဇွန်လ ၂၉ ရက် ညနေပိုင်းတွင် လက်နက်ကြီး ပစ်ကူပြီး ၂ ကြိမ် စစ်ကြောင်းထိုး တက်လာသော အကြမ်းဖက်စစ်တပ်နှင့် Cobra စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ...

ဖယ်ခုံတွင် ယနေ့ နံနက်ပိုင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး အဖွဲ့နှင့် Fighter အဖွဲ့က စနိုက်ပါ ဖြင့် ပစ်ခတ်မှု စစ်သား ၇ ဦးသေဆုံး၊ ယခင်ရက်များတွင်လည်း စနိုက်ပါဖြင့်ပစ်ခတ်ခဲ့မှု စစ်သား ၇ ဦးသေဆုံးခဲ့

ရန်ကုန်၊ ဇူလိုင် ၁ ကရင်နီပြည်နယ်နှင့်ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ် လွယ်မကူးရွာ‌တောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသော စစ်တပ်ကို ယနေ့ နံနက်ပိုင်း အလယ် ပိုင်းတိုင်းအထူးစစ်ဆင်ရေး Sniper အဖွဲ့နှင့် Fighter အဖွဲ့တို့က စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်သား ၇ ဦး သေဆုံးကြောင်း အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးက သတင်းထုတ်ပြန်သည်။ ထို့ပြင် ဇွန်လ...

ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် ပြည်နှင့်သရက်တို့တွင် စစ်သင်္ဘောများ ဖြတ်သန်းသွားလာ

ရန်ကုန်၊ ဇူလိုင် ၁ ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် ပြည်မြို့နှင့်သရက်မြို့တို့အနီးတွင် စစ်သင်္ဘောများ ဖြတ်သန်းသွားလာခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုကြသည်။ ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ပဲခူးတိုင်း ပြည်မြို့ ကမ်းနားလမ်းတွင် စစ်ရေယာဉ် ၂ စီး လက်နက်အပြည့်အစုံဖြင့် ကမ်းကပ်ခေတ္တရပ်နားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ "ပြည်မြို့...

ခင်ဦးတွင် စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လည်ပင်းကျည်ထိမှန်သော အသက် ၃ နှစ်အရွယ်သမီးငယ် ဆေးကုသမှု ခံယူနေရ

ရန်ကုန်၊ ဇူလိုင် ၁ စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ရှိ မြင်းဒေါင်းကျေးရွာနှင့် သာဂရ ကျေးရွာ အနီးရှိ တံတားလုံခြုံရေးစောင့် စစ်ကောင်စီတပ်သားက ဇွန်လ၂၉ရက်နေ့ နံနက် ၉ နာရီကျော်အချိန်တွင် ရမ်းသမ်းပစ်ခတ်မှုကြောင့် ၃ နှစ်အရွယ် သမီးငယ် လေးတစ်ဦးနှင့် ဖခင်ဖြစ်သူတို့ သေနတ်ကျည်ထိမှန်ခဲ့ပြီး ကလေးငယ် မှာ ရရှိဒဏ်ရာဖြင့် ဆေးကုသမှု...

ရန်ကုန်လှည်းတန်းပေ ၅၀ လမ်းတွင် စစ်တပ်က ဝင်ရောက်ရမ်းကားပြီး လမ်းဘေးစျေးသည်များ၏ စျေးဗန်းများကို မီးရှို့နေ၊ စျေးသည်များကို စစ်တပ်က ပါးနားများရိုက်နှက် 

ရန်ကုန်၊ ဇွန် ၃၀ ရန်ကုန်လှည်းတန်းပေ ၅၀ လမ်းတွင် စစ်တပ်က  ယနေ့ည ၈ နာရီခွဲအချိန်တွင် ဝင်ရောက်ရမ်းကားပြီး လမ်းဘေးစျေးသည်များ၏ စျေးဗန်းများကို မီးရှို့နေကြောင်း၊ စျေးသည်များကို ပါးနားရိုက်နှက်နေကြောင်း ဒေသခံများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  "အခု စစ်တပ်က  စစ်ကား ၅စီး အင်အား၄၀နဲ့ဝင်တယ်။ စျေးဗန်းတွေ အကုန်မီးရှို့နေတယ်။ စျေးသည်တွေ ပြေးသူပြေး ၊ ငိုသူငိုပဲ။ အခုတို့လမ်းထဲမှာ ဝရုန်သုန်းကား ဈေးဗန်းတွေပြေးသိမ်းသူပြေးသိမ်း  ၊ တွေ့ရာတွေ ကားပေါ်သယ်‌နေကြတယ် ၊ဈေးသယ်ပစ္စည်းတွေ လဲမီးပုံရှို့နေလေရဲ့ ၊ဈေးဗန်းတွေလဲ မှောက်ချနေတယ် ။လှည်းတန်း​ပေ၅၀လမ်းထဲမှာ ​စျေးသည်ပစ္စည်း​တွေစုပုံပြီး မီးရှို့​နေတာ။ အခုပါ။ မပြေးနိုင်လို့ မိတဲ့စျေးတွေကို ပါးနားတွေရိုက်နေတယ်" ဟု လမ်းသူလမ်းသား တစ်ဦးက ပြောဆိုသည်။  ရန်ကုန်ခေတ်သစ်ထံသို့ စစ်တပ်က ဝင်ရောက် သောင်းကျန်း ဖျက်ဆီးနေသော ဗီဒီယိုများကို ပြည်သူများက ပေးပို့ထားသော်လည်း ရိုက်ကူးသူ လမ်းသူလမ်းသားများ၏ လုံခြုံရေးအတွက် တင်ပြနိုင်ခြင်းမရှိပေ။  ဓာတ်ပုံ- လှည်းတန်းပေ ၅၀ လမ်းတွင် စျေးသည်များ၏ စျေးဗန်းများကို စစ်တပ်က မီးရှို့ပြီး ဖမ်းဆီးရမိသောစျေးသည်များကို ပါးနားများရိုက်နှက်နေစဉ်။

မြောင်နှင့် မင်းကင်းတို့တွင် တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီးများ ပစ်ခတ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး 

ရန်ကုန်၊ ဇွန် ၃၀ စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ ရွှေပန်းကျေးရွာတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ် အင်အား ၇၀ ခန့်ပါစစ်ကြောင်းကို CHU LDF တပ်ဖွဲ့က ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၅၈ မိနစ်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း CHU တပ်ဖွဲ့ထံမှ သိရသည်။  အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို Chaung U Local Defence Force (CHU LDF) မှ ရဲဘော် ၁၅ ဦးက လက်လုပ်Shotgun များဖြင့် ရွှေပန်းကျေးရွာအတွင်းသို့ ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်သားနှင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကာ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက် ခဲ့သော်လည်း LDF ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။  စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသ ကျော်ရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ရွှေသမင်မုဆိုး အဖွဲ့က ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပစ်ခတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။  အကြမ်းဖက် စစ်တပ်မှ စစ်သား ၁ ဦးသည် စနိုက်ပါဖြင့် ပစ်ခတ် ခံရခြင်းဖြစ်ပြီး ပျူစောထီး ၃ ဦးသည် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်သို့ စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ကျူးကျော်ဝင်ရောက် လာ ပြီးနောက် ထိုင်း F-16 တိုက်လေယာဉ် ၂ စီး ပျံသန်းပြီး ကင်းလှည့်၊   “ယင်းကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ” ဟု မြန်မာလေတပ်စစ်ဦးစီးချုပ်က ထိုင်းလေတပ်စစ်ဦးစီးချုပ်ထံတွင်  ဝန်ချတောင်းပန် 

ရန်ကုန်၊ ဇွန် ၃၀  ထိုင်းနိုင်ငံဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ယနေ့ နံနက် ပိုင်း ကျူးကျော်ဝင်ရောက်ပြီးနောက်  ယင်းကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ ဟု  မြန်မာလေတပ်စစ် ဦးစီးချုပ်က  ထိုင်းလေတပ်စစ်ဦးစီးချုပ်ကိုတောင်းပန်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ယနေ့ သတင်းဖော်ပြရေးသားသည်။  ယနေ့ နံနက်ပိုင်း ထိုင်းစံတော်ချိန် ၁၁ နာရီကျော်ဝန်းကျင်တွင် မြန်မာစစ်တပ် ၏ တိုက်လေယာဉ် ၁ စီး ထိုင်းနိုင်ငံဘက်သို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ယင်းသို့ ဝင်ရောက်မှုကြောင့် ထိုင်းပြည်သူများ ထိတ်လန့်စွာ ထွက်ပြေးကြကြောင်း၊ ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်မှ ကျောင်း ၂ ကျောင်းပိတ်လိုက်ရကြောင်း၊ ယင်းဖြစ်စဉ် ဖြစ်ပွားသည်နှင့်ထိုင်းလေတပ်မှ F-16 တိုက်လေယာဉ် ၂ စီး ချက်ချင်းစေလွှတ် ကင်းလှည့်ခဲ့ကြောင်း၊   ထိုင်းဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ပရာယွတ် နှင့် ထိုင်းတော်ဝင်လေတပ်အကြီးအကဲ  ACM Napadej Dhupatemiya တို့ဆွေးနွေးကာ ထိုင်းလေပိုင်နက်ကို ကာကွယ်ရေး ထိုင်းဝန်ကြီး ချုပ်က အမိန့်ပေးခဲ့ ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဆိုသည်။  ယင်းနောက် ထိုင်းလေတပ် စစ်ဦးစီးချုပ် ACM Napadej Dhupatemiya က မြန်မာအကြမ်းဖက် စစ်ကောင်စီထံချက်ချင်း ဖုန်းဆက် အကြောင်းကြားခဲ့ပြီး မြန်မာလေတပ်စစ်ဦးစီးချုပ်က "ထိုကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ"ဟုဝန်ချတောင်း ပန် သွားကြောင်း ဘန်ကောက်ပို့စ်သတင်းက ရေးသား ဖော်ပြထားသည်။  ဓာတ်ပုံ- ထိုင်းလေတပ် စစ်ဦးစီးချုပ် ACM Napadej Dhupatemiya။

Breaking News- မှော်ဘီလေတပ်စခန်း လေယာဉ်သိုလှောင်ရုံတွင် ဇွန်လ ၂၈ ရက် နေ့ညပိုင်း ဖောက်ခွဲရန် ဗုံးထောင်ခဲ့သော်လည်း မပေါက်ကွဲခဲ့၊ လေတပ် အရာရှိ နှင့်စစ်သားအများအပြား ဖမ်းဆီးခံရပြီး စစ်ကြောရေးပို့ဆောင်ခံထားရ

ရန်ကုန်၊ဇွန် ၃၀ အကြမ်းဖက် စစ်ကောင်စီ၏ တိုက်လေယာဉ်များထားရှိသည့် ရန်ကုန်၊မှော်ဘီ လေတပ်စခန်း၊ လေယာဉ်သိုလှောင်ရုံကို ဖောက်ခွဲ့ရန် ဇွန်လ ၂၈ ရက်နေ့ ည ပိုင်းတွင် ဗုံးထောင်ခဲ့ သော် လည်း မပေါက်ကွဲခဲ့ကြောင်း CDM တပ်ကြပ်ကြီး လျှပ်စီးက ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့...

Latest news

- Advertisement -spot_img